Part 13

213 6 0
                                    

ချယ်ရီ့မျက်နှာမှာ ငိုတော့မလိုရုပ် ပေါက်နေ၏။ဂျူးဂျူးက ကျလာသည့် မျက်ရည်တွေကို သုတ်ကာ ရှန့်နာမည်ကိုသာ ထပ်တလဲလဲ အော်ခေါ်နေသည်။ထရစ်ဇ်က ဘေးနားမှနေ၍ လွယ်အိတ်ထဲတွင် မှော်သက်ဝင်ဆေးရည်ကို ပါလိုပါငြား ကုန်းရုန်းရှာနေသည်။

လူတိုင်း၏အာရုံမှာ ရှန့်ဆီရောက်နေချိန်တွင် နတ်ဆိုးတစ်ကောင်ကတော့ အလစ် ပြေးထွက်သွားနှင့်ချေပြီ။နေအဂ္ဂက ရှန့်ဆီသို့ ဒုန်းစိုင်းပြေးချလာ၍ သွေးစများ စွန်းညိနေသော သူမခန္ဓာကိုယ်လေးကို ပွေ့ထားလိုက်၏။

"ရှန်.....သတိထားဦးရှန်....ဟေး.....ရှန်လွန်းတာရာ!...."

သူက ရှန့်ရဲ့ပါးတစ်ဖက်ကို လက်ဖြင့် ခပ်ပါးပါး ပုတ်နှိုးသည်။သို့သော် သူမ သတိလည်မလာတော့ချေ။

ထိုစဉ် သုံးရောင်ခြည်ပန်းက တလက်လက် တောက်ပလာ၏။၎င်းက ရှန့်နားသို့ တဖြည်းဖြည်း ရောက်လာပြီး သူမနှလုံးသားနား တိုးကပ်လာသည်။သက်တန့်ရောင် အလင်းတန်းလေးက ကြိုးလေးတစ်ခုသဖွယ် ဖြစ်ပေါ်လာကာ သူမနှလုံးသားနှင့် အလိုလို ချိတ်ဆက်သွားသည်။

သုံးရောင်ခြည်ပန်းမှ အမြုတေများဟာ သက်တန့်ရောင် အလင်းကြိုးလေးမှတစ်ဆင့် သူမနှလုံးသားထဲသို့ တဖြည်းဖြည်း စီးဝင်သွားလေသည်။

"ဒါ....ဒါက....."

ဂျူးဂျူးက တုန်ရီနေသောအသံဖြင့် မေးရာ ထရစ်ဇ်က သူခန့်မှန်းမိသည့်အတိုင်းပင် ပြန်ဖြေလိုက်သည်။

"သူ့သခင်အတွက် healing လုပ်ပေးနေတာ ဖြစ်နိုင်တယ်...ငါတို့ ငြိမ်ငြိမ်လေး နေကြရအောင်"

အမြုတေစွမ်းအင်ဖြင့် သူမ၏ဒဏ်ရာအား အပြည့်အဝ ကုသပြီးနောက်တွင်တော့ ထိုရတနာပန်းရှိ တောက်ပနေသော အလင်းများက တဖြည်းဖြည်း အရောင်ဖျော့သွားသည်။

ထရစ်ဇ်က အသင့်ပါလာသော သေတ္တာဖြင့် ထိုသုံးရောင်ခြည်ပန်းအား မန္တန်ရွတ်ကာ သိမ်းဆည်းလိုက်သည်။ချယ်ရီက ရှန့်လက်ကောက်ဝတ်ရှိ သွေးကြောကို စမ်းကာ သက်ပြင်းတစ်ချက် ချလိုက်၏။

"တော်သေးတယ် သွေးခုန်နှုန်းမှန်လာပြီ"

"ရှန်....ရှန်လွန်း...."

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now