Part 32

222 4 0
                                    

ရှန်တို့ သူငယ်ချင်းသုံးယောက် ကျောင်းတော်ကြီး၏ ခြံဝင်းအတွင်းတွင် စကားလက်ဆုံ ကျနေကြပြန်သည်။

"တကယ်...တကယ်ပြောနေတာလား ရှန်လွန်း"

"ဒါ..ဒါဆိုငါတို့အရင်တုန်းက အကြောင်းတွေကိုရော မှတ်မိသွားပြီပေါ့နော်"

ချယ်ရီနှင့်ဂျူးဂျူးက ရှန့်လက်ကို လှမ်းကိုင်ကာ ဝမ်းသာအားရဖြင့် ပြောလေသည်။

"ဒါပေါ့...အကုန်မှတ်မိပြီ"

ဂျူးဂျူးက ရှန့်ကိုထဖက်ကာ ငိုသံဖြင့်....

"တော်သေးတာပေါ့လို့..ငါတို့ရဲ့ အရင်ရှန်လွန်းတာရာကို ပြန်မတွေ့ရတော့ဘူး ထင်နေတာ"

ဂျူးဂျူးက ရှန့်ကိုဖက်ငိုတော့ ချယ်ရီကပါ မနေနိုင်သဖြင့် ဝင်ဖက်၏။

"ဟုတ်တယ်...ငါတို့နင့်ကို ပြန်မရနိုင်တော့ဘူးလို့ပါ တွေးနေမိကြတာ ရှန်...နင်မရှိတဲ့ အချိန်တုန်းကဆို ညတိုင်းညတိုင်း နင့်အကြောင်း မပြောဖူးတဲ့ညဆိုတာ မရှိသလောက်ပဲ"

မိမိကို ဖက်ငိုနေကြသော ကောင်မလေးနှစ်ယောက်ကြောင့် ရှန်အသက်ရှူတွေပါ ကျပ်လာသည်။

"ကဲပါ..ဟုတ်ပါပြီ၊ ဘာလို့ငိုနေကြတာတုန်း၊ ရှန်က မှတ်မိသွားပြီလေ ဝမ်းသာရမှာလေ"

"ဝမ်းသာလို့ ငိုတာပေါ့လို့"

ရယ်ချင်စိတ်ကို သူမ ထိန်းထားလိုက်သည်။

"ဟုတ်ပါပြီ၊ မငိုပါနဲ့တော့ ရှန်အခုပြန်မှတ်မိသွားပြီ၊ ထပ်ပြီးမမေ့တော့ဘူး ရှန့်သူငယ်ချင်းတွေကို "

သူမကို မျက်လုံးအဝိုင်းသားလေးဖြင့် ကြည့်နေကြသည့် ကောင်မလေးနှစ်ယောက်အား......

"ပြီးတော့..စောစော မမှတ်မိနိုင်ခဲ့လို့ ရှန်တောင်းပန်ပါတယ်နော်"

"အာ...မလိုပါဘူးဆို..အီးဟီး...ရှန်ကလုပ်ပြန်ပြီ"

"ကဲကဲ ဟုတ်ပြီဟုတ်ပြီ၊ မတောင်းပန်တော့ဘူး တိတ်တော့ တိတ်တော့ မငိုနဲ့တော့လေ"

"ရှန်!...."

နေအဂ္ဂအသံကြောင့် ဂျူးဂျူးနှင့်ချယ်ရီကို ဖက်ထားရာမှ ရှန်လှည့်ကြည့်လိုက်၏။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now