Part 30

206 6 0
                                    

နတ်နဂါးမျိုးနွယ်စု နန်းတော်မှ ပြန်လာပြီးနောက်တစ်နေ့ သူမအလွန်အမင်း ခေါင်းကိုက်နေသည်မှာ ပိုမိုဆိုးရွားလာသည်။တစ်နေကုန် ရုံးခန်းထဲမဝင်နိုင်လောက်အောင်ပင် အိပ်ခန်းထဲတွင်သာ လှဲနေရသည်။

နာရီအတော်ကြာ လှဲနေရသဖြင့် ခန္ဓာကိုယ်က အီလည်လည်ဖြင့် ညောင်းချိလာသည်။လေကောင်းလေသန့်ရှူရန် သူမအိပ်ခန်းအပြင်သို့ ထွက်လိုက်၏။

တတ်နိုင်သလောက် အားတင်း၍ မတ်တတ်ရပ် လမ်းလျှောက်ကြည့်သော်လည်း ခြေတစ်လှမ်းလှမ်းလေ ပိုဆိုးလေဖြစ်နေသည်။ရှန် ခေါင်းမာမာနှင့် အိပ်ခန်းမှတစ်ဆင့် လျှောက်လမ်း ဝရံတာဘက်သို့ သွားမည်အလုပ်တွင်.....

~~ခွမ်း!!~~

"အား!!..."

ခေါင်းကိုက်သည့် ဝေဒနာက ငယ်ထိပ်သို့ ဆောင့်တက်သွား၏။ယိုင်နဲ့နေသော ခြေထောက်များက သူမခန္ဓာကိုယ်ကို မထိန်းနိုင်တော့ပေ။မိုက်ခနဲဖြစ်သွား၍ ယိုင်သွားရာ နံဘေးရှိစင်ပေါ်၌ အလှထားထားသော ကြွေပန်းအိုးတစ်လုံးအား တိုက်မိ၍ ကျကွဲသွားလေသည်။

ထိုနေရာမှာတင် သူမ ဆက်မတောင့်ခံနိုင်တော့သည့်အဆုံး ကြမ်းပေါ်သို့ ပစ်လဲကျသွား၏။

အပေါ်ထပ်မှ အသံပလံများကြားရသဖြင့် အခြွေရံများနှင့်အတူ မစ္စတာဝှိုက်တို့ သူမဆီ အပြေးအလွှား တက်လာနေပုံကိုသာ မျက်လုံးထဲ ဝိုးတဝါး မြင်ရတော့သည်။ထို့နောက် သူမမြင်ကွင်းတစ်ခုလုံးက တဖြည်းဖြည်း အမှောင်ကျသွားလေတော့၏။

~~~~~~~~~~~~

"ရှန်.....အဲ့လိုမလုပ်ပါနဲ့...ကိုယ့်စကားနားထောင်ပါ...ရှန်...ရှန်!!!...."

"ကိုယ်တောင်းပန်ပါတယ်...!!..."

သူမရှေ့တွင် ယောကျ်ားတစ်ယောက် မှောက်လျက် လဲနေရင်း အသည်းအသန် တောင်းပန်နေသည်။သူမရင်ဘတ်ကို ပြန်ငုံ့ကြည့်လိုက်တော့ ဘယ်ဖက်ရင်အုံမှ သွေးများက တစ်စက်ပြီးတစ်စက် ကျနေသည်။

ဝိုးတဝါးဖြစ်နေသော မျက်စိရှေ့မှ ထိုယောကျ်ား၏ မျက်နှာကို သူမသေသေချာချာ မြင်ရဖို့ ကြိုးစားကြည့်လိုက်သည်။သို့သော် အာရုံစိုက်ကြည့်လေ ခေါင်းမှဝေဒနာက ပိုဆိုးလေဖြစ်လာ၏။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Место, где живут истории. Откройте их для себя