Part 12

225 7 0
                                    

တဖြည်းဖြည်းနှင့် နေ့လည်(၁၂)နာရီကို ကျော်လာလေသည်။ထရစ်ဇ်က သုံးရောင်ခြည်ပန်းကို စောင့်ကြည့်နေရင်းမှ ဝမ်းသာတကြီး ထအော်၏။

"Hey...တွေ့ပြီကွ၊ ရတနာပန်း....ဟိုမှာ အရောင်ပြောင်းနေပြီ...ဟိုးမှာ ဟိုးမှာ...."

ထရစ်ဇ်အသံကြောင့် ကျန်လူများကပါ အလောတကြီး ပြေးလာကြည့်ကြသည်။သုံးရောင်ခြည်ပန်းဟု ထင်ရသော ထိုပန်းများကြားထဲမှ တစ်ပွင့်တည်းသောပန်းမှာ ကျောက်စိမ်းရောင်ဘက်သို့ တရိပ်ရိပ် အရောင်ပြောင်းလာသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရ၏။

ပျော်လို့ပင် မဆုံးသေး။ချယ်ရီက ထိုပန်းများအား အထိတ်တလန့်ဖြင့် လက်ညှိုးထိုးကာ....

"ဟဲ့...နေဦး၊ ဟိုမှာကြည့်"

မကြာမီ ကျန်သောပန်းများပါ တဖြည်းဖြည်းချင်း တစ်ပွင့်ပြီးတစ်ပွင့် အရောင်အဆင်း ပြောင်းလဲလာလေသည်။ထိုအခြင်းအရာကိုကြည့်၍ ထရစ်ဇ်တစ်ယောက် ငိုချင်စိတ်များ ပေါက်လာသည့်နှယ်။

"ငါရူးချင်လာပြီဟာ...ဒီလိုသာဆို ပန်းအစစ်ကိုဘယ်လိုရှာလို့ရတော့မလဲ"

ချယ်ရီနှင့် ဂျူးဂျူးတို့၏ မျက်နှာပေါ်တွင်လည်း စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို ရှန်မြင်နေရသည်။ထို့ကြောင့်...

"ငါစမ်းကြည့်လိုက်မယ်...ဂျူးဂျူး"

"ကဲ...မဖြစ်ပါဘူးဆို"

ဂျူးဂျူးမှ အတင်းငြင်းဆန်နေသဖြင့် သူမက ချယ်ရီ့ဘက်လှည့်ကာ...

"တစ်ခါလောက်ပဲ စမ်းကြည့်မယ်လေ၊ ချယ်ရီ...နော်"

သူမက ခိုင်မာသည့် လေသံဖြင့် ဆက်ပြောသည်။

"ဒီမစ်ရှင်ကို တာဝန်ယူရတာ ငါ့ကြောင့်လည်းပါတာမို့၊ ငါ့မှာလည်း တာဝန်ရှိတယ်"

သူမအမူအရာကား အသေအချာ အတည်ပေါက်ကြီး ပြောနေသည့်ပုံပင်။သူမနှင့် ဆက်စပ်နေသည့် ထိုပန်းကိုရယူဖို့ရန် မည်သို့မျှ တားဆီးမရနိုင်ကြောင်းကို သူမလေသံက အတိအလင်း ဖော်ပြနေသယောင်။ချယ်ရီက မတတ်နိုင်သည့်အဆုံး...

"ဒါဆို...နည်းနည်းပဲ...နည်းနည်းပဲစမ်းရမယ်နော်"

"အင်း..."

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now