ပထမဦးစွာ ကွင်းပြင်၏စင်ပေါ်သို့ မစ္စတာဝှိုက် တက်ရောက်လာသည်။ထို့နောက် စင်အောက်ရှိ လူများအားလုံး ကြားနိုင်အောင် ခပ်ကျယ်ကျယ်ပင် ကြေညာလိုက်သည်။
"ပထမဆုံး ယှဥ်ပြိုင်ရမဲ့သူတွေက တန်းခွဲ(၁)က
ဇေသစ်ချန်းနဲ့ တန်းခွဲ(၆)က နေအဂ္ဂ"မစ္စတာဝှိုက် အော်သံဆုံးသည်နှင့် နှစ်ယောက်သား စင်ပေါ်သို့ မျက်နှာချင်းဆိုင် တက်လာကြသည်။ထုံးတမ်းအစဉ်လာအတိုင်း မယှဥ်ပြိုင်ခင် လေးစားမှုအနေနှင့် တစ်ဖက်နှင့်တစ်ဖက် အရိုအသေပေးကာ နှုတ်ဆက်ကြ၏။
"စမယ်......"
မစ္စတာဝှိုက်က အော်ပြီးသည်နှင့် အောက်သို့ ဆင်းသွားနှင့်လေပြီ။
ဇေသစ်ချန်းက သူ၏လက်နက်ဖြစ်သော ဓါးရှည်ကို ဓါးအိမ်မှ စတင်ဆွဲထုတ်လိုက်သည်။သူ့ဓါးရှည်ကား လူတစ်ဝက်ခန့်စာရှိ၏။အပြာရောင်ကျောက်ဖြင့် ပြုလုပ်ထားသဖြင့် ဓားသွားမှာ အပြာရောင်သန်းနေကာ အဝေးမှ လှမ်းကြည့်ရုံနှင့်တင် အလွန်ထက်လွန်းသည့် ဓားသွားမှန်း သိသာလှသည်။
ဇေသစ်ချန်းဘက်မှ စတင်ကာ ထိုဓါးရှည်နှင့် စတင်တိုက်ခိုက်၏။နေအဂ္ဂက သူ့ရင်ဘတ်ပေါ် ကျလာသော ဇေသစ်ချန်း၏ဓားသွားကို အသာလေး ရှောင်လိုက်သည်။ထို့နောက် လျင်မြန်စွာပဲ သူ၏ကိုယ်ပိုင်လက်နက်ကို မှော်အတတ်သုံးကာ ဆင့်ခေါ်လိုက်၏။ချက်ချင်းပင် မီးလျှံများ တောက်လောင်ကာ ဓါးစက်ပေါင်းများစွာ ပါရှိသည့် စင်္ကြာလက်နက်မှာ သူ့လက်ထဲ၌ ရောက်ရှိပြီးသား ဖြစ်သွားသည်။
ထိုစင်္ကြာလက်နက်အား မျက်နှာချင်းဆိုင်မှ ဇေသစ်ချန်းထံသို့ မှော်အတတ်သုံးကာ ပစ်လွှတ်လိုက်သည်နှင့် ထိုလက်နက်မှ မရေမတွက်နိုင်သော ဓားစက်ပေါင်း မြောက်များစွာ ထွက်လာကာ ဇေသစ်ချန်းဆီသို့ အလုံးအရင်းပင် ဝင်ရောက်သွားသည်။
တစ်ဖက်က ဇေသစ်ချန်းမှာလည်း ခေသူတော့မဟုတ်။သူ၏ အပြာရောင်ဓားရှည်ကို ကိုင်မြှောက်လိုက်ရင်း မန္တန်တစ်ခုကို ချက်ချင်း ရွတ်ဆိုလိုက်၏။ထို့နောက် သူ့ဆီနီးကပ်လာသမျှ ဓားစက်ပေါင်းများစွာကို သူ၏ဓားရှည်ဖြင့် အားကုန် ထက်ပိုင်းပိုင်းချလိုက်ရာ...
ВЫ ЧИТАЕТЕ
နတ်ဘုရားငယ်တို့ချစ်ပုံပြင်
Фэнтези{ဖူးစာကြိုးသာ စစ်မှန်နေလျှင် ကမ္ဘာခြားရင်တောင် ပေါင်းစည်းကြရလတ္တံ့......} Title အတိုင်း..နတ်ဘုရားတွေရဲ့ အချစ်ဇာတ်လမ်းကို စာရေးသူ၏ စိတ်ကူးစိတ်သန်းအရ ပုံဖော်ဖန်တီးထားသည်မို့....Fantastically romance ကြိုက်နှစ်သူများအတွက်သင့်လျော်ပါသည်။ဘာသာပြန်မဟုတ်ပါ။...