Part 35

199 3 0
                                    


အတော်အတန်ကြာမှ ဂျူးဂျူးနှင့်လင်းသစ် တို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ပြန်လာကြလေ၏။နှစ်ယောက်သား ထွက်သွားတုန်းကနှင့်မတူ ပုံစံတွေကား တမူထူးခြားနေသည်။

"ဂျူးဂျူး..နင်တို့ဘယ်တွေသွားနေတာလဲ"

အခုမှ သူမနေရာသို့ ပြန်လာထိုင်နေသော ဂျူးဂျူးကို ထရစ်ဇ်က မေးငေါ့၍ ပြောလိုက်သည်။

"ဟမ်....ဒီတိုင်းပဲလမ်းလျှောက်ထွက်နေတာ"

"ဟေ့ကောင် လင်းသစ်..မင်းကရော"

လင်းသစ်က ယောက်ဖလောင်းထရစ်ဇ်အား ရုတ်တရက် မည်သို့ အဖြေပြန်ပေးရမည်မသိ။ပါးစပ်ထဲရှိသည့် အရာကို ကောက်ပြောချလိုက်သည်။

"ငါလည်း လမ်းလျှောက်ထွက်နေတာ"

ထရစ်ဇ်က ကုလားထိုင်ကို နောက်မှီလိုက်ရင်း မျက်ခုံးတစ်ဖက်တွန့်ကာ လက်တစ်ဖက်ဖြင့် မေးစေ့ကိုပွတ်နေရင်း စုံထောက်မျက်နှာပေးဖြင့် ကြည့်နေ၏။

ဂျူးဂျူးတို့နှစ်ဦး နေရထိုင်ရခက်နေပြီး တစ်ခုခုထူးခြားနေသည်ကို သဘောပေါက်သော ထရစ်ဇ်က ခဏကြာမှ စကားလမ်းကြောင်း လွှဲပေးလိုက်သည်။

"ကဲပါလေ...နင်တို့ ချယ်ရီ့ကို မတွေ့ကြဘူးလား..သူ ခုနက နင်ကြာနေလို့ဆိုပြီး နင့်ကိုလိုက်ရှာနေတာလေ"

"ဟမ်!....ငါဖြင့်မတွေ့မိပါဘူး...သူသွားတာကြာနေပြီလား"

ဂျူးဂျူး၏ စကားကို ရှန်က ဝင်ဖြေလိုက်သည်။

"ဟုတ်တယ်..ဂျူးဂျူး၊ မေမေလည်း သန့်စင်ခန်းသွားမယ်ဆိုပြီး အခုချိန်ထိ ပြန်မလာသေးဘူး"

"ဟမ်...ဧကန္တ တစ်ခုခု ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်"

ဂျူးဂျူး၏ စကားတွင် စိုးရိမ်သွားသည့် လေသံများပါနေ၏။

"ဖြစ်တော့မဖြစ်လောက်ပါဘူး...ဒါရွှေသစ်နွယ်ပိုင်နက်ပဲ...နတ်ဆိုးတစ်ကောင်ကောင် ဝင်လာခဲ့ရင် ရှန်သိမှာပါ...ဒါပေမဲ့လည်း..."

ရှန်က သူ့ရင်ဘတ်ကို မွန်းကျပ်စွာ သပ်ချလိုက်သည်။

"ဘာရယ်မှန်းမသိ မူမမှန်နေဘူးလို့ ခံစားနေရတယ်"

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now