Part 27

228 4 0
                                    

တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိသည်မှာ မည်မျှပင် ကြာသွားသည် မသိ။အတန်ကြာမှ ရှန်က အသိဝင်လာပြီး မျက်နှာလွှဲလိုက်သည်။

"ရှင်..ရှင်မဖိထားနဲ့လေ ဖယ်ပေးတော့"

သူ့ဆီက ဘာသံမှ ပြန်မလာပေ။သူက ရှန့်ရဲ့မျက်နှာလေးကို ပြန်ပြီး ဆွဲကိုင်လှည့်လိုက်သည်။တစ်ဆက်တည်းမှာပင် သူမ ပါးလေးတစ်ဖက်ကို ခပ်ဖွဖွ ကိုင်လိုက်ကာ တံတွေးတစ်ချက် မြိုချလိုက်သည်။

"ရှန်...မင်းသိလား..ကိုယ်အခုမင်းကို ဘယ်လောက်တောင် နမ်းချင်နေလဲဆိုတာ.."

သူမ မျက်လုံး အဝိုင်းသားလေး ဖြစ်သွားသည်။ချက်ချင်းပင် မျက်နှာမှာ နီရဲတက်သွား၏။နေအဂ္ဂတစ်ယောက် မထိန်းချုပ်နိုင်တော့သည့်အဆုံး သူမနှုတ်ခမ်းတွေကို ဖိကပ်ပစ်လိုက်သည်။

သူမ တကယ်ကို တွန်းဖယ် ပစ်လိုက်ချင်သည်။သို့သော် ရင်းနှီးနေသော ဒီခံစားချက်က သူမကို စိုးမိုးထား၏။ဤအမျိုးသား၏ အထိအတွေ့၊ အနမ်းများက အတိတ်က အမှတ်တရတချို့ကို ခေါင်းထဲ ပြန်ရောက်လာစေသည်။

သူမကိုယ်တိုင်က ထိုအမျိုးသား၏ အနမ်းများအောက်မှာ အသိစိတ် လွတ်လုနီးပါးပင်။ခဏအကြာတွင် သူမ ဖျတ်ခနဲ အသိဝင်လာလေ၏။မျက်လုံးမျက်ဆံပြူးသွားကာ ကိုယ့်ကိုယ်ကိုပင် နားမလည်နိုင်အောင် ဖြစ်သွားရသည်။ချက်ချင်းဆိုသလို သူမက နေအဂ္ဂအား တွန်းဖယ်ပစ်လိုက်၏။

"ရှင်!!!..."

လုပ်ချင်တိုင်း လုပ်ခဲ့ပြီးနောက်တွင် နေအဂ္ဂတစ်ယောက် ယခုမှ အသိဝင်လာတော့၏။

"ရှန်......ကိုယ်....."

"ရှင့်ကို ပြောထားတယ်လေ...ဆင်ခြင်ပေးပါဆိုနေ"

သူမအသံများက တုန်ရီနေသည်။အလားတူ သူမရဲ့ နှလုံးသားက တရစပ် ခုန်နေသည်ကိုလည်း ထိုယောကျ်ားအား မသိစေချင်ပေ။

"ကိုယ်တောင်းပန်ပါတယ်...ရှန့်ကိုချစ်လွန်းလို့ ဖြစ်သွားတာပါ"

မှိန်ဖျော့ဖျော့ ညအိပ်မီးရောင်အောက်တွင် သူမက နေအဂ္ဂကို ကျောပေးထားလျက် ညဝတ်ဂါဝန် ရင်ဘတ်ကို အတင်းဆွဲစေ့လို့ထားသည်။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now