Part 22

182 4 0
                                    

ကျောင်းတော်သို့ ပြန်လာသည့်လမ်းတွင် တစ်ယောက်လက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး ဆုပ်ကိုင်ထားကြသည်။ရှန့်ကို အခန်းပြန်လိုက်ပို့သည့် အချိန်တွင်လည်း သူမမျက်နှာ မှိုင်တွေနေသည်ကို သူသတိထားမိ၏။အခန်းထဲမဝင်ခင် ရှန်က သူ့အား အချိန်အတော်ကြာ ခပ်တင်းတင်း ပွေ့ဖက်နေသေးသည်။

~~~~~~~~~~~~~~~~~~~~~~~~

~~နိုဝင်ဘာ (၆)ရက်နေ့~~

ညနေ(၄)နာရီအချိန်...။
ရှန့်ကိုပြင်ဆင်ပေးနေသော ဂျူးဂျူးနှင့်ချယ်ရီက သူမအစား ဝမ်းသာပျော်မြူးနေ၏။

"လှလိုက်တာ...ရှန်ရယ်..."

"အေးလို့....ဒါနဲ့ပုလဲလေးတွေကို ဒီလိုတပ်တာ ပိုအဆင်ပြေမယ်ထင်တယ်.."

"ရတယ်...ချယ်ရီ အဆင်ပြေသလိုလုပ်ပေးပါ.."

"ရှန်...နေမကောင်းတာ မပျောက်သေးဘူးလားဟင်"

"ဟင်...ဒီ..ဒီလိုပါပဲဂျူးဂျူးရဲ့"

"ခဏနေရင် အခမ်းအနားစတော့မှာနော်..ဒီလိုဖျော့နေလို့မရဘူးရှန်..ဂရုစိုက်ဦး"

မှန်ထဲကနေ တစ်ဆင့်သာ သူမပြန်ပြုံးပြလိုက်သည်။

ယခုအချိန်တွင်တော့ ညနေ(၆)နာရီသို့ တဖြည်းဖြည်း ရောက်လာစပြုသည့်အတွက် 'တခန့်တမူရာ' နယ်မြေတွင် အနည်းနှင့်အများ လူစုံနေကြပြီဖြစ်သည်။

အဖြူရောင်လျှောက်လမ်း၏ ဘေးနှစ်ဖက်တွင် ပျိုနီပန်းများနှင့် ရစ်ပတ် အလှဆင်ထားသော ဖန်မီးတိုင်ရှည်များ ရှိသည်။တစ်ဖက်တစ်ချက်တွင်တော့ ဧည့်သည်များနှင့် သက်ဆိုင်ရာ လူကြီးမင်းများအတွက် နေရာချထားသော အဖြူရောင် ကုလားထိုင်များမှာ အစီအရီဖြင့် သပ်ရပ်လှပနေ၏။

တဖြည်းဖြည်း မှောင်စပြုလာပြီ ဖြစ်သဖြင့် အခမ်းအနားစတင်ရန် ပြင်ဆင်ကြ၏။ နေအဂ္ဂမှာ လျှောက်လမ်း၌ အတူတွဲလျှောက်ရန် ရှန့်ကိုစောင့်ကြိုနေသည်။

ဂါဝန်ဖြူလေးကိုမကာ သူ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာနေသော ရှန်လွန်းတာရာ။ဆံနွယ်ရှည်တွေကို တစ်လွှာသိမ်းစီးထားပြီး ပုလဲလုံးများဖြင့် အလှဆင်ထားပုံမှာ နှစ်လိုဖွယ်ကောင်းလှ၏။ငွေရောင်ဇာ လက်ဖောင်းဖောင်းလေးနှင့် ခြေမျက်စိထိ ရှည်လျားသော ဝတ်စုံဖြူဖြူလေးမှာ သူမကိုပို၍ ကျက်သရေရှိနေစေသည်။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now