Part 26

218 6 0
                                    

စောစောစီးစီး နိုးလာခဲ့တာကြောင့် နံနက်ခင်းက သာယာလွန်းလှသည်ဟု သူမတွေးမိသည်။အချိန်ကား (၇)နာရီ ဝန်းကျင်ခန့်ပင် ရှိသေး၏။

ရုံးတော်၏ ခြံဝင်းတစ်လျှောက် သူမ လမ်းလျှောက်ထွက်နေသည်။ဒီနေရာကို သူမစိတ်ထဲ အင်မတန်မှ ရင်းနှီးနေ၏။

ဆောင်းဦး ရောက်လာခါနီး ဖြစ်၍ သစ်ရွက်စိမ်းလေးများ အပေါ်၌ နှင်းစက်ကလေးများ တင်နေကြသည်။သိပ်မချမ်းသော်လည်း လေညင်းနုနုက ဆောင်းဦးလေ တချို့ကို သယ်ဆောင်ပေးလာသဖြင့် ခြုံလွှာ အပါးလေးတစ်ထည်ကိုပင် သူမ ထပ်ဝတ်ထားရ၏။

မစ္စတာဝှိုက် ပြောပုံအရ သူမသည် ဤကျောင်းတော် တွင် တက်ရောက် နေထိုင်ခဲ့သဖြင့် ယခုကဲ့သို့ ရင်းနှီးနေတာ ဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်၏။

ထို့အတူ သူမခေါင်းထဲ ရောက်လာသော မနေ့က ပုံရိပ် တချို့ကိုပါ အလိုလို ပြန်တွေးမိသွားသည်။

"အ့!....."

ညာလက်ဖြင့် ခေါင်းကို ဖိကိုင်လိုက်၏။

"ကျစ်!..ခေါင်းကိုက်လာပြန်ပြီ"

အတိတ်ကို ပြန်မှတ်မိဖို့ ကြိုးစားတိုင်း ခေါင်းက ခဏခဏ ကိုက်တတ်၏။အခန်းပြန်ဖို့ ရှန် ဆုံးဖြတ်လိုက်ပြီး ရုံးတော်အတွင်းသို့ ပြန်ဝင်မည်အလုပ်တွင်......

~~ခွမ်း!!~~

အသံကြားရာကို လှည့်ကြည့်လိုက်တော့ သူမအား အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေကာ ငိုမဲ့မဲ့ ဖြစ်နေသော မိန်းကလေးတစ်ယောက် နှင့်အတူ မြေကြီးတွင် ကျကွဲသွားသည့် ပန်းအိုးအကွဲ အစအနများကိုပါ တွေ့လိုက်ရသည်။

ထိုမိန်းကလေးက သူမဆီသို့ တန်းတန်းမတ်မတ် ပြေးလာပြီး ဆတ်ခနဲ ပွေ့ဖက်လေသည်။

"ရှန်!......"

ဂျူးဂျူးက သူမအား တင်းကျပ်စွာဖက်၍ ချုံးပွဲချ ငိုတော့၏။

"ရှန်!.....ငါတို့နင့်ကိုသတိရနေတာ..."

ဖက်ထားသည်ကို ဖြေလျော့၍ သူမ ရှန့်ကို ကြည့်လိုက်သည်။ကြောင်အမ်းအမ်းဖြင့် ကြည့်နေသော ရှန့်ရဲ့ မျက်နှာအမူအရာကြောင့် သူမ စိတ်ဓာတ်ကျသွားသည်။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Onde histórias criam vida. Descubra agora