Part 21

198 5 0
                                    

သူ့မျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။သူ့ပုံစံက အိပ်မက်ဆိုးများဆီမှ မနည်း လွတ်မြောက်အောင် ပြေးထွက်လာခဲ့ရသူလိုပင်။

"နေအဂ္ဂ....နိုးပြီလား.."

သူ့ဘေးနားတွင် ရှန်ရှိနေသည်ကို သိလိုက်ရတော့ သူစိတ်အေးသွားသဖြင့် သက်ပြင်းချလိုက်သည်။ရှန်က သူ့မျက်နှာပေါ်က ချွေးစေးများကို လက်ကိုင်ပုဝါဖြင့် သုတ်ပေး၏။

ချွေးသုတ်ပေးနေသည့် ရှန့်လက်ကောက်ဝတ်လေးကို သူက ဖမ်းကိုင်လိုက်ရင်း ရင်ခွင်ကျယ်ထဲ ဆွဲသွင်းလိုက်သည်။ရှန့်လက်များကလည်း သူ့ကို ပြန်ပွေ့ဖက်လို့ထား၏။

"စိတ်ပူနေခဲ့တာ..."

သူက ရှန့်ပုခုံးပေါ် မျက်နှာအပ်၍ ပြောလာသည်။မတတ်သာသည့် အတွက်သာ နန်းတော်သို့ ပြန်လာခဲ့ရသော်လည်း တစ်ချိန်လုံး နောက်ဆံတင်းနေရသည်။ဘယ်အချိန် သူ့ခမည်းတော်က ရှန့်ကို ဘယ်လိုမျိုး ထိခိုက်စေမလဲဆိုသည့် အတွေးများက သူ့ကို တစ်ချိန်လုံး နှိပ်စက်နေ၏။

ရှန်က သူနဲ့ လူချင်းခွါလိုက်ပြီး သူ့မျက်နှာကိုကိုင်ရင်း စောင်းငဲ့ကြည့်လိုက်သည်။

"ဘာကိုစိတ်ပူတာလဲ...အခုစိတ်ပူနေရတဲ့လူက ရှန်မဟုတ်ဘူးလား.."

သူက တံတွေးတစ်ချက် မြိုချပြီး မျက်စိစုံမှိတ်လိုက်သည်။ထို့နောက် သူ့မျက်နှာကို ကိုင်ထားသော ရှန့်လက်ဖဝါး၏ အနွေးဓာတ်ကို သေချာခံစားနေလိုက်၏။

"ကိုယ်တောင်းပန်ပါတယ်...ရှန့်ကိုငိုအောင်လုပ်ဖို့မရည်ရွယ်ပါဘူး.."

"ဟင့်အင်း...ဘာကိုတောင်းပန်တာလဲ..ရှင်ဘာအမှားမှမလုပ်ထားတာ..တောင်းပန်ရမဲ့လူက.."

ရွှေရောင်ဝင်းနေသော အိပ်ဆောင်တံခါး နှစ်ချပ်မှာ ရုတ်တရက် ပွင့်လာသည်။

"ဘယ်လိုလဲ...သတိရပြီလား"

"ခမည်းတော်!..."

"နိုးလာပြီဆိုတော့အတော်ပဲ...မင်းတို့နှစ်ယောက်ကို ပြောစရာရှိတယ်"

ဘုရင်မင်းမြတ်က ဆက်ပြော၏။

"မင်းတို့နှစ်ယောက်ကို မကြာခင် စေ့စပ်ပေးမယ်"

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now