Part 5

326 9 1
                                    

"ဟူး......."

လက်နက်သင်တန်းပြီးလို့ အခန်းတံခါး ဖွင့်လိုက်ရင်း အခုမှ အသက်ဘေးက လွတ်မြောက်လာသည့် လူလို သက်ပြင်းချလိုက်သည့် ထရစ်ဇ်...။

"နေ့လည်စာစားချိန်တောင် ရောက်နေပြီပဲ...အရင်နေ့တွေက အတန်းတွေထက် နှစ်ဆလောက် ကြာတဲ့အတန်း ကျစ်! ပင်ပန်းလိုက်တာ"

အခန်းတံခါးရှေ့တွင် ငုတ်တုတ်ထိုင်နေရင်း ထရစ်ဇ်တစ်ယောက် ညည်းညူလို့နေ၏။ခဏကြာသော် ဘေးအခန်းများရှိ တံခါးများမှာလည်း အသီးသီး ပွင့်လာခဲ့၍ ကျန်ရှိသောလေးယောက်မှာ ကိုယ်စီကိုယ်စီ ထွက်လာကြလေသည်။

"Hey...."

"အေး...."

ထရစ်ဇ်က လက်ပြကာ လှမ်းနှုတ်ဆက်လိုက်သည်ကို ချယ်ရီတို့က ခေါင်းတစ်ချက်ညိတ်လျက် တုံ့ပြန်လိုက်သည်။ထို့နောက် သူ့နံဘေးရှိ တစ်ဦးတည်းသော ညီမအလိမ္မာလေးအား....

"ဟဲ့ ဂျူးဂျူး ...နင်တို့အဆင်ပြေလား ၊ ပြီးသွားကြပြီလား"

"ပြီးလို့ ထွက်လာတာပေါ့ဟဲ့...ရူးနေတာလား၊ ပင်ပန်းရကြားထဲ ဘာတွေ လာမေးနေလဲမသိဘူး"

မျက်နှာကား မှုန်ကုပ်ကုပ်ဖြင့် စိတ်မကြည်နေသည့် ဂျူးဂျူးမှာ အစ်ကိုဖြစ်သူနှင့် အမြဲလိုလို ဘုနှင့်ဘောက်ပင်။

"အေး..အေး ငါလည်း ဗိုက်တွေဆာပြီး ဘာတွေပြောမိနေမှန်းကို မသိဘူး၊ နေ့လည်စာ သွားစားကြမယ်လေဟ...ငါဖြင့် ဗိုက်တော်တော်ဆာနေပြီ"

ထို့နောက် တစ်ဖက် ဘေးတံခါးပေါက်ရှေ့ ရပ်နေသော နေအဂ္ဂကိုလည်း ထရစ်ဇ်က လောကွတ်လှမ်းလုပ်၏။

"ဟေ့ နေအဂ္ဂ...ငါတို့နေ့လည်စာ သွားစားကြမလို့ တစ်ခါတည်း အတူလိုက်ခဲ့လိုက်ပါလား.."

မျက်နှာထား ခပ်တည်တည်နှင့် အေးတိအေးစက် ဖြစ်နေသည့် နေအဂ္ဂကို သူက ထပ်မံ၍ ပြောသည်။

"ငါတို့ဆရာတွေ ပြောထားတယ်လေ ၊ အခုဖွဲ့ထားတဲ့ ငါးယောက်တစ်ဖွဲ့က ရှေ့လျှောက် မစ်ရှင်တွေလည်း အတူတူလုပ်ရမှာတဲ့နော်၊ အခုကတည်းက ရင်းနှီးထားမှပေါ့ကွ"

သူတို့အား လျစ်လျူရှုပြီး ထိုနေရာမှထွက်ခွာဖို့ လုပ်နေသည့် နေအဂ္ဂမှာ ဆရာဖြစ်သူဦးမြတ်ဝါ ပြောခဲ့သော စကားတွေထဲက တစ်ခွန်းကို အမှတ်ရလိုက်သည်။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now