Part 2

500 8 0
                                    

သူမတို့နှစ်ဦး ကျောင်းတော်ကြီး၏ ဝင်းအတွင်းတွင် အလိုလို ရောက်ရှိနှင့်ပြီးသား ဖြစ်သွားသည်။ရှန် ပတ်ဝန်းကျင်အား တငေးတမော လိုက်ကြည့်မိ၏။

အပြာရောင်ငှက်ကလေးတွေက ကောင်းကင်နှင့် လိုက်ဖက်စွာ ပျံသန်းနေကြသည်။ကျောင်းတော်ကြီးမှာ အထပ်ပေါင်းများစွာပါရှိရာ အင်မတန်မြင့်မားသဖြင့် ထိပ်ဖျားတစ်ဝိုက်မှာပင် တိမ်ညွန့်များက ဖုံးလွှမ်းနေသည်။

သူမတို့ရောက်ရှိနေသည့် ကျောင်းတော်၏ခြံဝင်းကြီး အတွင်းမှာမူ မြက်ခင်းစိမ်းများက ညီညာစွာ ပြန့်ပြူးနေသည်။ကျောင်းတော်၏ဝင်ပေါက်သို့ သွားသည့် စင်္ကြန်လမ်းတစ်လျှောက်တွင် ဖန်မီးတိုင်ရှည်များက အစီအတန်းလိုက် အလှဆင်ထားပေးသည်။ညနေစောင်းသည်နှင့် ထိုဖန်မီးတိုင်ရှည်များက အလိုလို မီးထွန်းညှိပြီးသား ဖြစ်သည်။

ရှန်လိုက်ကြည့်နေတုန်း သူမတို့မျက်စိရှေ့သို့ စကိတ်တစ်စီးနှင့် ချော်တော့ငေါ့ကာ ရောက်လာသည့် ကောင်လေးတစ်ယောက်အား ဦးခတ်ဝါက မြင်၍ လှမ်းခေါ်လိုက်သည်။

"ဟေ့ကောင်... ထရစ်ဇ်"

"ခင်ဗျာ"

"လာအုန်း"

ဆရာကြီးမှ လက်ယပ်ခေါ်နေသဖြင့် ထရစ်ဇ်လည်း စီးလက်စ စကိတ်ကိုရပ်၍ ဆရာကြီးတို့ထံ လျှောက်လာခဲ့သည်။

"ထရစ်ဇ်..ဒါအသစ်ရောက်တဲ့ 'ရွှေသစ်နွယ်' ကျောင်းတော်ကြီးရဲ့ ကျောင်းသူအသစ်ပဲ ၊ မင်းသူ့ကို စည်းမျဉ်းစည်းကမ်းတွေ ပြောစရာရှိတာပြောပြီး ကျောင်းတော်ကြီးကိုလိုက်ပြလိုက် ၊ နောက် ရုံးခန်းကိုလည်း လိုက်ပို့လိုက်အုန်း"

"ဪ ဟုတ်ကဲ့ဆရာ"

ဆရာကြီးမှ ရှန့်ဘက်လှည့်ကာ....

"ရှန်...သူနဲ့လိုက်သွားလိုက်ပါ ၊ လိုအပ်တာတွေအတွက် သူပြပေးလိမ့်မယ်"

"ဟုတ်ကဲ့"

ထရစ်ဇ်က အရှေ့မှနေ၍ ရှေ့ဆောင်လမ်းပြလုပ်၏။သူက အနောက်မှလိုက်လာသော ရှန့်ကို လှည့်ကြည့်ကာ...

"Hi ငါ့နာမည်က ထရစ်ဇ်လိုင်ရာ၊ အကုန်လုံးက ထရစ်ဇ်လို့ခေါ်ကြတယ် ၊ မင်းလည်း ထရစ်ဇ်လို့ ခေါ်လို့ရတယ်နော်...ဒါနဲ့ နာမည်အပြည့်အစုံက"

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now