Part 19

205 6 0
                                    

ဆရာဖြစ်သူနှင့် အချေအတင် ဖြစ်လာခဲ့ပြီး ကျောင်းတော်ရှိ ပန်းခြံထဲတွင် သူမကြည်မလင်ဖြင့် ထိုင်နေသည်။

"ဘာလုပ်နေတာလဲဟင်"

ရှန်က အသံချိုချိုလေးဖြင့် စကားစရင်း သူ့နံဘေးတွင် ဝင်ထိုင်လိုက်၏။

"ရှန်....ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ"

"ရှင့်ကိုတွေ့လို့ လိုက်လာတာပေါ့.."

သူမက သူ့မျက်နှာကို သေချာကြည့်ကာ...

"ဒါနဲ့ မျက်နှာလည်း မကောင်းနေဘူး...ဘာဖြစ်လို့လဲ"

ရှန်ကပြောရင်းနှင့် သူ့နဖူးတွင် ဝေ့ကျနေသည့် ဆံမျှင်တစ်စွန်းတစ်စကို ခပ်ဖွဖွလေး သပ်တင်ပေးလိုက်သည်။ဆံပင်သပ်ပေးနေသည့် ရှန့်လက်ကလေးကို သူကဖမ်းကိုင်လိုက်ကာ လက်ဖမိုးကို ရှိုက်နမ်းလိုက်၏။

"ကိုယ့်ကို စိတ်ပူနေတာလား"

"အင်း"

သူတစ်ချက် ပြုံးလိုက်မိသည်။ရှန့်လက်ကလေးကိုတော့ ပြန်မလွှတ်သေးချေ။

"သိပ်မကြာခင် မီးပုံးပွဲတော်ရှိတယ်နော်"

သူ့အား မျက်နှာငယ်လေးဖြင့် ပြောလာသည့် ရှန့်ကို စောင်းငဲ့ကြည့်လိုက်သည်။

"သူများတွေ ပြောကြတာတော့ ချစ်သူစုံတွဲတွေ မီးပုံးအတူတူလွှတ်ပြီး ဆုတောင်းရင် ဘယ်တော့မှမခွဲရဘူးဆိုပဲ"

"အဲ့ဒါဆို အတူတူလွှတ်ကြတာပေါ့.."

"တကယ်"

သူကရှန့်ကို ခေါင်းညိတ်လျက် ပြုံးပြ၏။

"ကတိ"

"ကတိပါဗျာ"

ကမ်းပေးလိုက်သော ရှန့်လက်သန်းလေးကို သူကပြန်ချိတ်ပေးလိုက်သည်။ပြုံးနေသော မျက်နှာလေးမှာ အူယားစရာကောင်းလှ၍ ညာဖက်ပါးလေးကို သူဆွဲညှစ်လိုက်မိသည်။

~~~~~~~~~~~~~~~~~~~~~~~~~~

အချိန်နှင့်ဒီရေသည် လူကိုမစောင့်။တရွေ့ရွေ့သွားနေသော အချိန်မှာ မီးပုံးပွဲတော်ရက်သို့ပင် ရောက်ရှိလို့လာသည်။ထုံးစံအတိုင်း ထိုနေ့မတိုင်ခင် ကျောင်းသား၊ ကျောင်းသူများကသာ ပွဲတော်အတွက် လိုအပ်သမျှ ကိစ္စအဝဝကို ပြင်ဆင်ကြရသည်။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Tempat cerita menjadi hidup. Temukan sekarang