Part 14

237 7 0
                                    

ရှန့်ရဲ့လက်ဖျားလေးတွေမှာ အေးစက်နေသည့်အလျောက် ချွေးစေးများပင် ပြန်လို့နေသည်။သူမကိုကြည့်ရသည်မှာ နေအဂ္ဂနှင့် မျက်လုံးချင်း မဆုံမိအောင် ကြိုးစားနေပုံပင်...။

အခန်းဟာ အပ်ကျသံမျှ မကြားရလောက်အောင် တိတ်ဆိတ် ငြိမ်သက်နေ၏။ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်ကား နေအဂ္ဂ။သူက ရှန့်မျက်လုံးဆီသို့ တည့်တည့် စိုက်ကြည့်ကာ....

"ရှန်...ကိုယ်လေ.."

သူမက ခြုံထားသော စောင်လေးကို ကမန်းကတန်း ဆွဲဖယ်လိုက်သည်။အိပ်ရာမှ ကုန်းရုန်းထရင်း....

"ဟို...ဟိုလေ....နေအဂ္ဂ..ရှန်အခုမှ သတိရတာ ဂျူးဂျူးတို့ကို အရေးတကြီး ပြောစရာရှိ.."

အခန်းထဲမှ ပြေးထွက်ဖို့ ခြေလှမ်းပြင်နေသည့် ကောင်မလေးကို နေအဂ္ဂက ဖမ်းဆွဲထားလိုက်သည်။လက်နှစ်ဖက်ကိုကိုင်ကာ သူနှင့် မျက်နှာချင်းဆိုင် အနေအထားသို့ ဆွဲလှည့်လိုက်၏။

"ဘာကိုအရေးတကြီးရှိတာလဲ....ရှန်ကအခုမှ နိုးလာတာကို.."

သူ့လေသံကား ယုံကြည်မှုအပြည့် ရှိနေသည်။ရှန်တစ်ယောက် ပါးစပ်ထဲရှိရာ ပြောမိသည်ကို သူကောင်းကောင်းကြီး ရိပ်စားမိပုံပင်။သူက ရှန့်မျက်ဝန်းထဲကို စူးစူးနစ်နစ် စိုက်ကြည့်ကာ....

"အခု...ကိုယ့်ကိုရှောင်နေတာလား"

"မ..မဟုတ်ပါဘူး.."

သူ့မျက်လုံးအကြည့်တို့က သူမခန္ဓာကိုယ်အား ထွင်းဖောက်သွားသလို ရှန်ခံစားရ၏။

"ကိုယ်အခုပြောမဲ့စကား....ရှန်သိပြီးသားမဟုတ်လား"

".........."

"သဘောကျတယ်........."

သူမနှလုံးသားက အပြင်သို့ ဖောက်ထွက်လုမတတ် တရစပ် ခုန်နေ၏။သူ့ရဲ့ တည်ကြည်လေးနက်သော မျက်ဝန်းအစုံကို ရှန်ရင်မဆိုင်နိုင်။

"ရှန့်ကို သဘောကျလွန်းလို့ ရူးတော့မယ်ထင်တယ်"

"......................."

သူမမျက်နှာကား ချယ်ရီသီးလို နီရဲလာ၏။နေအဂ္ဂစကားတွေကို သူမဘယ်လို တုံ့ပြန်ရမလဲပင် မသိတော့။လောလောဆယ် အခြေအနေတွင် သူမရဲ့စိတ်ကိုပင် မနည်းတည်ငြိမ်အောင် ကြိုးစားနေရတာ ဖြစ်၏။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now