Part 7

308 8 1
                                    

နေအဂ္ဂမှာ သူ့အပေါ်သို့ လဲကျလာသော ရှန့်ကို ဘုမသိဘမသိဖြင့် ပွေ့ထားမိလေ၏။

"ဟေး...ရှန်..သတိထားအုန်းလေ..ဟေ့"

နှိုးမရသည့်အဆုံး သူမကို ကောက်ပွေ့ချီ၍ မလှမ်းမကမ်းနားက ရှန့်အား စိတ်ပူနေကြသည့် ဂျူးဂျူးနှင့်ချယ်ရီတို့ဆီ ခေါ်သွားလိုက်သည်။ချယ်ရီက နေအဂ္ဂလက်ထဲက ရှန့်ကိုကြည့်ရင်း ခပ်သုတ်သုတ် ပြောလိုက်၏။

"မစ္စတာဝှိုက်ဆီက ဖြေဆေးတောင်းရမယ်လေ...သူ ခုနက ဟိုတစ်ယောက်ရဲ့ အဆိပ်မိထားတာ"

ပြောရင်းဆိုရင်းပင် မစ္စတာဝှိုက်ရောက်လာ၍ ဖြေဆေးထုတ်ပေးလိုက်သည်။

"ခဏနေ သူသတိရလာလိမ့်မယ်...သူ့ကို နားနေဆောင်ထဲခေါ်သွားလိုက်...ဓါးဒဏ်ရာကိုလည်း ကုပေးမဲ့ သူနာပြုဆရာမရှိတယ်...မြန်မြန်လုပ်"

"ဟုတ်ကဲ့..ဟုတ်"

ဂျူးဂျူးက မစ္စတာဝှိုက်စကားအတိုင်း မြန်မြန်သွက်သွက်လုပ်ရန် နေအဂ္ဂဘက်လှည့်၍ ပြော၏။

"နေအဂ္ဂသွားလေ"

"ဘယ်ကိုလဲ"

"ဟာ..နားနေဆောင်လေ၊ နင့်လက်ထဲကရှန်က အဆိပ်မိထားပြီး သတိလစ်နေတာ...နင်အခုပွေ့ထားလက်စနဲ့ ခေါ်သွားလိုက်တော့လေ...မြန်မြန်လုပ် ဆေးကုရအုန်းမယ်"

နေအဂ္ဂတစ်ယောက် ဆရာဖြစ်သူ မှာထားတာကြောင့်သာ လုပ်နေရသည်။သူ့စိတ်အတိုင်းသာဆိုလျှင် ပစ်ချထားမိမှာ ဧကန်မလွဲ။

~~~~~~~~~~~~~~~~~~~~~

နားနေဆောင်ရှိ လူနာကုတင်ပေါ်တွင် ရှန်သတိလစ်နေရာမှ နိုးလာသည်။စကားပြောသံများကိုလည်း တစီစီဖြင့် မသဲမကွဲ ကြားနေရ၏။လဲလျောင်းနေရာမှ သူမ ထဖို့ကြိုးစားသည်။

"အ!.."

သတိရရချင်းမှာပင် လှုပ်လှုပ်ရှားရှား ပြုမိသဖြင့် ပုခုံးမှဒဏ်ရာက ဆွဲဖြဲခံရသလို နာကျင်လာ၏။

"ဟယ်..ရှန်သတိရလာပြီ...ဂျူးဂျူးရေ ဒီမှာရှန်သတိရပြီဟ"

ချယ်ရီက ရှန့်ကိုကူ၍ ပွေ့ထူရင်း တံခါးပေါက်နားက ဂျူးဂျူးအား လှမ်းခေါ်လိုက်သည်။ဂျူးဂျူးက ရှန့်ဆီ ပြာပြာသလဲ ပြေးလာကာ....

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Où les histoires vivent. Découvrez maintenant