Part 9

262 6 0
                                    


ယှဉ်ပြိုင်ပွဲကြီး ပြီးဆုံးပြီးနောက်တွင် အနိုင်ရရှိခဲ့သော လူအရေအတွက်များသည့် အဖွဲ့များအား အသီးသီး တာဝန်ပေးအပ်ခြင်းကို ပြုလုပ်ကြလေ့ရှိသည်။

ရုံးခန်းတစ်ခုတွင်တော့ ဒေါ်ဒေါ်မှူးနှင့် မစ္စတာဝှိုက်တို့ အဖွဲ့တစ်ဖွဲ့အား စေခေါ်၍ မစ်ရှင်တစ်ခုကို ပြုလုပ်ရန် ဆွေးနွေးနေကြလျက်ရှိသည်။ထိုအဖွဲ့သည် တခြားမဟုတ်။တန်းခွဲ(၆)မှ ရှန်လွန်းတာရာတို့ အဖွဲ့ဖြစ်သည်။

"ဗျာ...ဘာပန်း"

နားရှုပ်သွားဟန်တူသည့် ထရစ်ဇ်က ကျယ်လောင်သောအသံဖြင့် ထပ်မေးလိုက်သည်။

"သုံးရောင်ခြည်ပန်း"

မစ္စတာဝှိုက်က စိတ်ရှည်ရှည်ဖြင့် ဆက်လက်ရှင်းပြ၏။

"တစ်နေ့တာလုံးမှာ မနက်၊ နေ့လည်၊ ညရောက်တိုင်း အရောင်တစ်မျိုးစီ ပြောင်းလေ့ရှိတယ်၊ ဒါကြောင့်ပဲ သူ့ကို သုံးရောင်ခြည်ပန်းလို့ ခေါ်ကြတာ"

ထိုအခါ ဒေါ်ဒေါ်မှူးကလည်း စကားဝိုင်းထဲဝင်၍....

"တို့တွေနေထိုင်တဲ့ ရွှေသစ်နွယ်ပိုင်နက်ဟာ စကြာဝဠာရဲ့စွမ်းအင်ကို မှီခိုပြီး ဖြစ်တည်လာတာ၊ အဲ့ဒီပန်းက ဒေါ်ဒေါ်မှူးတို့ မှီခိုနေရတဲ့ စကြာဝဠာနဲ့ ဆက်နွယ်ပြီး ပေါက်ရောက်တဲ့ပန်းပဲ......နှစ်ပေါင်း(၅၀၀)မှ တစ်ကြိမ်သာပေါက်တဲ့ ဒဏ္ဍာရီလာပန်းတစ်မျိုး"

"ဗျာ....နှစ်(၅၀၀)တောင်"

"ဟုတ်တယ် ထရစ်ဇ်"

မစ္စတာဝှိုက်က ဆက်လက်ရှင်းပြသည်။

"နှစ်ပေါင်း(၅၀၀)မှ ပေါက်တဲ့ပန်း...ပြီးတော့ တစ်ပွင့်တည်း..."

မစ္စတာဝှိုက်၏စကားကို ထရစ်ဇ်တင်မက တစ်ဖွဲ့လုံးကပါ စိတ်ဝင်တစား နားထောင်နေကြသည်။

"ကျိန်းသေပေါက် အဲ့ဒီရတနာပန်းကို ငါတို့ကျောင်းတော်က ရကိုရမှဖြစ်မယ်...တခြားအဖွဲ့တွေကို ဒီမစ်ရှင်မပေးပဲ မင်းတို့အဖွဲ့ကို ပေးရတာက ရှန်လွန်းတာရာကြောင့်ပဲ"

ရှန့်မျက်လုံးအိမ်များက အနည်းငယ် ကျယ်ဝန်းသွား၏။အံ့ဩမှုက သူမမျက်နှာပေါ်တွင် အထင်းသား။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now