တန်းခွဲအများစုမှာ မိမိတို့ပေးအပ်ခံရသည့် တာဝန်များကို ပြီးမြောက် အောင်မြင်ခဲ့သည့်အတွက် ကျောင်းအုပ်ကြီး ဒေါ်ရွှေမှူးနှင့် အထက်လူကြီးများက ယနေ့ကို ပွဲတော်အဖြစ် ကျင်းပပေးကြသည်။ယနေ့အတွက် အတန်းမရှိပေ။
ပွဲတော်စီစဉ်ရန် တာဝန်ရှိ လူကြီးများနှင့်အတူ ကျောင်းသား၊ ကျောင်းသူများက အားတက်သရော ပါဝင်ကူညီကြသည်။ပွဲတော်၏ ထုံးစံအတိုင်း နေ့ဘက်တွင် လိုအပ်သမျှ အရာအားလုံးကို ပြင်ဆင်ဆောင်ရွက်ကြရသည့်တိုင် ညဘက်တွင်တော့ ကျောင်းတော်၏ ပင်မခန်းမဆောင် အလယ်၌ စုံတွဲကပွဲ ကျင်းပမည်ဖြစ်သည်။ညနေခင်းတွင်ကား ကျောင်းတော်၏ ခြံဝင်းကြီးတစ်လျှောက် ဈေးရောင်းပွဲတော် လုပ်ကြရန် စီစဉ်ထားလေသည်။
အချိန်ကား နေ့လည်(၃)နာရီခန့် ဖြစ်သည်။ပွဲတော်အတွက် ပြင်ဆင်နေကြသည်မှာ ယခုထိ မပြီးသေးပေ။ရှန်တစ်ယောက် ခြေသလုံး တစ်ဝက်ခန့်ရှိသော ရေပုံးကို မနိုင့်တနိုင်ဖြင့် မလာသည်။လမ်းတစ်ဝက် အရောက်တွင် ဇေသစ်ချန်းက သူမကိုတွေ့သဖြင့်....
"ကျွန်တော်ကူပေးပါ့မယ်....ပေးပါဗျ"
"မဟုတ်တာ.....ရပါတယ် "
"ဒီကိုပေးပါ...."
သူက ရှန့်လက်ထဲက ရေပုံးကို အတင်းဆွဲယူလိုက်သည်။ထိုသို့ ကူညီပေးနေသည်ကို နေအဂ္ဂက လှမ်းမြင်ဖြစ်အောင် မြင်လိုက်သေး၏။သူက ချက်ချင်းပင် ရှန့်ဆီသွားကာ....
"ကိုယ့်ကိုပေး....."
"လာပြန်ပြီ.....မင်း"
ဇေသစ်ချန်း၏ စကားကို မကြားချင်ဟန်ဆောင်ကာ လက်ထဲက ရေပုံးကို ဆွဲယူလိုက်၏။ဒီတစ်ခါတော့ ဇေသစ်ချန်းက အလျှော့မပေးတော့ချေ။ရေပုံးလက်ကိုင်ကို လုံးဝလွှတ်မပေးဘဲ ပြန်ဆွဲယူသည်။နေအဂ္ဂက ဒေါသကို ချုပ်တည်းထားသော လေသံဖြင့်....
"လွှတ်လိုက်နော်...."
"ငါအရင်သယ်ပေးနေတာ..."
"............"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဒေါသတကြီးဖြင့် အပြိုင်အဆိုင် စိုက်ကြည့်ကြသည်။ထိုအခြင်းအရာကို ရှေ့နားတွင် တံမြက်စည်း လှဲနေသော ထရစ်ဇ်က စိတ်ကုန်သည့် အကြည့်ဖြင့် ကြည့်နေလေ၏။ပါးစပ်မှလည်း ညည်းတွား လိုက်သေးသည်။
YOU ARE READING
နတ်ဘုရားငယ်တို့ချစ်ပုံပြင်
Fantasy{ဖူးစာကြိုးသာ စစ်မှန်နေလျှင် ကမ္ဘာခြားရင်တောင် ပေါင်းစည်းကြရလတ္တံ့......} Title အတိုင်း..နတ်ဘုရားတွေရဲ့ အချစ်ဇာတ်လမ်းကို စာရေးသူ၏ စိတ်ကူးစိတ်သန်းအရ ပုံဖော်ဖန်တီးထားသည်မို့....Fantastically romance ကြိုက်နှစ်သူများအတွက်သင့်လျော်ပါသည်။ဘာသာပြန်မဟုတ်ပါ။...