"ဟမ် မဟုတ်ဘူးလေ မစ္စတာဝှိုက်...ဒီကလေးမက ဘာဖြစ်နေလို့လဲ...ကျွန်တော်တို့ကိုလည်း သေချာမပြောပြဘူး"
ထရစ်ဇ်က စပ်စုချင်ဇောနှင့် မေးလေ၏။
"ကဲ...ငါလည်း ဒီလောက်ကြီးထိ ပြောဖို့စောသေးတယ်ထင်တယ် ၊ ဘယ်လိုပဲဖြစ်ဖြစ် သူက ထူးခြားတဲ့ မိန်းကလေးဆိုတာပဲ မှတ်ထားကြ...တဖြည်းဖြည်းနဲ့ မင်းတို့သိလာမှာပါ...ကဲကဲ လက်နက်ရွေးကြမယ်"
အားလုံး ဥယျာဉ်အတွင်းရှိ ကွင်းပြင်၌ စုဝေးလိုက်ကြသည်။
"ပထမဆုံး ရွေးရမဲ့သူက နေအဂ္ဂ"
မစ္စတာဝှိုက်၏ စကားအတိုင်း နေအဂ္ဂ ရှေ့သို့ ထွက်လာသည်။
"အခု မင်း ဒီကြာပန်းဖြူ(၅)ခုထဲက မင်းစိတ်ဝိညာဉ်ကို ဖိတ်ခေါ်နေတယ်လို့ခံစားရတဲ့ ကြာပန်းဖြူတစ်ပွင့်ကို ထိလိုက်ပါ"
နေအဂ္ဂ မျက်မှောင်ကြုတ်ကာ ဒုတိယမြောက် ကြာပန်းဖြူကိုထိလိုက်သည်။ရုတ်တရက် ကြာပန်းဖြူသည် ဟုန်းခနဲ မီးထတောက်၏။မီးစွဲနေသည့် ကြာပန်းဖြူမှာ တဖြည်းဖြည်းနှင့် လက်နက်အသွင် ပြောင်းလာသည်။
လက်နက်ပုံသဏ္ဍာန်ကား။ ။
ငွေရောင်နှင့် အနက်ရောင်ပေါင်းစပ်ထားသည် ၊လက်ဖျံအရွယ်ထိရှိသည့် စင်္ကြာအဝိုင်းသဏ္ဍာန်ဖြစ်သည် ၊အချွန်ကနုတ်များဖြင့် လက်ရာမြောက်ကာ သေသပ်လျက်ရှိ၏။
"အိမ်း...လိုက်ဖက်ချက်ပဲ"
မစ္စတာဝှိုက်က နေအဂ္ဂ၏လက်နက်ကို သဘောကျစွာဖြင့် ပြောလိုက်သည်။
"ကျွန်တော်က ဒါကို ဘယ်လိုအသုံးပြုရမှာလဲ"
လေသံမနိမ့်မမြင့်ဖြင့် မေးလိုက်သော နေအဂ္ဂအား...
"ကြည့်ကြည့်...ဆရာကို ဘယ်လိုအသံနဲ့ ပြောနေလဲမသိ...သေချင်လို့"
အနောက်မှ ချယ်ရီနှင့်ဂျူးဂျူး အတင်းပြောနေခြင်းပင်။
"ပြီးရင် သိရမှာပါ၊ အခုတော့ နောက်လူတွေ ရွေးချယ်တာ စောင့်ရမယ်...ပြီးရင် ထရစ်ဇ်အလှည့်...ခုနကနေအဂ္ဂလုပ်သလိုပဲ...ကိုယ့်စိတ်ဝိညာဉ်နဲ့ ဆက်နွယ်နေတယ်လို့ ခံစားရတာကို ရွေးချယ်ပါ"
YOU ARE READING
နတ်ဘုရားငယ်တို့ချစ်ပုံပြင်
Fantasy{ဖူးစာကြိုးသာ စစ်မှန်နေလျှင် ကမ္ဘာခြားရင်တောင် ပေါင်းစည်းကြရလတ္တံ့......} Title အတိုင်း..နတ်ဘုရားတွေရဲ့ အချစ်ဇာတ်လမ်းကို စာရေးသူ၏ စိတ်ကူးစိတ်သန်းအရ ပုံဖော်ဖန်တီးထားသည်မို့....Fantastically romance ကြိုက်နှစ်သူများအတွက်သင့်လျော်ပါသည်။ဘာသာပြန်မဟုတ်ပါ။...