Part 8

274 6 1
                                    

"Hey...ရရဲ့လား ဂျူးဂျူး"

လင်းသစ်အသံကြားမှ သူမအသိဝင်လာသည်။ရှက်ကိုးရှက်ကန်းဖြင့် သူ့ရင်ဘတ်ကို ချက်ချင်း တွန်းထုတ်လိုက်၏။အသက်ကို တဝရှူလိုက်ကာ ကျောအနောက်ဘက်ရှိ မြားအိမ်ထဲမှ မြားကိုယူလိုက်သည်။တစ်ချောင်းပဲ ပါလာ၏။

"ဟာ...ငါ(၅)ချောင်းယူတာလေ"

ထပ်ထုတ်သည်။(၂)ချောင်းပဲ ပါလာသည်။နောက်ထပ် ထုတ်ယူလိုက်သည်။(၁)ချောင်းသာ ပါလာတော့သည်။မစ္စတာဝှိုက် ပြောခဲ့သည့်စကားကို သူမသတိရသွား၏။

"ဟာကွာ...shit**....ဒီလင်းသစ်စုတ်ကတော့"

သူမ ဗျာများနေချိန်တွင် လင်းသစ်မှ အရှိန်ဖြင့် ဝင်ရောက်လာကာ သူ၏လှံကို ဝေ့ယမ်းချလိုက်သည်။ဂျူးဂျူးရင်ဘတ်အား မီးခိုးရောင်အလင်းတန်းက ရှပ်ထိသွား၏။

"အား!....."

ထပ်ဝေ့ယမ်းလိုက်သည်။နောက်တစ်ချက် လက်ဖျံကို သွားထိပြန်သည်။မြားများမှာလည်း လိုသလောက် ယူလို့ မရတော့ချေ။ဂျူးဂျူးတစ်ယောက် စိတ်တွေလည်း ရှုပ်သထက် ရှုပ်လာသည်။

အောက်မှပွဲကြည့်သူများက လင်းသစ်ဘက်ကသာ အားပေးနေကြသည်မှာ အများသား။လင်းသစ်က သူမအား နာကျင်အောင် ထပ်မလုပ်လိုသဖြင့်...

"အရှုံးပေးလိုက်ပါတော့...ဒီထက် ပိုထိခိုက်အောင်မလုပ်နဲ့"

သူမက မကျေနပ်သော မျက်လုံးများဖြင့် လင်းသစ်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

"အခုတစ်ခေါက်က နင်ကံကောင်းသွားတာ၊ နောက်တစ်ခါ ဒီလိုတစ်ကြိမ် ထပ်မရှိစေရဘူး"

အားရစွာ ကြိမ်းဝါးပြီးနောက် ဂျူးဂျူးက ဒေါသတကြီးဖြင့် စင်အောက်ကို ဆင်းသွားသည်။လင်းသစ်က သူမနောက်သို့ အမှီလိုက်လာကာ...

"ဟေး..ဒီမှာ..ငါ့ကြောင့်ထိခိုက်သွားတာမို့ ဒါလေးယူလိုက်"

မှော်သက်ဝင်ဆေးရည် ကမ်းပေးလာသော လင်းသစ်လက်အား သူမက ပုတ်ထုတ်ပစ်လိုက်သည်။

"မလိုဘူး...ငါ့ကိုအဲ့လောက်ထိ အားနည်းတယ် ထင်နေတာလား"

"မဟုတ်ပါဘူးဟ..ငါ့ကြောင့်ထိခိုက်..."

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now