Part 36

200 3 0
                                    

ရုံးတော်ထဲသို့ ခပ်သွက်သွက် ပြေးဝင်လာသော နေအဂ္ဂကိုမြင်သော် ချယ်ရီနှင့် ဂျူးဂျူးက စိတ်ပျက်အားလျော်စွာဖြင့် ပြောလေသည်။

"နေအဂ္ဂ....ကြာလိုက်တာဟာ"

"ဘာဖြစ်လို့လဲ"

ဂျူးဂျူးက သူ့ကိုကြည့်ကာ အပူဇောဖြင့် အလောတကြီးပြောသည်။

"ရှန်..ရှန့်နောက်လိုက်သွားဦး ၊ သူ အန်တီ့ကို ကယ်ဖို့ နတ်ဆိုးသခင်ဆီ သွားနေပြီ"

"ဘာ! သွားတာကြာပြီလား"

"နည်းနည်းတော့ကြာပြီ"

"ဟာ...မင်းတို့က ဘာလို့ ရှန့်ကို တစ်ယောက်တည်း
လွှတ်လိုက်ရတာလဲ"

ချယ်ရီတစ်ယောက် ခပ်လန့်လန့်ဖြင့် ဝင်ပြောလိုက်၏။

"ငါ..ငါလည်းတားပါသေးတယ်၊ သူ့ပုံစံက ဘယ်လိုမှတားမရအောင် သွားမဲ့ပုံဖြစ်နေတော့ ငါလည်းဘာမှမတတ်နိုင်လိုက်ဘူး...ပြီးတော့ သူ စိတ်အရမ်းဆိုးနေတဲ့ပုံက ငါတောင်လန့်တယ်"

ထိုသို့ ပြောနေသော်လည်း သူမမျက်နှာတွင် ရှန့်အတွက် ပူပန်နေရသည့် အရိပ်အယောင်ကား သိသာပေါ်လွင်နေသည်။တစ်ဆက်တည်းမှာပင် သူမလုပ်ရပ်ကိုပါ နောင်တရချင်နေ၏။ရအောင်ဆွဲထားခဲ့လိုက်ရမှာ ဟူသည့်အတွေးက သူမကို တနုံ့နုံ့ ဖြစ်အောင်လုပ်နေသည်။

နေအဂ္ဂ မည်သို့မျှ အချိန်ထပ်ဆွဲမနေတော့ဘဲ နတ်ဆိုးလောကဆီသို့သာ သုတ်ခြေတင် အပြေးလိုက်သွားတော့၏။

~~~~~~~~~~~~~

"အမြုတေ...ဟုတ်လား"

ရှန်က နတ်ဆိုးသခင်အား စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"ပေးမယ်..."

သူမစကားကြောင့် နတ်ဆိုးသခင် မျက်လုံးများက စူးရဲသွားသည်။သံမျက်နှာဖုံးအောက်တွင် ကျေနပ်စွာ ကျိတ်ပြုံးလိုက်၏။

"ဒါပေမဲ့ ကျွန်မအမေကို အရင်လွှတ်ပေး"

"ငါ့ကို ငနုံငအများ ထင်နေသလား၊ ဒီဘွားတော်ကို လွှတ်ပေးပြီးကာမှ မင်းတို့ အပေးအယူကို ဖျက်တာမျိုးလုပ်ရင်ရော..."

အမြင်ကပ်စရာ ကောင်းလှအောင် ပြောနေပုံက သူမဒေါသကို နည်းအမျိုးမျိိုးနှင့် ဆွနေသယောင်ပင်။လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း သက်ပြင်းတစ်ချက်ချကာ စိတ်ပါလျှော့ချလိုက်၏။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Nơi câu chuyện tồn tại. Hãy khám phá bây giờ