Part 15

244 5 0
                                    

မနက်(၇)နာရီထိုးချိန်တွင် ကျောင်းတော်သို့ပြန်ရန် အစစအရာရာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြပြီး ဖြစ်သည်။ထုံးစံအတိုင်း အဘိုးအိုကို နှုတ်ဆက်၍ မိမိတို့အပြန်ခရီးကို ဆက်ခဲ့ကြသည်။လမ်းတစ်လျှောက်လုံးတွင်လည်း သူငယ်ချင်းကိုယ်စီနှင့် စကားလက်ဆုံကျနေကြကာ အသွားတုန်းကနှင့်မတူ ပျင်းရသည်ဟူ၍မရှိ။

နေ့လည်(၁၂)ရောက်သော် လင်းသစ်မှဦးဆောင်၍ နေရာကောင်းတစ်ခုရှာကာ နေ့လည်စာစားရန် နားကြဖို့ပြင်သည်။သူတို့အားလုံး နေရာကောင်းတစ်ခု ရှာတွေ့ခဲ့သည်ဟု ဆိုရပေမည်။

မြက်ခင်းစိမ်းများက နေရာအနှံ့ ပေါက်ရောက်နေသည့်အပြင် ရှေ့နားက ခပ်လှမ်းလှမ်းလောက်တွင်လည်း စမ်းချောင်းငယ်လေးတစ်ခု ရှိနေပြန်သည်။နေရောင်ကြောင့် စမ်းရေမှာ စိန်ပွင့်များလို တလက်လက် တောက်ပနေ၏။

ရှန်က သူမအိတ်ထဲမှ တစ်စုံတစ်ခုကို လှန်လှောရှာနေသည်။

"ဟယ်.....သွားပြီ"

"ဘာဖြစ်လို့လဲ ရှန်လွန်း..."

"မနက်က ကွတ်ကီးထုပ်ကို သေချာထည့်ခဲ့တယ် ထင်နေတာ၊ အခုကျန်ခဲ့ပြီ ထင်တယ်...ပါမလာဘူး"

"ဪ....ဘာများလဲလို့ ငါတို့မှာပါတယ်ဒီမှာ..."

ဂျူးဂျူးက မိမိအိတ်ထဲကိုပါ အပြန်ပြန်အလှန်လှန် မွှေနောက်ရှာလေ၏။သို့သော်...

"အာ.....ဒါအကုန်ပဲ..ရှန်ရဲ့၊ ယိုပုလင်းလည်း ကုန်ခါနီးနေပြီ"

"ငါ့မှာရောပဲ....ထည့်လာခဲ့တာ နည်းသွားတယ်ဟာ"

ချယ်ရီက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ဂျူးဂျူးက တစ်ခုခုကို အမှတ်ရသွားကာ...

"အယ်!....ထရစ်ဇ်မှာ ရှိမယ်ထင်တယ်၊ သူမနက်က အိတ်ထဲကို အကုန် ထိုးကြိတ်ထည့်နေတာ တွေ့ခဲ့တယ်၊ ခဏလေး....ငါသွားယူလိုက်မယ်...."

ပါးစပ်ထဲကို ကွတ်ကီး၂ခု ထည့်လိုက်ပြီး ပလုပ်ပလောင်းဖြင့် ပြောရင်း ဂျူးဂျူးက ထသွားသည်။

"ဟဲ့နေဦး...ငါလည်းလိုက်မယ်"

ချယ်ရီကပါ ဂျူးဂျူးနောက် လိုက်ဖို့ပြင်၏။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now