Part 33

226 4 0
                                    


"ချယ်ရီ...ဒါအကုန်ပဲလား"

"အေးဟ...အစီရင်ခံစာတွေကဒါအကုန်ပဲ၊ကျန်တဲ့ဟာတွေက အရှေ့ကလူတွေလာမပို့သေးဘူး"

"ဒါဆို ငါရှန့်ဆီသွားတင်ပြထားနှင့်လိုက်တော့မယ်"

"အေးအေး.."

ရုံးတော်ကြီး၏ ဒုတိယအထပ်ရှိ ရုံးခန်းငယ်မှ ဂျူးဂျူးလိုင်ရာ ထွက်လာသည်။စာရွက်စာတမ်း အထပ်လိုက်ကြီးအား လက်ထဲတွင် တပွေ့တပိုက်ဖြင့် အပေါ်ထပ်သို့ တက်မည်အလုပ်မှာပဲ.....

"အ့!.."

လူတစ်ယောက်နှင့် တိုက်မိ၍ အနောက်သို့ ပစ်လဲမလိုဖြစ်သွားသည်ကို ထိုလူက အမိအရ လှမ်းဆွဲထားလိုက်၏။

"လင်းသစ်?.."

လင်းသစ်ကိုမြင်သော် သူမရင်ထဲတွင် ခံစားချက်တစ်မျိုးက လှုပ်ရှားလာသည်။ခြုံပြောရရင်မူ လင်းသစ်နှင့် ဂျူးဂျူး မတွေ့ရသည်မှာ ရှန်နှင့်နေအဂ္ဂတို့ စေ့စပ်ပွဲ ပြီးသွားကတည်းကပင်။သုံးလောကစောင့်နတ်သမီး သေဆုံးသွားပြီဆိုသည့် သတင်းကြောင့် ရွှေသစ်နွယ် ပိုင်နက်တစ်ခုလုံး အုပ်အောသောင်းနင်း ဖြစ်ခဲ့ရသည်။

ထိုအချိန်က လင်းသစ်မှာ ရွှေသစ်နွယ်၏ တခြားနယ်မြေသို့ တာဝန်အရ သွားရောက် နေထိုင်ခဲ့ရသည်။ထရစ်ဇ်တစ်ယောက်သာ အလုပ်ကိစ္စနှင့် လှည့်လည် သွားလာနေရသည့်အတွက် လင်းသစ်နှင့် ရံဖန်ရံခါ တွေ့ဖြစ်သေး၏။

"အဆင်ပြေရဲ့လား ဂျူးဂျူး"

"အွန်း..အင်း ပြေပါတယ်"

"မတွေ့တာကြာပြီနော်"

"အင်း...နင် ထရစ်ဇ်နဲ့တော့တွေ့ဖြစ်တယ်မလား"

သူကခေါင်းတစ်ချက် ညိတ်ပြသည်။

"နှုတ်တောင်မဆက်ဘဲ ထွက်သွားတဲ့လူက ဒီနေ့ဒီကို ဘယ်လိုရောက်လာတာလဲ"

"ငါ ဇေသစ်ချန်းတို့ နယ်မြေမှာ တာဝန်ကျတယ်လေ၊သူက တစ်နှစ်တာလုံးအတွက် အစီရင်ခံစာတွေ အရှင်မကို လာပို့ပေးတာ၊ အဲ့ဒါနဲ့ ငါပါ လိုက်လာခဲ့တယ် ဆိုပါတော့.."

"အင်း...."

သူမက 'အင်း'တစ်လုံးသာ ဖြေလိုက်ပြီး ငြိမ်ကျသွားရာမှ လင်းသစ်က စကားပြန်ဆက်လိုက်သည်။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now