Part 17

268 5 0
                                    

ခန်းမအလယ်မှာတော့ ပျော်ရွှင်စရာကပွဲဟု ဆိုရလောက်အောင် စည်ကားလျက်ရှိသည်။ရှန်တို့နှစ်ဦး တွဲကပြီး နောက်တွင် သူမကို တခြားမိန်းကလေးများက လာနှုတ်ဆက်ကြ၏။

"ရှန်လွန်းတာရာမလား....."

"တို့ကျောင်းတော်က အရွေးချယ်ခံနတ်သမီးဆို"

"သတင်းတွေ ထွက်နေတယ်....."

"အာ.....လှလိုက်တာနော်..."

စသည့် တစ်ယောက်တစ်ပေါက်ဖြင့် မိန်းမငယ်လေးများ၏ နှုတ်ဆက်စကား အစုံပလုံများကို ရှန်တစ်ယောက် ဘယ်ကစ၍ ဘယ်လိုပြောရမလဲ မသိပေ။ပြုံးပြုံးလေးဖြင့်သာ နားထောင်နေလိုက်၏။

"မျက်လုံးကြီးလည်း ကျွတ်ထွက်သွားဦးမယ်..."

ရှန်ပိန်ခွက်ကိုကိုင်ရင်း ရှန့်ကို တစိမ့်စိမ့် ကြည့်နေသော နေအဂ္ဂအား ထရစ်ဇ်က တကူးတက အနားကပ်ကာ လာပြောသည်။သူက ထရစ်ဇ်စကားကို မကြားချင်ဟန်ဆောင်ကာ ခပ်တည်တည်ဖြင့် ရှန်ပိန်တစ်ငုံ မော့လိုက်၏။

ခဏကြာသော် ရှန် သန့်စင်ခန်းရန် တစ်ယောက်တည်း ထွက်လာခဲ့လိုက်သည်။သန့်စင်ခန်းမှ အပြန်တွင်....

"ဟင်....နှင်းလရောင်"

"တို့ ရှန့်ကိုပြောစရာရှိတယ်...ခဏလောက် လိုက်ခဲ့ပေးလို့ရမလား"

ခန်းမအပြင်ဘက်ရှိ အနောက်ဖက် ဝင်ပေါက်နားတွင် ရှန်နှင့်နှင်းလရောင်တို့ စကားပြောနေကြသည်။

"ရှန်နဲ့နေအဂ္ဂက အခုတွဲနေကြတာလား"

"ရှင်!......ဟို..."

"ထားပါတော့လေ....တို့ကိုက ကံဆိုးတာပါ"

"ဘာဖြစ်လို့လဲ"

နှင်းလရောင်က သက်ပြင်းအတုကို ဟန်လုပ်ချလိုက်ရင်း...

"နေအဂ္ဂ..သူက သာမန်လူ လုံးဝမဟုတ်ဘူး"

သူမက ဆက်ပြောသည်။

"ရှေးဟောင်း ဒဏ္ဍာရီလာ မျိုးနွယ်စုတွေထဲက တစ်ခုဖြစ်တဲ့ နတ်နဂါးမျိုးနွယ်စုက ဆင်းသက်လာတဲ့သူပဲ...တစ်ချိန်ကျရင် မျိုးနွယ်စုရဲ့ ထီးနန်းဆက်ခံရမဲ့သူ"

သူမစကားကြောင့် ရှန်အတော်လေး အံ့အားသင့်သွားသည်။

"အကြောင်းတစ်ခုကြောင့် ဒီကိုရောက်နေရတယ် ဆိုပေမဲ့ လရောင်နဲ့သူနဲ့က.."

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now