Part 34

164 3 0
                                    


ရှန်က သူ့လက်မောင်းကို ချိတ်ကာ ညစာစားပွဲသို့ ရောက်လာသည်။ရွှေသစ်နွယ်ရုံးတော်၏ ခြံဝင်းအတွင်း၌ မီးရောင်စုံထွန်းညှိကာ မိသားစုပွဲလေးအား အကျဉ်းချုံး၍ လုပ်ထားသည်ဟု ဆိုသော်လည်း သေသေချာချာ ဂရုတစိုက်ဖြင့် အနုစိတ်ပြင်ထားမှန်း သိသာလှပါဘိ။

အနီရောင်စားပွဲခင်းကြီး၏ အလယ်ဗဟို၌ ရွှေရောင်ဖယောင်းညှာတံများရှိ သွယ်လျသော ဖယောင်းတိုင် ဖြူဖြူတို့မှာ မီးစာဖြင့် တောက်ပကာ လင်းထိန်နေသည်။ဘေးပတ်ပတ်လည်တွင် ကျကျနန ခင်းကျင်းထားသော အဖြူရောင် ပန်းကန်ပြားများနှင့် ငွေရည်စိမ်ထားသည့် ခက်ရင်း၊ ဓားများက မီးရောင်ကြောင့် အရောင်တလက်လက်။

ကြီးမားတောက်ပြောင်နေသော ကျွန်းစားပွဲဝိုင်းကြီး၏ တစ်နေရာ၌ နေအဂ္ဂ ကုလားထိုင်တစ်လုံးအား ဆွဲယူလိုက်၍ ရှန့်အတွက် လူကြီးလူကောင်းဆန်စွာပင် ဦးစားပေးလိုက်သည်။

ထို့နောက် ရှန့်လက်ယာဘက်တွင် ကျကျနန ဝင်ထိုင်လိုက်၏။သိပ်မကြာခင်မှာပင် ဂျူးဂျူး၊ ချယ်ရီတို့နှစ်ယောက်နှင့် ဇေသစ်ချန်း၊ လင်းသစ်တို့နှစ်ယောက်မှာရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။

လင်းသစ်က ဂျူးဂျူးဘေး၌ ခပ်တည်တည်ဖြင့် ဝင်ထိုင်ရင်း သူမကို နှစ်လိုဖွယ်အပြုံးဖြင့် ပြုံးပြလေရာ ဂျူးဂျူးတစ်ယောက် သောက်လက်စ ဝိုင်ပင် ထသီးလေသည်။

သူမတို့ သိကျွမ်းခဲ့ဖူးသော နှစ်ကာလပေါင်းများစွာ တစ်လျှောက်မှာပင် လင်းသစ် ယခုကဲ့သို့ ညင်ညင်သာသာ မပြုမူခဲ့ဖူးပေ။အမြဲလိုလို စနောက်နေတတ်သော်လည်း အစ်ကိုကြီးတစ်ယောက်ကဲ့သို့ စိတ်ပူတတ်သေးသည့် လင်းသစ်မှာ သူမကို သဘောကျနိုင်သည်ဟု ဂျူးဂျူး ဘယ်သောအခါမှ မထင်ခဲ့ဖူးပေ။

"ဟော...မေမေလာပြီ"

ကျွန်းစားပွဲကြီးနားသို့ တဖြည်းဖြည်း လျှောက်လာသော ရှန့်မေမေမှာ အသက်(၄၈)နှစ်ခန့် ရှိပြီဖြစ်သော်လည်း အသက်အရွယ်နှင့် မလိုက်အောင်ပင် အရွယ်တင် နုပျိုနေသေး၏။

ရှန်က ကုလားထိုင်မှထကာ မေမေ့ကို သွားကြိုလိုက်သည်။ပထမဦးစွာ သူငယ်ချင်းဖြစ်သူများနှင့် မိတ်ဆက်ပေး၏။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Donde viven las historias. Descúbrelo ahora