~~(၃)နှစ်ခန့်ကြာသော်~~
ကြီးမားထည်ဝါသော နတ်နဂါးမျိုးနွယ်စု အင်ပါယာကြီး၏ ပလ္လင်အထက်တွင်တော့ ဧကရာဇ်မင်း အသစ်စက်စက် နန်းတက်ခဲ့သည်မှာ (၂)နှစ်ကျော်ပင် ရှိချေပြီ။နေအဂ္ဂ၏ ဖခင်ဖြစ်သူ ယခင်ဘုရင်ဟောင်းမှာမူ တိုက်ပွဲတွင်းရရှိခဲ့သော ကျိန်စာဆိုးကြောင့်ပင် နတ်ရွာစံခဲ့ရရှာသည်။
(၃)နှစ်တာ ကာလအချိန် လွန်မြောက်သွားသည့်အခါတွင်တော့ ချယ်ရီဆူးအပါအဝင် ဂျူးဂျူးလိုင်ရာနှင့် ထရစ်ဇ်လိုင်ရာတို့ မောင်နှမမှာ ရွှေသစ်နွယ်နယ်မြေ၌ အသီးသီး တာဝန်ထမ်းဆောင်လျက် ရှိသည်။သူမတို့ အားလုံးဆုံစည်းခဲ့သည့် မှော်ကျောင်းတော်ကြီးမှာ ကျောင်းသားများကို သင်ကြားပေးရာ၌ (၃)နှစ်တာရှိသွားခဲ့ပြီဖြစ်၍ ယခုတွင်တော့ ရုံးတော်အဖြစ် နဂိုမူလအတိုင်း ပြန်ဖြစ်တည်ခဲ့သည်။
တစ်ခုသော ညနေဆည်းဆာချိန်၌ နတ်နဂါးမျိုးနွယ်စု၏ ဧကရာဇ်မင်းတစ်ပါးသည် ကိုယ်ဖျောက်မန္တန် နှင့်အတူ နတ်စွမ်းအင်သုံးလျက် နန်းတော်မှ ထွက်ခွါလာခဲ့သည်။ရွှေရောင် အလင်းတန်းလေးတစ်ခုက ထိုနန်းတော်မှတစ်ဆင့် ယခင်က မှော်ကျောင်းတော် ဖြစ်ခဲ့သော ရွှေသစ်နွယ်အဆောက်အဦးထံသို့ ဦးတည်နေသည်။သို့သော် ထိုသို့မရောက်မီ နှင်းဆီခင်းကြီး၏ မလှမ်းမကမ်းနားက ရေတံခွန်သို့ သွားရာလမ်းတွင် အဆုံးသတ်သွား၏။
ထိုရွှေရောင် အလင်းတန်းမှာ တဖြည်းဖြည်းနှင့် လူအသွင်ပြောင်းသွား၏။ထိုသူက ရေတံခွန်ရှိရာသို့ ဦးတည်၍ သွားနေသည်။တောင်ကျရေများ တဟုန်းဟုန်း ကျဆင်းနေသော နေရာသို့ ရောက်သွားသောအခါတွင် စိုစွတ်နေသော ကျောက်နံရံကြီးကို တွေ့ရလေသည်။
ထိုကျောက်နံရံကြီးအား နတ်စွမ်းအင်သုံး၍ ဖွင့်လိုက်ရာ ဝင်ပေါက်တစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။သူက ထိုဝင်ပေါက်အတွင်းသို့ ဝင်သွားပြီး နှင်းဆီများ စီစီရီရီ ပေါက်နေသော လမ်းငယ်လေးတစ်ခုကို ဖြတ်သွား၏။အတွင်းပိုင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ အအေးငွေ့များက တဖြည်းဖြည်း သိပ်သည်းလာသည်။
လမ်းအဆုံးတွင်တော့ အလွန်တရာ အေးစက်တောင့်ခဲနေသည့် ရေခဲဖြင့် ပြုလုပ်ထားသော ခေါင်းတလား စင်တစ်ခုကို တွေ့ရလေသည်။ထိုရေခဲစင်ပေါ်တွင်မူ လဲလျောင်းနေသော ရှန့်ခန္ဓာကိုယ်လေးမှာ ငြိမ်သက်စွာ ရှိနေ၏။
YOU ARE READING
နတ်ဘုရားငယ်တို့ချစ်ပုံပြင်
Fantasy{ဖူးစာကြိုးသာ စစ်မှန်နေလျှင် ကမ္ဘာခြားရင်တောင် ပေါင်းစည်းကြရလတ္တံ့......} Title အတိုင်း..နတ်ဘုရားတွေရဲ့ အချစ်ဇာတ်လမ်းကို စာရေးသူ၏ စိတ်ကူးစိတ်သန်းအရ ပုံဖော်ဖန်တီးထားသည်မို့....Fantastically romance ကြိုက်နှစ်သူများအတွက်သင့်လျော်ပါသည်။ဘာသာပြန်မဟုတ်ပါ။...