နေအဂ္ဂက ဖခင်ဖြစ်သူထံသို့ စိုးရိမ်တကြီးဖြင့် ခပ်သွက်သွက်ပင် ပြေးသွားသည်။
"ဟာ!...ခင်ဗျားဘယ်လိုဖြစ်တာလဲ"
နတ်ဆိုးသခင်ကား အထက်စီးမှနေ၍ ခနဲ့တဲ့တဲ့ပြောလိုက်၏။
"အရင်က..ဒီလောက်တိုက်ခိုက်နှုန်းကခင်ဗျားအတွက်ခပ်ပါးပါးလေးမဟုတ်ဘူးလား......ဧကန္တ....."
လှောင်ပြောင်ချင်သည့် လေသံက တဖွားဖွား ပေါ်ထွက်နေသည်။
"ခင်ဗျား...တကယ်ပဲ ကောလဟလတွေအတိုင်း ကျိန်စာမိနေတာများလား.....ဟား..ဟား...ဟား"
ရယ်ကျဲကျဲ အသံဖြင့်ပြောနေသော နတ်ဆိုးသခင်၏ စကားကြောင့် နေအဂ္ဂက ဖခင်ဖြစ်သူကို လှည့်ကြည့်ကာ...
"ခမည်းတော်..ဘာကျိန်စာလဲ..သူဘာတွေပြောနေတာလဲ"
မျက်စိမျက်နှာ ပျက်သွားသည့် ထိုဘုရင်မှာ ခေတ္တမျှ နှုတ်ဆိတ်နေ၏။
"ဟာ...တကယ်ပါပဲ..ကျုပ်ကအချိန်အကြာကြီး စောင့်နေတာလေ ခင်ဗျားကိုပြိုင်တိုက်ဖို့ ၊ နှမြောစရာပဲ အခုတော့ ခင်ဗျားက အိုမင်းရင့်ရော်နေတဲ့ နဂါးမင်းသာသာဖြစ်နေပြီ ၊ ဒါတောင် ကျိန်စာကမိနေသေးတော့ ခင်ဗျားကိုသတ်ရမှာ အရမ်းလွယ်လွန်းနေတယ်"
"ခင်ဗျား..ပါးစပ်ပိတ်ထား!!!"
နေအဂ္ဂ ဒေါသထောင်းခနဲ ထွက်သွားသည်။နတ်နဂါးဘုရင်က နေအဂ္ဂဘက် လှည့်ကြည့်ကာ တုန်ယင်နေသည့် အသံကို ထိန်းကာပြော၏။
"ခမည်းတော် တိုက်ခဲ့တဲ့ နောက်ဆုံးတိုက်ပွဲမှာ ကျိန်စာတစ်ခုမိသွားခဲ့တယ်..အဲ့ကျိန်စာက သေမင်းကျိန်စာပဲ"
သူက အသက်ကို မနည်းလုရှူကာ ဆက်ပြောနေသည်။
"အဲ့ဒီကျိန်စာမိတဲ့ ဘယ်သူမဆို တစ်နေ့ထက်တစ်နေ့ ခန္ဓာကိုယ်ထဲက အင်အားနဲ့ အမြုတေကို တဖြည်းဖြည်း ဖျက်ဆီးစားသုံးပစ်တာခံရပြီး နောက်ဆုံးမှာ နာကျင်မှုအဆပေါင်းများစွာနဲ့ သေသွားရတယ်..ဖြေဆေးမရှိဘူး"
"ခမည်းတော်....အဲ့ဒါဘာလို့ အခုမှပြောရတာလဲ!!!.."
"ကလေး..."
နေအဂ္ဂလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၏။
"ခမည်းတော် တောင်းပန်ပါတယ်...အချိန်တွေ သိပ်မရှိတော့ဘူး....ဒါကြောင့် မင်းနန်းတက်မှရမယ်..မင်းက ဒီအင်ပါယာရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ပဲ...မင်းနန်းတက်မှကိုဖြစ်မယ် နေအဂ္ဂ"
YOU ARE READING
နတ်ဘုရားငယ်တို့ချစ်ပုံပြင်
Fantasy{ဖူးစာကြိုးသာ စစ်မှန်နေလျှင် ကမ္ဘာခြားရင်တောင် ပေါင်းစည်းကြရလတ္တံ့......} Title အတိုင်း..နတ်ဘုရားတွေရဲ့ အချစ်ဇာတ်လမ်းကို စာရေးသူ၏ စိတ်ကူးစိတ်သန်းအရ ပုံဖော်ဖန်တီးထားသည်မို့....Fantastically romance ကြိုက်နှစ်သူများအတွက်သင့်လျော်ပါသည်။ဘာသာပြန်မဟုတ်ပါ။...