မနက်(၇)နာရီတွင် ခေါင်းလောင်းသံက တစ်ကျောင်းလုံးကို တုန်ခါပျံ့နှံ့သွားသည်။အိပ်ယာမှမထမချင်း နှိုးဆော်တိုက်တွန်းနေသည့် ထိုခေါင်းလောင်းကြီးအား မည်သူမျှ သွားပိတ်လို့လည်း မရချေ။
(၈)နာရီတိတိတွင်တော့ ကျောင်းတော်ကြီး၏ ရှေ့မျက်နှာစာရပ်ဝန်း၌ ကျောင်းသား/သူများ အသီးသီး စီတန်းနေရာယူကာ မတ်တတ်ရပ်ကြရ၏။
ရှေ့ဆုံးမှ ဆရာတစ်ယောက် ထွက်လာသည်။နည်းပြများထဲမှတစ်ယောက် 'Mr .White'ဖြစ်သည်။နိုင်ငံခြားသားနှင့်မြန်မာ(ကပြား)တစ်ယောက်ဖြစ်၏။တချို့များက 'ဦးဖြူငယ်'ဟု ခေါ်ကြသော်လည်း အများစုမှာ မစ္စတာဝှိုက်ဟုသာ အခေါ်များကြ၏။
နာမည်နှင့် လိုက်ဖက်စွာပင် ပိန်ပိန်ရှည်ရှည်နှင့် အသားအရေ အလွန်ဖြူသော လူတစ်ယောက်ဖြစ်သည်။မျက်နှာထားကို အမြဲလိုလို တင်းထားလေ့ရှိပြီး ကျောင်းတော်၏ အရေးပါသူ တစ်ယောက်ဖြစ်၍ သူ့အား ကလန်ကဆန်လုပ်ရဲသူ သိပ်မရှိကြ။အသက်အရွယ်အားဖြင့် (၄၀)ခန့်ရှိ၏။
မစ္စတာဝှိုက်က ရှေ့ဆုံးမှနေ၍ နာမည်ခေါ်ပြီး တန်းခွဲပြောပေးလေ၏။
"(လင်းသစ်၊ ယုသွယ်၊ နှင်းလရောင်၊ သက်ယာ၊ ဇေသစ်ချန်း) တန်းခွဲ(၁)ကိုသွားရမယ်"
"(..........)တန်းခွဲ(၂)
(..........)တန်းခွဲ(၃)
(.........)
(..........)....""အမလေးလေး...လင်းသစ်တော့ အော့ကြော့လန်အဖွဲ့နဲ့ သွားတိုးရတယ်လို့"
ချယ်ရီက ခေါင်းကို အသာယမ်းခါကာ သူမပါသာသူမ ပြောလိုက်၏။ထို့နောက် ရှန့်နားကပ်၍....
"ရှန်..အဲ့လေးယောက်ကလေ ကျောင်းတော်မှာ စီနီယာကျတဲ့အဖွဲ့လို့ ပြောလို့ရတယ်သိလား ၊ သူတို့ကို သွားကျော်ရဲတဲ့သူဆိုတာ လက်ချိုးရေလို့ရတဲ့အထိပဲ...အထူးသဖြင့် သူတို့မိဘတွေက အထက်ပိုင်းအရာရှိတွေများတယ်၊ မျက်နှာတွေကိုလည်းကြည့်လေ မသိရင် သူတို့လုပ်စာ ထိုင်စားနေရတဲ့အတိုင်း"
"သူတို့က အဲ့လောက်တောင်ဆိုးလို့လား"
"ဆိုးတယ်ရယ်ထက်..အမ်း....ဒီလိုပါဘဲ ၊ ငါတို့တော့ ဝေးဝေးရှောင်တယ်...မပက်သက်ချင်ဘူး နင်လည်း ကြည့်ရှောင်နော် ရှန်"

أنت تقرأ
နတ်ဘုရားငယ်တို့ချစ်ပုံပြင်
خيال (فانتازيا){ဖူးစာကြိုးသာ စစ်မှန်နေလျှင် ကမ္ဘာခြားရင်တောင် ပေါင်းစည်းကြရလတ္တံ့......} Title အတိုင်း..နတ်ဘုရားတွေရဲ့ အချစ်ဇာတ်လမ်းကို စာရေးသူ၏ စိတ်ကူးစိတ်သန်းအရ ပုံဖော်ဖန်တီးထားသည်မို့....Fantastically romance ကြိုက်နှစ်သူများအတွက်သင့်လျော်ပါသည်။ဘာသာပြန်မဟုတ်ပါ။...