Part 20

216 5 0
                                    

နံနက်ဝေလီဝေလင်း အချိန်သို့ ရောက်လာလေပြီ...။
ရှန်နှင့်ထရစ်ဇ်တို့ နေအဂ္ဂဆီ လိုက်သွားရန် ပြင်ဆင်နေကြသည်။လွယ်အိတ်ထဲတွင် သူတို့ခရီးတစ်လျှောက် လိုအပ်လောက်မည့် ပစ္စည်းများ အစုံအလင် ထည့်ခဲ့ကြ၏။မထွက်ခွါခင်မှာလည်း ဂျူးဂျူးနှင့်ချယ်ရီတို့က အတတ်နိုင်ဆုံး အစစအရာရာ ဂရုစိုက်ဖို့ ထပ်ခါထပ်ခါမှာသည်။

အချိန်အားဖြင့် မနက်(၈)နာရီခန့်ပင်။ထရစ်ဇ်က မြေပုံကိုင်ရင်း ရှေ့မှ ဦးဆောင်လျက်သွား၏။သူက မြေပုံထဲကို သေချာကြည့်ရှုရင်း...

"ရှန်....အဲ့ဒီနတ်မျိုးနွယ်စုနေရာက သိပ်မဝေးပေမဲ့ မျက်စိနဲ့ အလွယ်တကူ မြင်ရမှာတော့မဟုတ်ဘူး...ကြည့်ရတာ ငါတို့ မှော်အကာအရံဖျက်တဲ့နည်း သုံးရမယ်ထင်တယ်"

"ဟုတ်..."

"သိပ်မဝေးဘူး ဆိုပေမဲ့လည်း မပေါ့နဲ့...ဒဏ္ဍာရီလာ နတ်မျိုးနွယ်စုဆိုတော့ အစောင့်အကြပ်ကတော့ တော်တော်များနိုင်တယ်"

"ကျေးဇူးပါထရစ်ဇ် အခုလိုကူညီပေးတဲ့အတွက်"

သူမအသံက နွမ်းလျနေသည်။

"ရပါတယ်....ပြီးတော့ အဲ့လောက်ကြီးလည်း စိတ်ပူမနေပါနဲ့ နေအဂ္ဂ...ဒီကောင်အဆင်ပြေမှာပါ"

ထရစ်ဇ်က သူမကို ပြေရာပြေကြောင်း အားပေးစကား ဆိုလိုက်သည်။သူမကတော့ သက်ပြင်းကို ခပ်တိုးတိုးလေးသာ ရှိုက်လိုက်၏။အရှေ့မှသွားနေသော ထရစ်ဇ် ကြားနိုင်မကြားနိုင် သူမ မသိပေ။

နေ့လည်(၁၂)နာရီဝန်းကျင်တွင် ထရစ်ဇ်က ဗိုက်ဆာဆာဖြင့် နေ့လည်စာ စားနေသော်လည်း ရှန်က ပတ်ဝန်းကျင်ကိုသာ တမှိုင်မှိုင်တွေဝေရင်း ငေးကြည့်နေ၏။သူမအခြေအနေကို ထရစ်ဇ်သတိထားမိသည်။သို့သော် ရှန်နှင့်နေအဂ္ဂအတွက် သူအကောင်းဆုံး လုပ်ပေးနေသည် မဟုတ်ပါလား။

~~~~~~~~~~~~~~~~~~~~~~~~~~

ဂျူးဂျူးနှင့် ချယ်ရီတို့ နှစ်ယောက်သား ပန်းခြံထဲတွင် ထိုင်လျက် စကားတပြောပြော လုပ်နေကြသည်။ချယ်ရီက လက်ထဲက ချောကလက်ချောင်းကို တစ်ကိုက်ကိုက်လိုက်ရင်း...

"ဂျူးဂျူး.....ရှန်တို့အဆင်ပြေပါ့မလား"

"ပြေမှာပါ...ထရစ်ဇ်လည်းပါသွားတာပဲ"

နတ်ဘုရားငယ်တို့ချစ်ပုံပြင်حيث تعيش القصص. اكتشف الآن