ရွှေသစ်နွယ်ရုံးတော်၏ အပေါ်ဆုံးအလွှာသို့ ကမန်းကတန်း တက်လာသူမှာ နေအဂ္ဂပင်။လျှောက်လမ်းတွင် ခေါက်တုံ့ခေါက်ပြန်ဖြင့် ဂနာမငြိမ်ကာ လမ်းလျှောက်နေသော မစ္စတာဝှိုက်ကို တွေ့သောအခါ....
"မစ္စတာဝှိုက်!...ကျွန်တော်ဒိုရီကျောက်စိမ်းရလာခဲ့ပြီ ၊ ရှန်ရောအိပ်ခန်းထဲမှာပဲမလား.."
"အရှင်!..."
မစ္စတာဝှိုက်မျက်နှာကား သုန်မှုန်နေရာ အသံမှာလည်း ဖျော့တော့နေသဖြင့် သူကစိုးရိမ်လာပြန်၏။
"ဘာဖြစ်လို့လဲ...ရှန်ခေါင်းပိုကိုက်လာလို့လား.."
"အရှင်မ....အရှင်မပျောက်သွားပြီ!.."
"ဘာ!...."
နေအဂ္ဂတစ်ယောက် ခေါင်းမီးတောက်သွား၏။ဤကဲ့သို့အခြေအနေတွင် သူဘယ်ဆီသို့ သွားရှာရမှန်းမသိ။စိတ်ထဲထင်သည့်အတိုင်း ခြေဦးတည့်ရာ ရှာဖို့သာ ရှိတော့သည်။
မစ္စတာဝှိုက်နှင့် တာဝန်ရှိ အကြီးအကဲများမှာလည်း မိမိတို့တာဝန်ကျရာ ရွှေသစ်နွယ်ပိုင်နက် အသီးသီးတွင် ရှန့်ကို လိုက်လံရှာဖွေကြရသည်။
မိုးများမှာ ရေကုန်ရေခန်း ဖြိုင်ဖြိုင် သွန်းဖြိုးနေတုန်းပင်။ပထမဦးစွာ ရေခဲဖန်သားစင်ရှိရာ ရေတံခွန်သို့လည်းကောင်း ၊ သူမ 'နတ်ဘုရားမ'အဖြစ် ပြန်လည်နိုးထခဲ့သော ရေကန်တစ်ဝိုက်သို့ လည်းကောင်း ၊ ရွှေသစ်နွယ်ပိုင်နက်ရှိ နေရာတော်တော်များများဆီသို့ နှံ့စပ်နေအောင် သူရှာခဲ့ပြီးလေပြီ။
ပစ်လဲချင်လောက်အောင် ပင်ပန်းနေပြီ ဖြစ်သော်ငြားလည်း သူမကိုစိုးရိမ်သော စိတ်က ပိုစိုးမိုးနေ၏။
"ကွာ!....ရှန်ဘယ်မှာလဲ!...ဘာလို့ဒီနေ့မှလဲ..ဘာလို့..."
သူ့အကြည့်တွေက ရပ်တန့်သွားသည်။တစ်ခုခုကို တွေးတွေးဆဆ ပြုမိသွားပုံရ၏။
"ဒီနေ့တဲ့လား....ဧကန္တ.."
ခေါင်းထဲတွင် ထိုတစ်နေရာသာ ပေါ်လာ၏။ 'တခန့်တမူရာ' နယ်မြေသို့ သူတန်းတန်းမတ်မတ်သာ သွားလေတော့သည်။
အုံ့မှိုင်းကာ ညိုမဲနေသော တိမ်စိုင်များအောက်တွင်တော့ မိုးများက ဆက်တိုက် ရွာသွန်းနေဆဲပင်။

أنت تقرأ
နတ်ဘုရားငယ်တို့ချစ်ပုံပြင်
خيال (فانتازيا){ဖူးစာကြိုးသာ စစ်မှန်နေလျှင် ကမ္ဘာခြားရင်တောင် ပေါင်းစည်းကြရလတ္တံ့......} Title အတိုင်း..နတ်ဘုရားတွေရဲ့ အချစ်ဇာတ်လမ်းကို စာရေးသူ၏ စိတ်ကူးစိတ်သန်းအရ ပုံဖော်ဖန်တီးထားသည်မို့....Fantastically romance ကြိုက်နှစ်သူများအတွက်သင့်လျော်ပါသည်။ဘာသာပြန်မဟုတ်ပါ။...