Part 11

243 5 0
                                    

နံနက်ဝေလီဝေလင်းအချိန် ထိုအဆောက်အဦးကြီး၏ တံခါးပေါက်ရှေ့တွင်တော့ ရှန်တို့အဖွဲ့ အဘိုးအိုကို သေချာ နှုတ်ဆက်နေကြသည်။၎င်းတို့ငါးယောက် ထိုနေရာမှကျောခိုင်း၍ ခရီးဆက်ကြဖို့ ပြင်သည့်အချိန်မှာတော့ ထိုအဆောက်အဦးကြီးမှာ အဘိုးအိုနှင့်အတူ တရိပ်ရိပ် ပျောက်ကွယ်သွားသည်။

တစ်ဖွဲ့လုံး လမ်းလျှောက်လာကြသည်မှာ တစ်နာရီခန့် ရှိလေပြီ။မြေပုံတစ်ခုနှင့် အလုပ်ရှုပ်နေသည့် ထရစ်ဇ်က....

"ဟေးဟေး....အားတင်းထားကြ၊ သိပ်မလိုတော့ဘူး၊ ခဏနေရင် သုံးရောင်ခြည်ပန်းရှိတဲ့ နတ်ဆိုးလောကကို ဝင်ရတော့မှာ"

(၁၅)မိနစ်ခန့် ကြာပြီးသည့် နောက်တွင်တော့ လမ်းလျှောက်လာရသည့် ပတ်ဝန်းကျင် တစ်လျှောက်လုံးတွင် ချုံနွယ်ပိတ်ပေါင်းများနှင့် သစ်ပင်နွယ်ပင်များက တဖြည်းဖြည်း ထူထဲလာသည်။

ပါလာသော ဓားမြောင်၊ ဓားတိုများနှင့် ခက်ခက်ခဲခဲ ရှင်းလင်းပြီးနောက်မှာတော့ စူးရှဖြာထွက်နေသည့် အလင်းရောင်တချို့ကို တွေ့မြင်လိုက်ရ၏။ထိုအလင်းရောင်မှာ လူနှစ်ရပ်စာခန့် အရွယ်ရှိသော ဝင်ပေါက်ကြီးတစ်ခုပင်။

"ရောက်ပြီ"

ထိုဝင်ပေါက်ကို နေအဂ္ဂက ပထမဦးဆုံး တွေ့မြင်သွားသဖြင့် အားလုံးကြားအောင် အော်ပြောလိုက်၏။ထို့နောက် ထရစ်ဇ်မှ...

"အားလုံး အခုချိန်ကစပြီး သတိရှိရှိနေကြ၊ ပြီးတော့ မစ္စတာဝှိုက် မှာထားတဲ့အတိုင်း မန္တန်ရွတ်ပြီး ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ စည်းချရမယ်"

ထိုအစီအရင်သည် နတ်ဆိုးများရန်မှ ကာကွယ်ရန် ဖန်တီးထားခြင်းဖြစ်သည်။အစီအရင် ဖန်တီးရာ၌ စည်းချလိုသော လူအရေအတွက်နှင့် ကိုက်ညီသည့် အကြိမ်ရေ အတိအကျ ရွတ်ရမည်ဖြစ်သည်။ထိုလူများထဲမှ တစ်စုံတစ်ယောက် ထိခိုက်မှုရှိခဲ့လျှင် စည်းပျက်သွားမည်ဖြစ်သည်။

ထရစ်ဇ်ပြောပြီးနောက် အားလုံး တစ်ယောက်လက်ကို တစ်ယောက်တွဲလိုက်ကာ စက်ဝိုင်းပုံစံနေလိုက်သည်။
မန္တန်(၅)ခေါက်တိတိ ရွတ်ပြီးသည်နှင့် ထိုမန္တန်စွမ်းအင်​ကြောင့် ငွေရောင်အလင်းတန်းများက ထိုလူ(၅)ဦးအား လွှမ်းခြုံသွားလေသည်။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now