Part 10

225 4 0
                                    

ကောင်းကင်ပြာကြီးကြားထဲမှ အဖြူရောင် တိမ်မျှင်တိမ်စတွေမှာ ဝင်လုဆဲဆဲ နေရောင်ကြောင့် ပန်းနုရောင်သန်းနေသည်။ညနေဆည်းဆာရဲ့ အငွေ့သက်များမှာလည်း လမ်းခရီးတစ်လျှောက် တဖြည်းဖြည်း လွှမ်းခြုံလျက်ရှိလာသည်။

လမ်းတစ်ဖက်တစ်ချက်၌လည်း လေပြေကြောင့် အသာအယာ ယိမ်းနေကြသော နေကြာပန်းခင်းကြီးကို တွေ့မြင်ရ၏။နေဝင်တော့မည် မို့လားပင်မသိ။နေကြာပန်းများမှာ ခေါင်းငိုက်ကျလျက်ပင်။

အတန်ကြာ ကျောပိုးခံထားရ၍ ယခုချိန်မှာတော့ ရှန် တစ်ယောက် သူမကိုယ်တိုင် လမ်းလျှောက်နိုင်နေလေပြီ။သို့သော် ခြေထောက်မှဒဏ်ရာ အရှင်းမပျောက်သေးတာမို့ ချယ်ရီကတွဲ၍ ကူထိန်းပေးရတုန်းပင်။

နေအဂ္ဂနှင့် ထရစ်ဇ်တို့မှာ ယောကျ်ားလေးများပီပီ အရှေ့မှဦးဆောင်ကာ သွားနေကြ၏။တစ်ဖွဲ့လုံး ခရီးပန်းနေပြီ ဖြစ်သောကြောင့် နားချင်နေကြသည်မှာ စစ်မေးစရာတောင် မလိုပေ။ဂျူးဂျူးက သူမအိတ်ထဲမှ အိတ်ဆောင်နာရီလေးကို ထုတ်ကြည့်လိုက်ကာ...

"ခဏနေ အတိမှောင်တော့မယ်၊ မြေပုံအတိုင်းသာဆို ဒီနား လှမ်းလှမ်းလောက်မှာ ငါတို့ကျောင်းတော်က လူတွေအတွက် နားလို့ရတဲ့နေရာ ပြထားတယ်ဆို ထရစ်ဇ်"

"အေး....ငါလည်းကြည့်နေတာပဲ...ညွှန်းထားတာတော့ဒီနားတစ်ဝိုက်မှာ"

ထရစ်ဇ်က လမ်းလျှောက်နေရင်း လက်ထဲက မြေပုံကိုကြည့်ကာ....

"ပြထားတာတော့ ဒီနေရာပဲဟ....ဒါပေမဲ့"

ထရစ်ဇ်က ထိုနေရာတွင် ရပ်လိုက်၏။သူရပ်သည့် နေရာတွင် မြေကွက်လပ်ကြီးသာ တွေ့ရသည်။သို့သော် အလယ်တည့်တည့်တွင် ခရမ်းရောင်သန်းနေသောပန်းမှာ တစ်ပွင့်တည်းတည်း ရှိနေ၏။

"ဒီပန်းက...."

"နေဦး...."

ဂျူးဂျူးက ဖြတ်ပြောလိုက်သည်။

"ဒီပန်းက ငါတို့ကျောင်းတော်ရဲ့ ဆင့်ပွါးထားတဲ့ ပန်းမျိုးနွယ်စုတွေမလား...ကျောင်းတော်ရဲ့ တချို့ပန်းချီတွေမှာတောင် ဒီပန်းပါတယ်လေ"

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now