Part 29

211 4 0
                                    

တစ်ခုသော ညနေခင်းအချိန် ရှန့်အခန်း၏ ဝရံတာ၌ နေအဂ္ဂနှင့်သူမ စကားစမြည် ပြောနေကြသည်။

"ရှန်....ကိုယ် မနက်ဖြန်မလာနိုင်လောက်ဘူး ထင်တယ်.."

"ဟယ်!..ဘာဖြစ်လို့..အာ!"

ရုတ်တရက် နေအဂ္ဂက ယခုလိုဆိုလာတော့ သူမအလန့်တကြား ပြောမိသည်။သို့သော်လည်း သူမခံစားချက်အား သိသိသာသာ ဖော်ပြလိုက်သလို ဖြစ်မည်စိုးသဖြင့် လေသံကို ချက်ချင်း ပြန်ပြင်လိုက်၏။

"အဟမ်း!..ဘာဖြစ်လို့တုန်း"

"ကိုယ့်မှာ လုပ်စရာအစီရင်ခံစာတွေ တစ်ပုံကြီးကျန်သေးတယ်လေ...ရှန်ရဲ့"

"ရှင်က မှန်မှန်မှမလုပ်ဘဲ"

"ဟား!....ကိုယ်က ရှန့်ဆီကိုပဲ လာနေတာကိုး ၊ ဒီတော့အလုပ်လုပ်ချိန် ဘယ်ရှိမလဲ"

သူမ နေအဂ္ဂမမြင်အောင် နှာခေါင်းလေး ရှုံ့မိသည်။သို့သော် ဘာတစ်ခွန်းမှတော့ ပြန်မပြောလိုက်ပေ။သူပြောသည်မှာလည်း မှန်နေသည်ကိုး..။

သူက ရှန့်လက်ကလေးကို ခပ်ဖွဖွ ဆုပ်ကိုင်ရာ...

"ဘာလို့လဲ...ရှန်ကကိုယ့်ကို မခွဲနိုင်လို့လား"

ရှန်က သူမအား ကိုင်ထားသည့် သူ့လက်ကို ခါချလိုက်သည်။

"အို...မဟုတ်တာ..ရှင့်ပါသာ လာချင်တဲ့အချိန်လာပေါ့မလာလည်း ဘာမှမဖြစ်ဘူး"

~~~~~~

"ထရစ်ဇ်!....ထရစ်ဇ်!.."

ထရစ်ဇ် အလုပ်လုပ်သော ရုံးခန်းဆီသို့ တံခါးကို ဝုန်းဒိုင်းဖွင့်လျက် အထဲသို့ဝင်လာသူမှာ ရှန်လွန်းတာရာပင်။နှုတ်မှလည်း သူ့နာမည်ကို ရုံးခန်းမရောက်ခင် ကတည်းက တောက်လျှောက် အော်ခေါ်နေသေး၏။

"ရှန်...အဲ!..အရှင်မ"

"ရတယ်..ရှန်လို့ပဲခေါ်"

သူမက လက်ကာပြလိုက်ရင်း ရင်းရင်းနှီးနှီးသာ ပြောလိုက်သည်။

"ဟုတ်ကဲ့..."

သို့သော် တစ်ချိန်က ဘယ်လောက်ပင် ရင်းနှီးခဲ့စေကာမူ ထရစ်ဇ်တစ်ယောက် စကားအပြောအဆို သေသေချာချာ ဆင်ခြင်ရသည်။ယခု သူ့ရှေ့တွင် ရှိနေသည်မှာ 'သုံးလောကရဲ့နတ်ဘုရားမ' မဟုတ်ပါလား..။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now