(Zawgyi code)
"အင်း... ဟုတ်လား... ဒါပေမဲ့ ကိုယ်လည်း သေချာတယ်ကွ။ MD ကို ဆုံဖူးနေခဲ့တယ်ဆိုတာ။ အော် နောက်ပြီး မြန်မာနိုင်ငံရဲ့ 5 star အဆင့်ရှိတဲ့ဟိုတယ်တွေရဲ့ ဧည့်ခန်းတွေထဲမှာ CCTV တွေရှိတယ်ဆိုတာကိုရော မင်းသိရဲ့လား"
"အဲဒါနဲ့ ကျမကို ဆုံဖူးတာ ဘာများ ဆက်စပ်မှုရှိနေလို့လဲ အန်ကယ်..."
ဦးမောင်သိန်းရဲ့စကားထဲ ဟိုတယ်ဆိုတဲ့ အသုံးနှုန်းပါလာတဲ့အခါ သူမမျက်နှာလေး သိသိသာသာ ငြိုးငယ်သွားတာ နှင်းဆီမြင်လိုက်ရတယ်။
ထိုမြင်ကွင်းကပဲ နှင်းဆီကို ထူပူစေတာ။
ဦးမောင်သိန်းလို လူလောက်ကတော့ သူမသာရှိမနေကြည့်... နှင်းဆီ အသာလေး လှည့်စားနိုင်တယ်။
ဒါပေမဲ့ အခု သူမက ရှိနေလေတော့...
"ကဲပါ... နှင်းဆီကို အရင်က မြင်ဖူးခြင်း၊ မမြင်ဖူးခြင်းက အခုဒီကိုလာတဲ့အလုပ်ကိစ္စနဲ့ သိပ်ပတ်သတ်မယ်မထင်လို့... လောောလဆယ် ကျမ ဦးမောင်သိန်းအတွက် ပြင်ဆင်ပေးထားတဲ့ ဟိုတယ်ဆီကိုပဲ အရင်ပို့ပေးပါရစေ... ပြီးမှ ကျန်တာ ဆက်ပြောကြတာပေါ့..."
ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ဦးမောင်သိန်းကို သူမက ကားတစ်စီး စီးစေတယ်။
သူမနဲ့အတူ ကားပေါ်ပြန်ရောက်တော့ နှင်းဆီသိသိသာ ငြိမ်သက်မိနေတယ်။
သူမ တစ်ခုခုများ မေးလေမလားပေါ့။ သူမဆီက သက်ပြင်းချသံ သဲ့သဲ့တစ်ချို့လွဲပြီး နှင်းဆီကို ဘာမှ မေးမလာခဲ့ဘူး။
ဦးမောင်သိန်းကတော့ နှင်းဆီဗြောင်လိမ်လိုက်ခြင်းအပေါ် ဘယ်လိုမှ အစာမကြေဘူး။
ဦးမောင်သိန်းဟာ အခွင့်သာတာနဲ့ နှင်းဆီဟာ လူလိမ်မတစ်ယောက်ဆိုတာ သူမသိအောင် ပြောမယ်ဆိုတာ သေချာလှပါတယ်။
---------------------------------------------------
အလုပ်ကိစ္စတွေအကုန်ပြီးသွားတဲ့အချိန်ထိ နှင်းဆီဟာ သူမ အနားမှာရှိနေခဲ့တဲ့အတွက် ဦးမောင်သိန်းဟာ နှင်းဆီ အကြောင်းပြောဖို့ ဘယ်လိုမှ အခွင့်မသာခဲ့။
နောက်ဆုံး ဦးမောင်သိန်းကို ဟိုတယ်သို့သာ ပြန်ပို့ဖြစ်သွားတယ်။ ဘာမှပြောခွင့်မရလိုက်။
နှင်းဆီအဆောင်သို့သာ ပြန်လာခဲ့ရတယ် ရင်ဘတ်ထဲ ပူလောင်နေတာပဲ။
ဦးမောင်သိန်းက တစ်နည်းနည်းနဲ့တော့ သူမကို နှင်းဆီအကြောင်းပြောပြမှာပဲ။ အဲဒီလို နှင်းဆီ အကြောင်းကို သူမ သိသွားတာနဲ့ နှင်းဆီကို မောင်းထုတ်လိုက်လေမလား။
သူမလည်း သိနေတယ်။ ဦးမောင်သိန်း တစ်ခုခုပြောချင်နေတယ်ဆိုတာ။
သူမအိမ်ပြန်ရောက်ပြီး မကြာဘူး။ ဦးမောင်သိန်းဆီက ဖုန်းဝင်လာပြီး အရေးတကြီးပြောစရာရှိတယ်ဆိုပြီး သူမပိုင်တဲ့ဘားတစ်ခုကို လှမ်းချိန်းတယ်။
တကယ်တော့ ဦးမောင်သိန်းပြောလာမယ့်စကားတွေကို သူမ မကြားရဲဘူး။
ဒါပေမယ့် ချိန်းတာကို မသွားဘူးဆိုရင် သိပ်သိသာသွားမှာစိုးလို့သာ ထွက်ခဲ့လိုက်ရတယ်။ လုံးဝ စိတ်မပါဘူး။
"ကျတော်...
MD ကို သတိပေးစရာရှိလို့ အခုလို ခေါ်လိုက်တာ... အားတော့နာပါတယ်"
ဘားထဲမှာ ငြိမ့်ငြိမ့်ညောင်းညောင်းဖွင့်ထားတဲ့ သီချင်းသံကိုလည်း သူမ သေချာ မကြားနိုင်။
အေးစိမ့်နေတဲ့ အဲကွန်းအောက်မှာ သူမ ချွေးတို့ စို့ချင်ချင်။
"သတိပေးစရာ ဟုတ်လားဦးမောင်သိန်း?"
"ဟုတ်တယ် MD. ကျတော်နဲ့ MDက ငယ်ချင်းလို သိပ်မရင်းနှီးကြဘူးဆိုပေမယ့်... MD အဖေနဲ့က အရမ်းခင်ခဲ့တာလေ။ နောက်ပြီး MD ဆိုတာကလည်း ကျတော်တို့ မျက်စိအောက်တင် အရွယ်ရောက်လာတာ။ ကျတော့်အတွက်ကတော့ MDက ညီမလေးတစ်ယောက်လိုပဲ။ အဲ့ဒါကြောင့်မှိ့လို့ သတိပေးမလို့ ခေါ်လိုက်တာ..."
"
ဘာများလဲ ဦးမောင်သိန်းရယ်... ဘာတွေများ သတိပေးချင်နေတာလဲ??"
စကားတွေနဲ့ ပလ္လင်ခံနေတဲ့ ဦးမောင်သိန်းကို ဆက်လက်သီးမခံနိုင်တော့ပဲ သူမ တည့်တိုးပဲ မေးလိုက်မိတယ်။
"
MD နဲ့ နေ့လည်တုန်းကတွဲလာတဲ့ကောင်မလေးက MD ရုံးကဝန်ထမ်းလား? သူကဘယ်အပိုင်းမှာလုပ်တာလဲ?"
"
ဘယ်သူများလဲ? နေ့လည်က လေဆိပ်မှာတွေ့တဲ့ တစ်ယောက်လား?"
"အင်း ဟုတ်တယ်... အဲဒီတစ်ယောက်... သူ့နာမည်က ဘာတဲ့?"
"
ပန်းနှင်းဆီလား ဦးမောင်သိန်း?"
"
ပန်းနှင်းဆီ ဟုတ်လား? အခုတော့ သူ့နာမည်က ပန်းနှင်းဆီတဲ့လား?"
"ဟုတ်ကဲ့"
"အေး... ဒါပေမဲ့ ကျတော်နဲ့တွေ့တုန်းက သူ့နာမည်က ဖူးငယ်တဲ့။ ဒါနဲ့ သူက ဘယ်ဌာနမှာ လုပ်နေတာလဲ မသိဘူး?"
"
Chief Accountant ကိုပေးထားတယ်"
"
ဒါဆိုရင်တော့ ကျတော် လေးလေးနက်နက်လေး သတိပေးချင်ပါတယ် MD. MDက သူခိုးလက်ထဲကို သော့အပ်သလိုဖြစ်နေဦးမယ်နော်"
"
ဘာဖြစ်လို့များလဲ? ဦးကျော်သိန်းပြောတာတွေကို ကျမဘာမှ နားမလည်တော့ဘူး"
"
ပြောရရင်တော့ ရှက်စရာပါ။ ဒါပေမဲ့ MD ကိုသတိပေးရမှာဆိုတော့ ကျတော်ရှက်ရှက်နဲ့ပဲ ပြောပါတော့မယ်။ အဲကောင်မလေးနဲ့ ကျတော် အရင်က တစ်ခါ ဆုံခဲ့ဖူးတယ်။ အဲဒီတစ်ခါလေးမှာပဲ အဲဒီကောင်မလေးက ကျတော့်ကို လိမ်သွားဖူးတယ်"
ဦးမောင်သိန်း မျက်နှာပူပူပြောလာတဲ့ စကားများက သူမ့အတွက်တော့ သံရည်ပူများ နားထဲသို့ လောင်းချလိုက်သလိုပင်။
ဒီလိုစကားတွေကြားရမယ်ဆိုတာကိုလည်း သိသိရက်နဲ့ တကယ်တမ်းကြားရတော့ သူမ လက်မခံနိုင်ပြန်။
"
ဖြစ်နိုင်ပါ့မလားဦးကျော်သိန်းရယ်... နာမည်ချင်းလည်းတူတာမဟုတ်ပဲနဲ့..."
"
တကယ်ကို ပိပိရိရိလိမ်သွားတာပါ။ မှင်သေသေနဲ့ကိုခံလိုက်ရတယ်။ တော်တော်လက်ယဉ်နေတဲ့ပုံ့ပဲနော်။ ဒါနဲ့ သူ့ကို သေသေချာချာ Interview ပြီးမှ ခန့်တာလား? သူ့ပညာအရည်အချင်းတို့ ဘာတို့ကို MDသေချာစစ်ဆေးရဲ့လား?"
"
ဦးကျော်သိန်းလူမှားတာများလား? သူမှတ်ပုံတင်ရော၊ ခိုင်လုံတဲ့ အထောက်အထားစာရွက်စာတမ်းတွေကို သေချာစစ်ဆေးပြီးမှ ခန့်ထားတာ"
"
ဘာပဲဖြစ်ဖြစ်။ သတိတော့ထားသင့်တယ် MD. တကယ်လို့ သူမဟုတ်ဘူးဆိုလည်း သူနဲ့တူတာမှ တစ်ပုံစံတည်းကိုတူတာ"
"
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျမသတိထားလိုက်ပါ့မယ်"
သူမ အဲ့ဒီစကားတွေကို မပြောရက်စွာနဲ့ပဲ ပြောလိုက်ရတာပါ။
"သတိဆိုတာ ပိုတယ်မရှိပါဘူး။ တကယ်လို့ သူနေရာမှာ နောက်ထပ် ခန့်စရာဝန်ထမ်းရှိတယ်ဆိုရင်တော့ MD ရှည်ရှည်ဝေးဝေးမစဉ်းစားတော့ပဲ သူ့ကို နစ်နာကြေး ၃ လစာပေးပြီး အလုပ်ဖြုတ်လိုက်သင့်တယ်"
"မဟုတ်သေးဘူးဦးကျော်သိန်း။ လောကမှ နာမည်တူ၊ လူတူတွေ အများကြီးရှိတယ်ဆိုတာ ဦးကျော်သိန်းလည်း သိပါတယ်။ နောက်ပြီး ဦးကျော်သိန်းတွေ့ခဲ့ရတဲ့ မိန်းကလေးက ပန်းနှင်းဆီမဖြစ်နိုင်ဘူးလို့ ကျမထင်တယ်..."
"MDက အထင်ပဲ ရှိတာ... ကျတော်က လက်တွေ့ကြီး ခံခဲ့ရတာပါ..."
သူမ မဆီမဆိုင် ဘာလို့ သက်ပြင်းတွေ ခဏခဏချမိနေတာလဲ။
"ကောင်းပါပြီဦးကျော်သိန်း။ ကျမ သတိထားလိုက်ပါ့မယ်။ ဒါပေမဲ့ ပန်းနှင်းဆီက အရမ်းတော်တဲ့ ၀န်ထမ်းတစ်ယောက်ဆိုတော့ သူမ့ကို လွယ်လွယ်နဲ့တော့ အလုပ်မဖြုတ်လိုက်ချင်ဘူး"
တွေဝေတယ်ဆိုတာ ဒါကိုပြောတာ။
ဦးမောင်သိန်းပြောတဲ့ ဖူးငယ်ဆိုတဲ့ မိန်းကလေးနဲ့ ပန်းနှင်းဆီက တစ်ယောက်တည်းဖြစ်ဖို့ 80% လောက် သေချာနေတယ်ဆိုတာ သူမလည်း အသိ။
ဒါပေမဲ့ မျက်စိစုံမှိတ်ပြီးကို မဟုတ်ဘူးလို့ သူမ ငြင်းနေမိတာ။
မဟုတ်ပါစေနဲ့လို့လည်း အကြိမ်ကြိမ်ဆု တောင်းမိနေသေးတာ။
--------------------------------------------------
လိမ်ခြင်း၊ ညာခြင်း၊ ကိုယ်ကျင့်တရားဖောက်ဖျက်ခြင်းတို့ကို သူမ အလွန်ရွံမုန်းခဲ့မှန်း ကိုယ့်ကိုယ်ကို မှတ်မိနေရဲ့သားနဲ့ ဘာလို့ နှင်းဆီကိုမှ ကာကွယ် ပေးနေတာလဲ။
နှင်းဆီ ဆီက ၀န်ခံမှုတစ်ခုကို သူ တောင့်တမိနေတာ ရူးသွပ်လွန်းရာကျနေပြီလား။
နောက်ပြီး နှင်းဆီ လူတိုင်းကို လိမ်ခဲ့သည်ထားဦး၊ သူမကိုတော့ မလိမ်ရက်စေ့ချင်။
ဘာကိုအားကိုးပြီး အဲ့လိုမျှော်လင့်မိမှန်း ကိုယ့်ကိုယ်ကို မသိ။
ဒါပေမဲ့ သူမကိုတော့ အများနည်းတူ မလိမ်လောက်ဘူးလို့လည်း မျက်စိစုံမှိတ်ပြီး ယုံချင်နေသေးတာ။
နှင်းဆီ လိမ်တာကို မြင်ဖူးနေရဲ့သားနဲ့ နှင်းဆီကို လူလိမ်တစ်ယောက် မဖြစ်စေ့ချင်တဲ့ သူမဆန္ဒက နယ်လွန်နေလား။
စိတ်ကြီးလေးလံနေရင်း အပြန်လမ်းမှာ ကားဆက်မောင်းလာတုန်း မိုးတွေသိသိသာသာရွာချလာတယ်။
ကားကို ပုံမှန်လေး မောင်းလာရင်း ခြံဝရောက်တော့ ခြံဝနားမှာ လူရိပ်တွေ့လိုက်ရတယ်။
မိုးရွာထဲမှာ အမိုးအကာမပါပဲ ရပ်နေတာ။
ကားမီးကြီးကို ဖွင့်လိုက်တော့မှ တွေ့လိုက်ရတာ။
ပန်းနှင်းဆီ။
မိုးရေထဲရပ်နေတာကြာပြီနဲ့တူပါတယ်။ နှင်းဆီ တကိုယ်လုံး ခိုက်ခိုက်တုန်နေတယ်။
သူမ ကားရပ်လိုက်တော့ နှင်းဆီ ကားကို လှမ်းကာငေးကြည့်နေတယ်။
သူမ မှန်ချလိုက်တော့ ကားတံခါးနား ရောက်လာတယ်။
"ဒါ MD နားချိန်ဆိုတာသိပါတယ်။ ဒါပေမဲ့ ပြောစရာ အရေးတကြီးပေါ်လာလို့"
"မင်းအရမ်းစိုရွှဲနေပြီ... ဘာပြောချင်တာလဲ... မနက်ရုံးရောက်မှ ပြောလို့မဖြစ်ဘူးလား?"
"ဟင့်အင်း... အခုပြောမှ ဖြစ်မှာမို့..."
"ကဲ အဲ့ဒါဆိုရင်လည်း ကားပေါ်အရင်တက်လိုက်"
"ဟုတ်ကဲ့"
နှင်းဆီ ကားခေါင်းခန်းကနေ ပတ်ပြီး သူမဘေး ကားပေါ်တက်လာတယ်။
နှင်းဆီကားထဲရောက်တာနဲ့ သူမ ကား အဲကွန်းကိုပိတ်လိုက်မိတယ်။
ပြီးတော့ ရီမုဖြင့် ခြံတံခါးကိုဖွင့်ပြီး သူမ ကားကို အိမ်ပေါ်တီကိုအောက်ဆီ မောင်းနှင်ခဲ့လိုက်တယ်လေ။
ကားရပ်လိုက်တာနဲ့ နှင်းဆီဟာ ဘာမှပြောစရာမလိုပဲ ကားပေါ်က ဆင်းတယ်။
သူမလည်း ကားပေါ်ကဆင်းပြီးနောက် ဧည့်ခန်းထဲဝင်ခဲ့လိုက်တယ်။
အိမ်မှာရှိနေတဲ့ မအေးတို့ လုံမတို့ အိမ်ဖော်တွေက သူမနဲ့အတူ နှင်းဆီပါ အိမ်ထဲပါလာတဲ့အတွက် အံ့သြကုန်ကြတယ်။
"ကဲ ဘာပြောမှာလဲ? မြန်မြန်ပြော။ ပြီးရင် မင်းအိမ်ကို ဒရိုင်ဘာနဲ့ လိုက်ပို့ပေးခိုင်းမယ်"
"ဒီမှာ မပြောချင်ဘူး"
"အဲဒါဆို..."
"ပုံမှန်ဆို MD အိမ်မှာ ၀န်ထမ်းတွေက ဒီလိုပဲ ရှိနေတာလား?"
"အင်းလေ... ဘာဖြစ်လို့လဲ?"
"MD အိပ်ခန်းက ဘယ်မှာလဲ?"
"ဘာလုပ်ဖို့လဲ?"
"အဲ့ရောက်ရင် သိရမှာပေါ့... အခု MD အိပ်ခန်းကို သွားရအောင်နော်"
အခုရောက်လာတဲ့ နှင်းဆီပုံစံ တစ်မျိုးပဲ။
သွေးအေးနေသလိုလို၊ တည်ငြိမ်နေသလိုလို၊ နောက်ပြီး ခက်ထန်မာကျောနေသလိုလို။
"အပေါ်ထပ်မှာမို့လား... သွားရအောင်"
သူမ ဘာမှ မပြောခင်မှာပဲ နှင်းဆီက လှေကားထစ်ပေါ်ဆီသို့ ဦးဆောင်ပြီးတက်သွားတယ်။
သူမလည်း အညှို့ခံလိုက်ရတဲ့ လူတစ်ယောက်လို နှင်းဆီအနောက်ဆီသို့ လိုက်သွားမိတယ်။
အပေါ်ထပ် ၀ရံတာရဲ့ ဘေးချင်းကပ်အခန်းက သူမရဲ့အိပ်ခန်း။
သူမ အိပ်ခန်းတံခါးကိုဖွင့်ပြီး အတွင်းကိုဝင်လိုက်မိတယ်။
နှင်းဆီ အဲဒီတံခါးက ဖြတ်ဝင်လာပြီး အထဲရောက်တာနဲ့ အိပ်ခန်းတံခါးကို လော့ခ်ချလိုက်တယ်။
နှင်းဆီရဲ့မျက်ဝန်းတွေဟာ သိသိသာသာစူးရဲလာတယ်။
"မင်း ပြောစရာရှိတယ်ဆို..."
"ရှူး... ခဏလေး... ခဏလေးပဲ..."
နှင်းဆီဟာ အဝတ်စိုတွေနဲ့ပဲ သူမအနားသို့ တစ်လှမ်းချင်းတိုးကပ်လာပြီး သူမကို တင်းကြပ်စွာ သိုင်းဖက်လာတယ်။
နဖူးချင်း ထိစပ်ပြီးမှ ခန္ဓာကိုယ်ကို တင်းကြပ်စွာဖက်လာတာဆိုတော့ နှင်းဆီရဲ့အသက်ရှူသံကြမ်းကြမ်းတွေ သူမ အတိုင်းသား ကြားနေရတယ်။
နဖူးချင်း ထိစပ်နေရင်းမှ နှင်းဆီဟာ လေးလံစွာမျက်လုံးတွေမှိတ်ချလိုက်ပြီး သူမ နှုတ်ခမ်းဆီသို့ ပြင်းရှစွာ စုပ်ယူနမ်းရှိုက်လာတယ်။
"ဟင့်အင်း... နှင်းဆီ..."
"ခဏလေးပဲ... ရှူး...တိတ်တိတ်လေး နေပေးပါနော်"
နှင်းဆီဟာ ငြင်းမယ်ကြံနေတဲ့ သူမရဲ့ နှုတ်ခမ်းဆီသို့ လက်ညိုးကိုဖွဖွလေးတင်ရင်း တားမြစ်တယ်။
ကိုယ့်ခြံ၊ ကိုယ့်အိမ်၊ ကိုယ့်အိပ်ခန်းထိလာပြီး အမိန့်ပေးသလိုလုပ်နေတဲ့ နှင်းဆီလုပ်ရပ်ဟာ လွန်တယ်ဆိုတာသိရဲ့သားနဲ့ သူမ မငြင်းဆန်နိုင်။
နှင်းဆီဟာ သူမကို သိုင်းဖက်ထားရင်း တဖြည်းဖြည်း တွန်းရင်း တွန်းရင်းနဲ့ ကုတင်ဆီသို့ ဦးတည်လာတယ်။
နောက်ပြီး သူမရဲ့နှုတ်ခမ်းတွေကိုလည်း ထူပူလာတဲ့အထိ စုပ်နမ်းတယ်။
ငြင်းမယ်ကြံတိုင်းလည်း အနမ်းတွေက ရပ်တံ့မသွားပဲ လည်တိုင်တွေ၊ ရင်ဘတ်တွေဆီ ဆင်းသက်ကုန်တယ်။
နှင်းဆီရဲ့ လှုတ်ရှားမှုတွေက ပထမတော့ တည်ငြိမ်တယ်ထင်ရပေမယ့် နောက်ပိုင်း ကြမ်းတမ်းလာတယ်။
ချုပ်တည်းထားရတဲ့ ခံစားချက်တွေကို အမှားမှန်မခွဲခြားတော့ပဲ စိတ်ဆန္ဒအနောက်ကို လိုက်နေတဲ့ လူတစ်ယောက်ရဲ့ အပြုမူမျိုး။
"နှင်းဆီ... ခဏနေပါဦး..."
သူမ တီးတိုးသံဖြင့် တားမြစ်နေပေမယ့် နှင်းဆီဟာ ရပ်တံ့ခြင်းမရှိ။
နမ်းနေရင်းနဲ့ သိုင်းဖက်ထားတဲ့ လက်တွေကို ဖယ်ပြီး ၀တ်ထားတဲ့အဝတ်တွေကို သူ့ဘာသာအရင်ချွတ်တယ်။
အခန်းထဲဝင်လာပြီး အခန်းတွင်းမီးတွေကိုမဖွင့်ခင်မှာပဲ သူမကို နှင်းဆီက လာသိုင်းဖက်ခဲ့တာဆိုတော့ အခု အိပ်ခန်းထဲမှာ အပြင်က အလင်းရောင်တစ်ချို့သာ စီးထွင်းဝင်ရောက်နေတာ။
အလင်းရောင် မပျိုးမပြအောက်မှာ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းသွားတဲ့ နှင်းဆီဟာ တော်တော်လေးကို ဆွဲဆောင်မှုအားကောင်းလှတယ်။
သူမ နှင်းဆီကိုကြည့်ပြီး အံ့အားတွေသင့်နေတုန်း နှင်းဆီရဲ့လက်တွေဟာ သူမခန္ဓာကိုယ်ပေါ်က အဝတ်တွေကို ချွတ်ဖယ်ပြစ်ဖို့ ချဉ်းကပ်နေပြီ။
ကြယ်သီးတွေကို တစ်လုံးချင်းစီချွတ်ရင်း သူမကို စိုက်ကြည့်နေတဲ့ နှင်းဆီမျက်ဝန်းတွေဟာ မီးဟုန်းဟုန်းတောက်သလို ပူလောင်စူးရှနေလွန်းတယ်။
အရမ်းကို ရဲရင့်ပါတယ်ဆိုတဲ့ သူမပင် နှင်းဆီရဲ့ ထိုအကြည့်တွေနဲ့ ရင်မဆိုင်ဝံ့စွာ မျက်လွှာတွေကို အောက်ချလိုက်မိတယ်။
"MD... နှင်းဆီကိုကြည့်ပါ။ နှင်းဆီလည်း MD ကိုကြည့်မယ်။ ဒီနေ့ည နှင်းဆီ စိတ်ကြိုက် အကုန်လုပ်မယ်။ ဒီအကျိုးဆက်ကို မနက်ကျမှ ပေးဆပ်မယ်... ဒီတော့ နှင်းဆီကို MD မတားပါနဲ့တော့နော်..."
"မတားနဲ့ဆို မတားဘူး။ တစ်ခုပဲ မေးမယ်... ဖူးငယ်ဆိုတာ မင်းနာမည်လား?..."
"ဟင့်အင်း... အဲဒါတွေ မသိချင်နဲ့..."
"ပြွတ်စ်စ်စ်..."
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။