Episode 18 (Z+U)

2.3K 152 35
                                    

(Zawgyi code)

ဒီလိုနဲ့ နေ့ရက်လေးတွေက သူမနဲ့ နှင်းဆီအတွက် ပန်းနုရောင်လေး သန်းနေခဲ့ပါတယ်။

ညနေခင်း နေ၀င်တာကို အတူထိုင်ကြည့်ဖူးကြသလို၊ မနက်ပိုင်းထွက်လာတဲ့ နေမင်းကြီးကိုလည်း နှစ်ယောက်အတူ ကြိုဆိုခဲ့ဖူးကြပါပြီ။

နှင်းဆီပါးပြင်ပေါ်က မွှေးညှင်းလေးတွေက ရွှေအိုရောင်သမ်းနေတာကို သူမ သိခွင့်ရပြီးသလို...
သူမခန္ဓာကိုယ်ရဲ့ ဘယ်နားမှာ ဘယ်လိုအမှတ်စက်လေး ပါတယ်ဆိုတာကအစ နှင်းဆီသိခဲ့ပြီးပြီလေ။

သူမနဲ့ နှင်းဆီက ချစ်တယ်ကြိုက်တယ်လို့ ၀န်ခံတာမျိုးလည်းမရှိ။

တကယ့်ချစ်သူစစ်စစ်တွေလည်း မဟုတ်ကြပေမယ့်... သူမတို့ ရင်းနှီးမှုကတော့ သာမာန်အိမ်ထောင်သည်တွေထက်တောင် သာလွန်နိုင်ပါတယ်။

သူမရဲ့ ညချမ်းများဟာ နှင်းဆီရဲ့ စိတ်လိုလက်ရ ဖောက်ဖျက်ခဲ့တဲ့စည်းတွေကြောင့် သူမတို့ကြား ရင်းနှီးမှုဟာ ပိုပြီး တင်းကြပ်စေခဲ့တာလည်းဆိုတာတော့ သူမ မဝေခွဲနိုင်သေး။

ဘာပဲဖြစ်ဖြစ်ပါ... သူမ နှင်းဆီနဲ့အတူတူရှိနေရတာကို သဘောကျတယ်။

နှစ်သက်တယ်။

မက်မောတယ်။

သာယာလွန်းတယ်။

ဒီတော့ နှင်းဆီဖက်က တရားဝင်ချစ်ပါတယ်လို့ ၀န်ခံမှုမျိုးမလုပ်ခဲ့ဘူးဆိုလည်း သူမ စိတ်ထဲ ၀မ်းနည်းနေမိမှာမဟုတ်။

နှုတ်က ၀န်ခံတဲ့ ကတိက၀တ်တွေထက် သူမ နှင်းဆီနားမှာရှိနေခွင့်ရခြင်းကိုက ပိုပြီး တန်ဖိုးရှိနေတာပဲလေ။

သူမအတွက်တော့ သူမနဲ့ နှင်းဆီအကြားမှာ ဖြစ်တည်သွားတဲ့ ရစ်ပတ်နှောင်တွယ်ခြင်းဆိုတာကို သိသာအောင် အရောင်တွေနဲ့ နှိုင်းယှဉ်ပြရမယ်ဆိုရင် အဲ့ဒီအရောင်က အဖြူရောင်ပဲဖြစ်လိမ့်မယ်။

နှင်းဆီက သူမကို မက်မောစွာ တပ်မက်မိသလို...
သူမကတော့ နှင်းဆီကို ဖြူစင်စွာပဲ နှောင်ဖွဲ့မိသွားခြင်းပါ။

ဒီထက်တော့ ဘာမှ မပိုခဲ့ကြပါဘူး။

နှင်းဆီနဲ့ တွေ့လိုက်တိုင်း သူမ မဖုံးကွယ်နိုင်တာက သူမရဲ့အပြုံး။

နှင်းဆီ လုပ်ရပ်လေးတွေကိုငေးကြည့်ရင်း အချိန်ကုန်လို့ ကုန်သွားမှန်းတောင် မသိတော့တဲ့ သူမကို နှင်းဆီက ဖမ်းစားနိုင်လွန်းနေတားများလား?

--------------------------------------------------

"ကလင်... ကလင်"

လကုန်ခါနီးမို့ အလုပ်တွေက များပြားလွန်းတယ်။

ဒါ့ကြောင့် အချိန်တွေကုန်သွားမှန်းတောင် သူမ သတိမထားလိုက်မိဘူး။

သူမဘေးနားက ဟန်းဖုန်းမြည်သောအခါမှ ဖုန်းက နာရီလေးကို ကြည့်လိုက်တော့ အချိန်က
ညနေ ငါးနာရီတောင် ခွဲတော့မယ်။

လေဒီရှူးအနီနဲ့... ကောင်မလေးWhere stories live. Discover now