(Zawgyi code)
အောက်နှုတ်ခမ်းကို လာကာ ပွတ်သတ်နေတဲ့ သူမရဲ့ အဲဒီလက်မထိပ်လေးကို မိုး ပြင်းရှစွာ စုတ်ယူလိုက်မိတယ်။
"ပြွတ်..."
"ဟားးး... နှင်းဆီ... အဲ့လိုတွေ... အဲ့လိုတွေ.... မလုပ်ပါနဲ့... ဟူးးး..."
လှိုက်ဖိုငင်စွာ မောဟိုက်သံလေးနဲ့ တားမြစ်နေတဲ့ သူမအသံဟာ မိုးကို ရှေ့ဆက်တိုးစေဖို့ လှုံ့ဆော်စိန်ခေါ်လိုက်သလိုပါပဲ။
သူမအသံကို မိုးကြားတယ်။ ဒါပေမဲ့ မိုး ဖြစ်ချင်နေတဲ့ ဆန္ဒကို မထိန်းနိုင်ဘူး။
သူမရဲ့ လက်ဖျံလေးကို လှမ်းကိုင်ကာ သူမရဲ့ အဲ့ဒီလက်မလေးကို အငမ်းမရ နှုတ်ခမ်းတွေ၊ လျှာတွေသုံးပြီး စုပ်ပစ်လိုက်မိတယ်။
"မင်း ဖယ်စမ်း... နှင်းဆီ..."
မောဟိုက်နေပေမယ့် သူမက ငြင်းနေတုန်း။
မိုးစက်တွေက ပိုမိုသည်းမည်းစွာ ရွာကျနေတယ်။
ပတ်ဝန်းကျင်ဟာ မိုးစက်တွေကြောင့် ရွှဲနစ်နေပြီ။
နောက်ဖေးဘေစင်မှာ ပိတ်ထားတဲ့ရေပိုက်ခေါင်းမှလည်း ရေတွေတစ်တောက်တောက်ကျဆင်းနေသေးတာ။
ငြင်းနေတဲ့ သူမရဲ့လက်မကိုသာမကဘူး။ သူမရဲ့ လက်ခလယ်ကိုပါ အားရပါးရ စုပ်နေမိတယ်။
"နှင်းဆီ... မင်း..."
အဲ့ဒီလက်ချောင်းလေးတွေကို စုပ်နေရင်း မိုး သူမကို စိုက်ကြည့်နေလိုက်မိတယ်။
ဆန္ဒတွေတောက်လောင်လာရင်း နားထင်၊ နားရင်းတွေ ထူပူလာပြီ။
လက်ဖျားတွေ သိသိသာသာထုံကျဉ်လာရင်း တောင့်တမှုစိတ်ဖြင့် မရိုးမရွဖြစ်လာခဲ့ပြီ။
ဆတ်ခနဲ မိုးရဲ့လက်တစ်ဖက်က သူမရဲ့ ဇက်ပိုးနားရောက်သွားပြီး အဲဒီဂုတ်လေးကို ဆွဲကိုင်ကာမော့လိုက်ပြီး ထင်းခနဲပေါ်လာတဲ့ လည်တိုင်ကို အားရပါးရ နမ်းစုပ်ပစ်လိုက်တယ်။
"နှင်းဆီ... နှင်းဆီ...တော်ပါတော့ဆို..."
"ဟင့်အင်း... မတော်တော့ဘူး။ မတော်နိုင်တော့လို့ တောင်းပန်ပါတယ်"
ပြောရင်း သူမနဲ့မျက်လုံးချင်းဆိုင်ကြည့်မိသေးတယ်။
ပြီးတော့ အနှစ်နှစ်အလလက ငတ်ပြတ်နေတဲ့ သူမနှုတ်ခမ်းအထိတွေ့ကို အငမ်းမရစုပ်ယူရင်း စိတ်ပြေသွားမလားလို့ ကြိုးစားမိတယ်။
ဒါပေမဲ့ မဟုတ်သေးဘူး။ မိုးလိုချင်နေတာ ဒီထက်ပိုပြီး။
ဒါ့ကြောင့် စိတ်ဖြေတဲ့အနေနဲ့ အဲဒီနှုတ်ခမ်းကိုပဲ အားကုန်စုပ်မိနေရင်းက တဖြည်းဖြည်းပြင်းထန်လာတယ်။
"ဟားးးး.... MDရယ်... ခင်ဗျားကို လိုချင်တယ်ရှင်... အရမ်းလိုချင်တယ်..."
ပြောရင်း မိုးရဲ့လက်တွေက သူမကို တင်းကြပ်စွာ သိုင်းဖတ်ပွတ်သပ်မိနေတယ်။
သူမကလည်း ငြင်းသာငြင်းနေတာ။ ဒါပေမဲ့ အကြည့်တွေက မိုးကို ဖိတ်ခေါ်နေပြီ။
"MD... MD... ကျမကို ပေးပါနော်... ပေးမလားဟင်..."
"ဟင့်အင်း... မရဘူးလေ... အွန့်..."
မိုးဟာ သူမရဲ့ အငြင်းကို မလိုချင်စွာဖြင့် နှုတ်ခမ်းကို အားရပါးရ ဖိနမ်းပစ်လိုက်ပြန်တယ်။
"အွန်း... ဖယ်... အမ်း..."
မိုးရဲ့ပခုံးတစ်ဖက်ကို လက်နဲ့ပုတ်ရင်း ပုတ်ရင်း သူမ တားမြစ်နေသေးတယ်။
ဒါပေမဲ့ မိုးဟာ အပြုအမူတွေကို မရပ်။ အားရပါးရ နှုတ်ခမ်းကိုနမ်းနေရင်းမှ သူမရဲ့ နားရွက်အောက်က အသားလေးကို အားရပါးရ စုပ်ပစ်မိတယ်။
သူမက စိန်နားကပ်သေးသေးလေးပန်ဆင်ထားတာဖြစ်လို့ အဲဒီစိန်နားကပ်လေးရဲ့အထိတွေ့ကိုပါ မိုးပါးစပ်ထဲ အေးစိမ့်စိမ့်နဲ့ သိနေရတယ်။
ပြီးတော့ သူမရဲ့ နားရွက်ထဲ လျှာကို ထည့်ရင်း အားရပါးရ လျက်ကာ စုပ်နမ်းလိုက်တယ်။
သူမ တကိုယ်လုံး တွန့်ခနဲဖြစ်သွားရင်း လှိုက်ဖိုမှုက အရှိန်မြင့်လာတယ်။
ဒါပေမဲ့ မိုးရဲ့အာရုံထဲဝင်လာတဲ့ အသိတစ်ခု။
မိုးမြင်လိုက်ရတဲ့ နံရံပေါ်က နာရီ။
ဒီလိုမျိုးဆက်သာ သွားနေမယ်ဆို သေချာတယ်... မိုးနဲ့ သူမ ဒီဧည့်ခန်းထဲမှာတင် ကိစ္စပြီးနိုင်တယ်။
အချိန်ကိုကြည့်တော့ လီလီရောက်လာတော့မယ်။
ဖြစ်နေကြတုန်း လီလီသာရောက်လာခဲ့ရင် ဘယ်လောက်ရှက်ဖို့ကောင်းမလဲ။
မိုးကို ထည့်မတွက်နဲ့။ ထားဦး။
သူမ... သူမရဲ့ သိက္ခာ။
စက်စက်ယိုနေတဲ့ ဆန္ဒတွေကို မိုးထိန်းလိုက်ရင်း နမ်းရှုံ့နေမှုကို ရပ်တံ့ပြစ်လိုက်တယ်။
သူမဖက်က "ဟင်... ဘာဖြစ်လို့လဲ"ဆိုတဲ့ အကြည့်တွေ ရုတ်တရက်ဖြစ်ပေါ်လာပြီးမှ မိုးတောင်ရပ်တံ့လိုက်တာ၊ သူမလည်း သတိထားရမယ်ဆိုတဲ့ အသိချက်ချင်းဝင်သွားတယ်။
နှစ်ယောက်သား ပူးကပ်နေမှုကို အရှိန်သတ်ရင်း နောက်ဆုတ်လိုက်ကြတယ်။
"တောင်း... တောင်းပန်ပါတယ်..."
တောင့်တစွာ မောဟိုက်နေမှုက အကင်းမသေနိုင်သေးတာ မိုးရဲ့အသံတွေထဲ သိသာထင်ရှားစွာပေါ်လွင်နေတယ်။
သူမ ယိုယွင်သွားတဲ့ အင်္ကျီပြန်လည်တည့်မတ်အောင် ဆွဲချ၊ ဆွဲတင်လုပ်တယ်။
အဟွန်းဆိုပြီး ချောင်းတစ်ချက်ဟန့်ရင်း မိုးအနားက ထွက်သွားဖို့ပြင်စဉ် သူမရဲ့လက်တစ်ဖက်ကို မိုးလှမ်းဆွဲလိုက်မိတယ်။
"ဘာလုပ်ဦးမလို့လဲ မိုးနှင်းဝေ။ မင်းတို့ကို သက်သက်မဲ့ အရှက်ခွဲနေတာလား?"
"၀န်ခံစရာတစ်ခုရှိလို့ပါ..."
သူမ မိုးကိုလှည့်ကြည့်လာတယ်။
"MDက ကျမအပေါ် အရမ်းမက်မောခဲ့တဲ့အကြောင်း၊ ကျမတို့ ချစ်သူတွေဖြစ်ခဲ့စဉ်က အတွင်းရေးကိစ္စတစ်ချို့ကို လီလီကိုပြောပြဖူးတယ်..."
"ဘာ..."
ဆန္ဒကြောင့်တောက်လောင်နေတဲ့ စိတ်က ဒေါသနဲ့ရှက်စိတ်ဖက်သို့ ယိမ်းသွားမှန်းသိသာလွန်းတယ်။
သူမ မျက်နှာလေး ရဲခနဲဖြစ်သွားရတယ်လေ။
"MDကို အရှက်ခွဲချင်လို့မဟုတ်ပါဘူး။ လီလီ့ကိုအနိုင်ယူချင်လို့ ပြောခဲ့မိတာပါ။ ပြောခဲ့တဲ့စကားတွေကိုအသေးစိတ်တော့ မမှတ်မိပေမယ့်... ကျမတို့ တွဲခဲ့စဉ်က အတွင်းကျတဲ့အဖြစ်ပျက်တစ်ချို့တော့ လီလီ့ကို အနိုင်ပိုင်းပြီးပြောပြဖူးတယ်..."
"ဖျန်း..."
ရှက်စိတ်ဖြင့် သူမပေးလိုက်တဲ့ မထင်မှတ်စွာ ကျရောက်လာတဲ့ မိုးရဲပါးပြင်ပေါ်က ပြစ်ဒဏ်။
နာကျင်သွားပေမယ့် မိုးစိတ်မဆိုးပါဘူး။ သူမ ပေးတဲ့ အပြစ်က နည်းတောင် နည်းနေသေးတယ်လို့ မိုးယူဆမိပါတယ်။
"မင်း ဘာလို့ အဲ့လိုတွေပြောရတာလဲ?"
"ဟုတ်တယ်နော်။ ကျမဆီမှာလည်းအောက်တန်းကျတဲ့စိတ်ဓါတ်လေးတွေရှိနေပြန်တယ်။ ကိုယ်သိပ်ချစ်တဲ့မိန်းမကို သူပိုင်ဆိုင်ထားတော့လေ... MDကို နစ်ပါစေဆိုတဲ့ ဆန္ဒတော့ မပါဘူးသိလား။ ဒါကလည်း အယူခံဝင်တာမဟုတ်ဘူး။ MD မကျေနပ်လို့ ထပ်ရိုက်မယ်ဆိုလည်း ရိုက်ပါ။ ဒါပေမဲ့ မသေခင်လေးတော့ ၀န်ခံသွားချင်လို့ပါ..."
မိုးရဲ့နောက်ဆုံးစကားလုံးက သူမရဲ့ဒေါသတွေကို မီးခဲရေနဲ့ ဖျန်းလိုက်သလို ငြှိမ်းသက်ပေးလိုက်နိုင်တယ်။
သူမ ငိုင်ကျသွားပြီး ငြိမ်သက်သွားတယ်။
"တီ... တီ...တီ... တီ..."
အိမ်ရှေ့တံခါး ဘဲလ်မြည်လာတယ်။
အချိန်ကိုကြည့်လိုက်တော့ 5 နာရီကျော်နေပြီ။ တော်တော်ကျော်နေတာ။
မိုး အိမ်တံခါးဆီသွားပြီးဖွင့်ပေးလိုက်တော့ လီလီ။
မိုး ဒီနေ့ညနေ လီလီ့ကိုပြုံးပြဖို့ အားအင်မရှိဘူး။
"မမရေ...သွားရအောင်... လီလီမ၀င်တော့ဘူး။ မိုးကသည်းနေတော့ ကားပေါ်က ဆင်းတာနဲ့ မိုးတွေစိုကုန်လို့..."
"ထီးရော... ထီးမဆောင်းဘူးလား..."
"အင်း ဆောင်းတယ် မမရဲ့။ ဆောင်းလည်း စိုတာပဲ။ ကြည့်ပါလား။ မိုးက လေရော မိုးရော..."
သူမ အိမ်ထဲကထွက်လာပြီ စိုနေပြီဖြစ်တဲ့ လီလီ့ဆံပင်တွေကို ကိုင်ကြည့်တယ်။ စိုးရိမ်တကြီးပြောတယ်။
အော် အခုန မိုးနဲ့နမ်းစဉ်က သူမ မဟုတ်တော့သလိုပါပဲလား။
"ကဲ ဒါဆို တို့ပြန်ဦးမယ်နော်..."
"ဟုတ်ကဲ့..."
လီလီကတော့ မိုးကိုပင် မနှုတ်ဆက်ပဲ သူမကို ခါးမှ စွေ့ခနဲ သိုင်းဖက်ရင်း လက်တစ်ဖက်က ထီးဆောင်းပေးကာ ခေါ်သွားလေတယ်။
သူတို့ ၂ ယောက်ရဲ့ ကျောပြင်ကိုကြည့်ရင်း မိုးရင်ထဲ သိသိသာသာနာကျင်လာတယ်။
ကိုယ့်သိပ်ချစ်ရတဲ့အမျိုးသမီးဟာ အချိန်တန် သူ့ပိုင်ရှင်ဆီပြန်ရတဲ့အဖြစ်။
ဒီဝဋ်ကျွေးဘယ်တော့များမှ ကျွတ်မလဲ?
နာကျင်မှုတွေမျိုသိပ်ရင်း မိုးအိမ်ထဲလှည့်ဝင်ခဲ့လိုက်တယ်။
ခြောက်ကပ်တိတ်ဆိတ်နေတဲ့ အိမ်က မိုးကိုလှောင်နေသလိုပဲ။
အနီးနားမှာရှိနေတဲ့ ပရိဘောကတွေကို တတ်နိုင်သရွေ့ ဖျက်စီးပစ်လိုက်မိတယ်။
စိတ်ထွက်ပေါက်ရလိုရငှားပေါ့။
------------------------------------------------
"မိုးနှင်းဝေ... မိုးနှင်းဝေ..."
အက်ကွဲစတွေအကြား အိပ်ပျော်နေတဲ့ မိုးဟာ သူမရဲ့အသံကြားမှ နိုးလာခဲ့တယ်။
အချိန်က မနည်းတော့ဘူး။
"ဖန်ခွက်တွေကျကွဲတာလားလို့ မေးဖို့ပဲ။ ဒါပေမဲ့ ခုံတွေလည်း လဲကျနေတယ်။ နံရံက မှန်ကြီးလဲကွဲနေတယ်။ မင်း ဘာတွေဖြစ်ထားတာလဲ မိုးနှင်းဝေ..."
မိုး သူမကို မော့ကြည့်နေမိတယ်။ ဘာမှမပြောနိုင်ဘူး။
စကားလုံးတွေက လည်ပင်းထဲတစ်ဆို့နေတယ်။
မိုးအဖြစ်က နေ့စံ၊ ညခံအဖြစ်။
တစ်နေ့လုံး သူမကိုမြင်နေခွင့်ရှိတယ်၊ ညဆို သူမဟာ မိုးမဟုတ်တဲ့လူနဲ့ အတူတူရှိနေမလားဆိုတဲ့စိတ်ကြီးနဲ့ တစ်ညလုံးဖြတ်သန်းနေရတဲ့ ပူလောင်မှု။
"မိုးနှင်းဝေ..."
"သေချင်တယ်... သေချင်တယ် တကယ်ပြောတာ..."
"မဟုတ်တာတွေ မပြောစမ်းနဲ့..."
"မဟုတ်တာတွေပြောတယ်လို့ MD ထင်နေတာလား။ ဒါဆိုလာ... ပြမယ် လာ..."
ပြောရင်းဆိုရင်း မိုး ကျုံးထတယ်။ ပြီးတော့ သူမ မိုးကို ဆေးလာတိုက်တဲ့အချိန်တိုင်း တွေ့ကရာ ကြားထဲ ထိုးဝှက်ပြီး ဆေးသောက်ဟန်ဆောင်ခဲ့မိတာတွေကို ပြသမိတယ်။
ဧည့်ခန်းရှိ ဆိုဖာခုံကြားထဲမှာဆို ဆေးတွေမြင်မကောင်းအောင် ခိုအောင်းနေကြတယ်။
ထမင်းစားခန်းဆိုလည်း စားပွဲခုံအောက်က အကွယ်လေးမှာ။
"မင်း ဆေးတွေမသောက်ရင် သေမှာနော် မိုးနှင်းဝေ"
ဆေးတွေမသောက်ဘူးဆိုတာသိပြီးနောက် သူမလည်းပေါက်ကွဲလေပြီ။
"သေမှာလေ။ သိတယ်လေ။ သေချင်တာလေ..."
"ဘာဖြစ်နေတာလဲ မိုးနှင်းဝေရယ်..."
"မှားတယ်ဆိုတာ သိတယ်။ လွန်ခဲ့မှန်းလည်းသိတယ်။ မတရားခဲ့ဘူးဆိုတာလည်း သိတယ်။ ဒါမဲ့ အချိန်တန် MD ဆီပြန်လာပြီဆိုရင် ငါ့အတွက်တော့နေရာရှိတယ်ဆိုပြီး တရားသေယူဆခဲ့မိတာလေ။ အခု ပြန်လာတော့... ပြန်လာတော့ ခွေးဖြစ်တာပဲ..."
"အားလုံးက မင်းအလွန်တွေချည်းပဲ..."
"သိတယ်။ သိတယ်... လွန်မှန်းသိတယ်။ ဒီတော့ တော်ပြီ MD။ တော်ပါတော့။ ညနေတိုင်း ခင်ဗျားကို သူလာလာကြိုသွားတယ်၊ ခင်ဗျားနဲ့ ဘယ်အဆင့်ထိ ကျမမျက်ကွယ်မှာ ပတ်သတ်နေကြမလဲ"
"မင်း မဟုတ်တာတွေ လျှောက်တွေးပြီး..."
"နိုး... နိုး... နိုး... နိုး... မတွေးဘူးနော်။ မတွေးဘူး။ ဘယ်သူက ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်မယ့်အတွေးမျိုး တွေးချင်မှာလဲ။ အမယ်လေး.... ဘုရားစူးရစေရဲ့။ မတွေးပါဘူးနော်။ ဒါပေမဲ့ အာရုံထဲ သူ့ဘာသာစီးစီးပြီးဝင်လာတာ။ တားတယ်နော်။ မရတာ။ အဲ့တော့... MD... ထားလိုက်ပါတော့။ နောက်ဆုံးအချိန် MD လက်ပေါ် ခေါင်းချချင်တဲ့စိတ်လည်း ထားလိုက်ပါတော့။ MDနဲ့ ဘ၀နေ၀င်ချိန်တွေအတူတူရှိချင်တယ်ဆိုတဲ့စိတ်လည်း ထားလိုက်ပါတော့။ ဒီနေ့ကစပြီး ကျမ တစ်ယောက်တည်းပဲ နေမယ်။ သေသေ... ရှင်ရှင်..."
"မင်းအဲ့လိုလုပ်တာ တရားတယ်ထင်နေတာလား မိုးနှင်းဝေ။ မင်းအခုလိုတွေပြောနေတာက တို့နဲ့မနေ့က ဟိုဟာဖြစ်ခွင့်မရလိုက်လို့လား..."
"MD"
အားကုန်အော်ဟစ်လိုက်တဲ့ မိုးအသံက တော်တော်ကြီးကျယ်လောင်တယ်။
ဒေါသမီးဟုန်းဟုန်းတောက်သွားတဲ့မျက်ဝန်းတွေကလည်း စူးရှလွန်းနေတယ်။
"ခင်ဗျားမစော်ကားနဲ့။ မနေ့က ထိန်းလိုက်တာ... ခင်ဗျားကြောင့်။ ခင်ဗျားသိက္ခာကိုငဲ့လို့။ ကျမလိုလူက အလကား။ ဘာအဆင့်မှမရှိဘူး။ ရှင်းလား။ အေး ဒါမဲ့ ငဲ့လိုက်တာ ခင်ဗျားကို ဒေါ်မင်းထက်သာလွန်... ခင်ဗျားသိက္ခာကိုငဲ့လိုက်တာ"
မိုးအရမ်းကို ဆတ်ဆတ်ခါသွားတယ်ဆိုတာ သူမသိတယ်။ အဲဒါကြောင့် ငြိမ်ကျသွားတယ်။
မိုးလည်း သူမကိုထားခဲ့ကာ နောက်ဖေးခန်းကိုဝင်လာခဲ့လိုက်တယ်။
ရေခဲသေတ္တာကိုဆွဲဖွင့်ပြီး အတွင်းက ဘီယာတစ်လုံးကိုဆွဲယူကာဖွင့်လိုက်ပြီး မော့သောက်ပစ်လိုက်တယ်။
"မင်း ဒါဘာလုပ်တာလဲ။ မင်းရောဂါနဲ့ အရက်ဘီယာက လုံးဝ မတည့်ဘူးဆိုတာ မင်းမသိတာလား?"
"သိတယ်။ သိတာမှ ဟိုဖက်ကမ်းတောင်လွန်နေသေးတယ်။ ဒါမဲ့သောက်မယ်။ သေပါစေ..."
"မိုးနှင်းဝေ..."
"ကျေးဇူးပါပဲ MD။ ဖြစ်ခဲ့သမျှအတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီနေ့နေ့လည် လီလီလာတာနဲ့ ခင်ဗျားပြန်လိုက်သွားပါတော့။ နောက်နေ့လည်း ကျမဆီ မလာပါနဲ့တော့..."
မိုးပြောရင်း ဘီယာကိုထပ်မော့သောက်တယ်။
သူမလက်ပမ်းကျစွာဖြင့် မိုးကို မကျေမနပ်စိုက်ကြည့်တယ်။ သောက်နေတာကိုလည်း မတားဘူး။
"သေတာပဲကောင်းတယ်လေ။ သေတော့ ၀ဋ်ကျွတ်ပြီလေ... ဟုတ်လား?"
"မင်းကလေ တော်တော်အတ္တကြီးတဲ့လူ။ မင်းဖြစ်ချင်တာပဲ မင်းသိတယ်။ ထားခဲ့တုန်းကလည်းမင်းပဲ... အခု သေချင်ပြန်တော့လည်း မင်းပဲ..."
"တော်ပါတော့။ ပြီးခဲ့တဲ့ကိစ္စတွေမှာ ကျမမှားမှန်းသိပါတယ်။ အဲဒီအတွက် တော်ပါတော့။ ထပ်မပြောပါနဲ့တော့။ အပြစ်ရှိတယ်မို့လား။ ပေးလိုက်တော့။ တန်တဲ့ပြစ်ဒဏ်သာပေးလိုက်တော့"
"အေး မင်းဆီ တို့ဘယ်တော့မှ မလာတော့ဘူး..."
"မလာနဲ့ ကောင်းတယ်။ ခင်ဗျားရဲ့ချစ်သူနဲ့ ခင်ဗျားပျော်ပျော်သာနေတော့... ကျမကို သေပြီးပြီလို့သာ သတ်မှတ်လိုက်တော့"
သူမ မိုးကိုစိုက်ကြည့်တယ်။ ပြီးတော့ ချာခနဲလှည့်ထွက်သွားခဲ့တယ်။
နောက်သို့တစ်ချက်လေးတောင် လှည့်မကြည့်တော့။
မိုးဘယ်လိုကျန်ခဲ့မလဲ၊ မိုးဘာတွေကို မကျေနပ်ဖြစ်နေတာလဲ သူမ သိနေတယ်။
သိနေရဲ့သားနဲ့ မိုးဆိုးတာကို၊ ဂျစ်တိုက်တာကို သူမ ဘာလို့ အဲ့လိုကြီးတုန့်ပြန်မိတာလဲ။
အရင်က အရမ်းကိုပါးနပ်ပြီး ရင့်ကျက်ပါတယ်ဆိုတဲ့ ဒေါ်မင်းထက်သာလွန်က ဘယ်ရောက်သွားတာလဲ။
မိုးကြောင့်ဆို သိပ်ကို ကလေးဆန်မိနေတဲ့ကိုယ့်ကိုယ်ကိုလည်း သူမ နားမလည်။
Company ကိုသွားဖို့ပါပဲ။
ဒါမဲ့ ဒေါသစိတ်တွေနဲ့ အလုပ်လုပ်လို့မရဘူးဆိုတာသိတယ်။ ဒါ့ကြောင့် Taxi ငှားပြီး အိမ်ပြန်သွားမိတယ်။
အိမ်ရောက်တော့ အိပ်ခန်းထဲဝင်ပြီး သူမဆီရောက်လာတိုင်း သူမဘ၀ကို ဗြောင်းဆန်အောင် မွှေနှောက်တတ်တဲ့ မိုးကို မကျေနပ်ဖြစ်နေမိသေးတယ်။
အရမ်းလည်း မွန်းကြပ်နေပြီ။
သူမ တတ်နိုင်သရွေ့တော့ မိုးအပေါ်ကောင်းနိုင်အောင်ကြိုးစားခဲ့တယ်။
သူမမှာ လီလီရှိနေတာကိုက မိုးအတွက် အနှောင့်ယှက်ဖြစ်နေလေတော့ သူမဘယ်လိုလုပ်ပေးရမလဲ။
အခု သူမက လီလီ့ကိုရွေးချယ်ထားပြီးနေပြီလေ။
သူမ ဘာများဆက်လုပ်နိုင်ဦးမှာလဲ...?
------------------------------------------------
ဆက်ရန်.........
------------------------------------------------
(Uni code)
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။