(Zawgyi code)
မိုးရဲ့သေဆုံးခြင်းကို သူမ မယုံနိုင်သေး။ ဒီတစ်ခါလည်း လှည့်စားသွားတယ်လို့ပဲ ယုံကြည်ချင်နေသေးတာ။
တစ်နေရာရာက ဘယ်တော့များပေါ်လာမလဲဆိုပြီး ကျီးကန်းတောင်းမှောက်ရှာကြည့်မိနေသေးတာ။
လီလီကတော့ သူမဘေးမှာ လိုအပ်တဲ့အချိန်တိုင်းရှိနေပေးရှာပါတယ်။
သူမက မိုးကိုကုသပေးတဲ့ဆရာဝန်ဆီမှာလည်း သွားမေးမြန်းသေးတယ်။
ဆရာဝန်ရဲ့ ၀မ်းပမ်တနည်းနဲ့ မိုးရဲ့သေဆုံးမှုအတွက် စိတ်မကောင်းစရာစကားတွေ ပြောနေသေးတာလေ။
သူမ ဒါလည်း လက်မလျော့ချင်သေး။
မိုးနှင်းဝေ သေဆုံတယ်ဆိုတာ တကယ်ဟုတ်/မဟုတ် တတ်နိုင်သရွေ့၊ လက်လှမ်းမီနိုင်သရွေ့လေး လိုက်လံစုံစမ်းမိနေသေးတာ။
"မမဘယ်တော့များမှ လက်လျော့မှာလဲဟင်... သူ တကယ်သေသွားပါပြီ။ သေသွားပြီးပါပြီ"
"မင်းဘာသိလို့လဲ.... သူက လိမ်တဲ့အခါ သိပ်ကိုပိရိတာ။ တို့ သူ့ကိုမယုံဘူး..."
"မဖြစ်ဘူး မမကို ဒီတိုင်းထားလို့မဖြစ်တော့ဘူး။ စိတ်ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြပေးမှပဲဖြစ်တော့မယ်။ မဟုတ်ရင် မမ မလွယ်ဘူး"
လီလီဟာ သူမ အခြေနေကို အရမ်းကိုစိုးရိမ်လာခဲ့တယ်။
သူမပျော်လာအောင်လည်း မဖန်တီးပေးနိုင်ဘူး။ နောက်ဆုံး လီလီ့စီစဉ်မှုနဲ့ သူမ စိတ်ဆရာဝန်ကိုပါ ပြဿရတဲ့အထိဖြစ်လာခဲ့တယ်။
တကယ်တော့ စိတ်ဆိုတဲ့အရာက ခန့်မှန်းရ၊ ကိုင်တွယ်ရခက်လွန်းတယ်လေ။
ဆရာဝန်ပေးတဲ့ဆေးတွေဟာ သူမကို လေးလံထိုင်းမှိုင်းနေအောင်သာ လုပ်နိုင်ပေမယ့် သူမရဲ့ အတွေးအာရုံနံရံတွေပေါ်မှာ ပြေးလွှားနေကြတဲ့ မိုးနှင်းဝေရဲ့ ပုံရိပ်တွေကိုတော့ ဖျောက်ဖျက်မပေးနိုင်ကြဘူး။
ဆေးအရှိန်နဲ့ ညဖက်တွေဆို သူမ ကောင်းကောင်းအိပ်တယ်။
ဒါပေမဲ့ မနက်မိုးလင်းလို့ မျက်စိနှစ်ဖက်မဖွင့်ရသေး၊ နိုးပီဆိုတဲ့အသိနဲ့တင် မိုးနှင်းဝေဟာ သူမ အာရုံထဲပြေးဝင်လာတယ်။
လီလီ့ကိုလည်း သူမ အားနာလှပြီ။ လီလီနဲ့ သူမဟာ အခုဆို ညီအမတွေလိုတောင် ဖြစ်နေပြီရယ်။
နမ်းဖို့တောင် သူမ လက်မခံနိုင်တာ... Sex ဆိုတာ ဝေလာဝေး။
ဒီလိုနဲ့ သူမဟာ အရမ်းကိုထက်မြက်ပါတယ်ဆိုတဲ့ မင်းထက်သာလွန်ဆိုတဲ့အမျိုးသမီးအဖြစ်ကနေ တိတ်ဆိတ်ငြိမ်သက်နေတတ်တဲ့ မင်းထက်သာလွန်အဖြစ် မသိမသာလေး ပြောင်းလဲသွားခဲ့ရတယ်လေ။
----------------------------------------------------
2 နှစ်ဆိုတဲ့အချိန်ကာလက တစ်ချို့လူတွေအတွက် Move On နိုင်ဖို့ လုံလောက်တဲ့အချိန်ဖြစ်ပေမယ့် သူမအတွက်တော့ ဘယ်လိုမှ မလုံလောက်နိုင်။
ပြောရမယ်ဆို... ရိုးသားစွာဝန်ခံရမယ်ဆို... နှင်းဆီကို 1 စက္ကန့်စာလေးတောင် မေ့လို့မရခဲ့။
ကြာလာတော့လေ... သူမ နားလည်လာတာက၊ သစ္စာရှိချင်လို့ လီလီ့ကို ဆွဲကိုင်ထားမိပေမယ့် တကယ်တော့ ဒါဟာ လီလီ့အတွက် ချုပ်နှောင်မှုတစ်ခုပဲ သိလား။
လီလီလည်း ချစ်သူနဲ့ သာယာချင်ရှာမှာပေါ့။
အစပိုင်းတုန်းကတော့ လီလီဟာ သူမကို ရယူဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ ဘယ်လိုမှ မောင်းနှင်လို့မရတဲ့ ကားတစ်စီးကို ဆီထည့်နေလို့လည်း အပိုပဲဆိုတာ လီလီသဘောပေါက်သွားတယ်နဲ့တူပါတယ်။
အခုဆို လီလီဟာ သူမဆီက ဘာမှကိုမတောင်းဆိုတော့တာ 2 နှစ်လောက်တောင်ရှိနေပြီ။
အဲ့လိုမတောင်းဆိုတော့တဲ့အတွက် လီလီဟာ သူ့အပျော်အတွက် တခြားနေရာမှာ ရှာချင်လာတယ်။
သူမကို အမတစ်ယောက်လိုမျိုးပဲ တွယ်တာတော့တယ်။
ညဖက် သူမကိုတစ်ယောက်တည်းစိတ်မချတဲ့လီလီဟာ သူမနဲ့အတူလာနေပေးတယ်ဆိုပေမယ့် ညဥ့်နက်မှပြန်လာတဲ့ လီလီ့ကားပေါ်မှာ တခြားမိန်းကလေးတွေ ပါလာတတ်တယ်။
အပြန် ဖက်နမ်းပြီး နှုတ်ဆက်နေတဲ့ မြင်ကွင်းကို သူမ မြင်နေပေမယ့်လည်း စိတ်ထဲ ဘယ်လိုမှမနေဘူး။
တော်ပါသေးရဲ့... ငါ့ဆီက မရတဲ့အရာ သူ တခြားမှာ ယူလို့ရနေတာပဲလို့ တွေးမိပြီး စိတ်သက်သာရာတောင် ရချင်နေသေးတာ။
လီလီနဲ့ သူမကြားမှာ စကားလုံးတွေ သိသိသာသာ တိတ်ဆိတ်လာခဲ့ပြီ။
နေ့လည်စာထမင်းစားဝိုင်းမှာဆို ပြောဖို့ စကားစတောင် မနည်းကြီးရှာနေရသလိုဖြစ်လာခဲ့ပြီ။
ဒီလိုနဲ့ တစ်ရက်မှာ လီလီ့ဖက်က စကားစလာခဲ့တယ်။
"လီလီတို့ ဘယ်လိုဆက်လုပ်ကြမလဲ မမ..."
"ဘာကိုပြောချင်တာလဲ လီလီ..."
"လီလီတို့ ဆက်ဆံရေးကြီး အေးစက်မာကျောလွန်းနေပြီလေ။ မမသိလား.... လီလီက မမရဲ့ ချစ်သူ။ မမရဲ့ ညီမလေးမဟုတ်ဘူး..."
"သိပါတယ်။ တို့သိပါတယ်..."
"မမဘယ်လိုမှ လီလီ့ကိုလက်မခံနိုင်တော့တာလား?"
"တို့လက်ခံထားလို့ပဲ မင်းတို့အိမ်မှာ နေနေတာမို့လား လီလီ..."
ဒုံးဝေးလွန်းနေတဲ့ သူမကို လီလီ အားမလိုအားမရဖြစ်ရင်း ခေါင်းခါတယ်။
"လီလီ ဘာကိုဆိုလိုချင်တာလဲဆိုတာ မမသိပါတယ်... လီလီက ငယ်သေးတယ် မမ။ လီလီ့စိတ်က Sex ကိစ္စကို တောင့်တတာမျိုးရှိတယ်။ တစ်ချို့ညတွေဆို လီလီ အဲ့ဒီကိစ္စကို ကိုယ့်ဘာသာ ဖြေရှင်းရတယ်။ အဆင်တော့ပြေသွားပေမယ့် လီလီ့ချစ်သူက လီလီနဲ့တစ်ကုတင်တည်းအိပ်နေပြီး လီလီက masturbate နဲ့ စိတ်ဖြေနေရတာဟာ မတရားဘူးလို့ ခံစားလာရတယ်။ အဲဒါကြောင့် တခြားစော်တွေတွဲခဲ့တယ်။ အဲဒီစော်တွေနဲ့ တွဲနေကြောင်းမမသိအောင် အချက်ပြခဲ့တယ်။ မမများမေးလေမလားလို့။ ဒါပေမဲ့ မမ မမေးခဲ့ဘူး။ သိတောင် မသိခဲ့ဘူး"
လီလီဟာ ခံစားချက်တွေပြောရင်း မျက်ရည်တွေ တစိမ့်စိမ့်စီးကျလာခဲ့တယ်။
"ဒီတော့ မမသိအောင်၊ မမသတိထားမိအောင် လီလီ အဲဒီစော်တွေကို အိမ်အထိ ခေါ်လာခဲ့တယ်။ ကိုယ့်ကားနဲ့ကိုယ် ဘားသွားတာ ကလပ်သွားတာ အပြန်လိုက်ပို့ပေးဖို့ ကားမလိုဘူး မမရဲ့။ မမများ မြင်ရင် သ၀န်တိုစိတ်နဲ့ လီလီ့ဖက် စိတ်ပြန်လှည့်လာလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲဒီစော်တွေကို အိမ်အထိခေါ်လာခဲ့တာ။ မမသိအောင်... မမရိပ်မိအောင်။ မမ သ၀န်တိုတတ်လာအောင်..."
လီလီကသာ မျက်ရည်အလိမ်းလိမ်းနဲ့ ခံစားချက်တွေ ပွင့်အန်နေပေမယ့် သူမကတော့ ဘာမှမဖြစ်တဲ့လူတစ်ယောက်လို နားထောင်ပေးနေမိတာ။ မသိရင် ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို နားထောင်နေရသလိုမျိုး။
"ဒါပေမဲ့ မမ သ၀န်မတိုလာဘူး။ ဟိုနေ့ကဆို ဘယ်လောက်ဆိုးလဲ... မမကိုယ်တိုင် လီလီ့ဆီလာတဲ့ ဖုန်းကို လီလီရေ မင်းကောင်မလေးလားမသိဘူး၊ ဖုန်းလာနေတယ်တဲ့... အဲ့လိုခေါ်ပေးတာ။ အဲဒီလိုခေါ်ပေးတဲ့ မမကတော့ ဘယ်လိုမှ မနေပေမယ့် လီလီသေမတတ်ခံစားရတာ။ ရူးတော့မယ်... သိလား?"
"တို့တောင်းပန်ပါတယ် လီလီရယ်..."
"မတောင်းပန်နဲ့ မတောင်းပန်နဲ့။ ဒိကိစ္စဟာ တောင်းပန်နေလို့ ပြီးသွားမယ့် ကိစ္စမဟုတ်ဘူး။ လီလီက အခု မမဆီက Sex မရလို့ပြောနေတာ မဟုတ်ဘူးနော်။ ချစ်သူလေကွာ... ဒီတော့ Sex မဟုတ်ဘူးဆိုရင်တောင့် နွေးထွေးနဲ့ အနမ်းလောက်တော့ လီလီရသင့်တာ မဟုတ်ဘူးလား?"
"ဟုတ်ပါတယ်..."
"ဟုတ်တယ်ဆို ပြင်တော့လေ... ပြင်ဆင်လိုက်တော့လေ။ အရမ်းကြီး အေးစက်နေပြီ မမရဲ့။ လီလီတို့ ချစ်ခြင်းက အရမ်းကြီးအေးစက်နေပြီ။ အေးစက်ပြီး တဖြည်းဖြည်း အက်ကြောင်းရာတွေနဲ့ ကွဲသွားရင် ပြန်ဆက်ရခက်သွားမယ်နော်..."
"လီလီရယ်... တဖြည်းဖြည်း အေးစက်လွန်းလာလို့ အက်ကြောင်းရာထင်လာပြီး ကွဲဖို့ပဲရှိတာ။ တို့စိတ်ထင်လေ တို့စိတ်တွေက နှင်းဆီနဲ့အတူ သေဆုံးသွားပြီနဲ့တူပါတယ်..."
"လာပြန်ပြီ နှင်းဆီ... နှင်းဆီ... နှင်းဆီ... နှင်းဆီ... နှင်းဆီ... နှင်းဆီ..."
လီလီဆောက်တည်ရာမဲ့စွာ ထအော်တယ်။
"တခါလာလည်း ဒီ နှင်းဆီ... တစ်ခါလာလည်း ဒီ နှင်းဆီ... မမရဲ့ နှင်းဆီက သေပြီ... ရှင်းလား။ သူ သေပြီ"
သူမမျက်နှာနား တိုးကပ်လာရင်း သေချာအောင် လီလီပြောလာတယ်။
လီလီ့နာကျင်မှုတွေက လီလီ့ကို ကိုယ်ချင်းစားစိတ်မဲ့စေခဲ့ပြီလေ။
"တို့ သိပါတယ်။ သူသေပြီဆိုတာ..."
"အေး အဲ့တော့ သေတဲ့လူက သေပြီ။ မမ ဘာဆက်လုပ်မှာလဲ? မမလည်း သိပါတယ်။ သေသောလူ ကြာရင်မေ့ဆိုတာ..."
"ဟင့်အင်း..."
လီလီ့စကားကိုဖြတ်ကာ သူမ ခေါင်းခါရင်း ငြင်းဆိုလိုက်တော့ လီလီက ဘာလဲဟဆိုပြီး သူမကို လှည့်ကြည့်လာတယ်။
"ဟုတ်တယ်... ဟင့်အင်း... တို့လေ နှင်းဆီကို တစ်စက္ကန့်လေးတောင် မေ့မရဘူး... အဲ့တော့..."
"အဲ့တော့... လီလီ့ကိုလက်လွှတ်လိုက်တော့ မမ..."
"ဟမ်..."
"ဟုတ်တယ်။ လီလီဒီထက်ကိုပြီး ဒီဒဏ်တွေ မခံနိုင်တော့ဘူး။ လီလီ့ကိုလ က်လွှတ်လိုက်ပါတော့... လီလီ့ကိုသနားရင် လက်လွှတ်လိုက်ပါတော့။ မမက Move On လုပ်နေချိန် လီလီသေတော့မယ်"
"မင်းကို လက်လွှတ်လိုက်ရင် တို့တရားပါ့မလား..."
"အမယ်လေး လေး... လေး... လေး...လေး... အနားမှာခေါ်ထားပြီး မသေမချင်းအသတ်ခံနေရတာထက်စာရင် မမကို အဝေးကနေ ငေးကြည့်မယ်၊ လီလီ Move On လုပ်မယ်၊ နောက်တစ်ယောက်ကိုတွဲမယ်။ ဒါပေမဲ့ မမကို လီလီတစ်ခါက ချစ်ခဲ့ဖူးတဲ့မိန်းမအဖြစ် တစ်သက်လုံး အမှတ်ရနေလိုက်တယ်။ မဟုတ်ရင်လေ... ခုနေ လမ်းမခွဲရင် လီလီ မမကို မုန်းမိတော့မှာ..."
"မင်း မုန်းတော့ မမုန်းလိုက်ပါနဲ့ လီလီရယ်..."
"မမအနားမှာ ဘယ်သူမှ မရှိချိန် လီလီဒီစကားတွေပြောရတာ အားနာတယ်။ ဒါပေမဲ့ လီလီ့ဖက်လည်း ပြန်ငဲ့ကြည့်ဦးလေ နော်... လီလီလည်း လူသားတစ်ယောက်လေ။ ကိုယ့်ရင်ခွင်ထဲနေနေပြီး မမက တစ်ချိန်လုံး နှင်းဆီ... နှင်းဆီ... နှင်းဆီ... ဖြစ်နေတာကြီးက တော်တော်ရုပ်ပျက်တာလေ သိလား..."
နှင်းဆီ မကျေမနပ်နဲ့ စားပွဲကို လက်သီးနဲ့ ဖိချလိုက်သေးတာ။
"ဒါဆို မင်းကိုလက်လွှတ်လိုက်ရင် တို့တရားတယ်ပေါ့..."
"တရားတာပေါ့။ အမယ်လေး တရားသမှ သိပ်ကိုတရားတယ်"
"အင်းပါ... မင်းလိုချင်နေတာ ဒါမျိုးဆို... ရပါတယ်။ လီလီ... မင်းသွားလိုရာသွားပါ။ တို့ မင်းကိုခွင့်ပြုပါတယ်။ တို့မင်းကို လက်ခွဲခွင့်ပေးလိုက်ပါတယ်..."
လီလီဟာ သူမကို စိုက်ကြည့်ပြီး ငြိမ်ကျသွားတယ်။ မျက်ရည်တွေကျလာတယ်။
ပြီးတော့ နာကျင်စွာ ဟိုက်ခနဲ ရယ်တယ်။ မျက်ခုံးပင့်ရင်း နာကျင်မှုတွေက ဘာမှမဟုတ်ပါလားဆိုတဲ့ပုံစံဖြင့် ခေါင်းခါသေးတယ်။
ပြီးတော့ ဆတ်ခနဲ ထလာပြီး သူမရဲ့ နဖူးကို ဖိနမ်းပြန်တယ်။
"ခုလို လက်လွှတ်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ် မမရယ်.... ဖုန်းဆက်နော်... တခုခုလိုအပ်လာတိုင်း ဖုန်းဆက်ပါ"
လီလီဟာ သူမကို ဖက်နေသေးတယ်။
နောက်ဆုံးအနေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖက်တာလား မသိဘူး။ တော်တော်ကြာတယ်။
ပြီးတော့ သက်ပြင်းချရင်း ဖက်ထားရာမှ ကိုယ်ချင်းခွာလိုက်တယ်။
"တွေ့လား လီလီက နာကျင်မှုတွေထဲက ရုန်းထွက်နိုင်တယ်။ မမကိုချစ်လို့ မမကို ဆက်ပြီးဖက်တွယ်ထားဦးမယ်ဆို လီလီပဲ နာကျင်လာရမှာ။ အဲဒါကို သိတာနဲ့ မမကို လက်လွှတ်လိုက်တယ်။ မမလည်း လီလီ့လိုပါးနပ်လိုက်ပါလား..."
"ရှင်???"
"ဟုတ်တယ်။ လီလီ့လို ပါးနပ်လိုက်ပါလားလို့။ သေသူက သေသွားပြီပဲဟာ..."
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။