Extra 🔥🔥🔥

4K 200 50
                                    

(Zawgyi code)

Feature Target ကုမ္ပဏီနှင့် သာလွန်ဆောက်လုပ်ရေးကုမ္ပဏီတို့ စီးပွားတူပူးပေါင်းလိုက်ကြတယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက်မှာ ထိုလုပ်ငန်းစုတွေထဲမှာ လုပ်နေကြတဲ့ ၀န်ထမ်းတွေရင်ထဲ ငါတို့များ ၀န်ထမ်းလျော့တဲ့အထဲ ပါသွားလေမလားဆိုတဲ့ စိုးရိမ်မှုတွေကြီးစိုးလို့နေပါတယ်။

ပိုပြီးစိုးရိမ်စိတ်ဖြစ်ပေါ်တာက သာလွန်ဆောက်လုပ်ရေး လုပ်ငန်းစုက ၀န်ထမ်းတွေပဲ။

ဘာဖြစ်လို့လဲဆိုတော့ သာလွန်ဆောက်လုပ်ရေးပိုင်ရှင် ဒေါ်မိုးနှင်းဝေက Feature Target ကုမ္ပဏီပိုင်ရှင် ဒေါ်မင်းထက်သာလွန်ဆီမှာ အတွင်းရေးမှူးဝင်လုပ်နေတယ်ဆိုတဲ့ သတင်းကြောင့်ပဲဖြစ်တယ်။

ဝန်ထမ်းတွေ ဘယ်လိုပဲ စိုးရိမ်စိတ်တွေဖြစ်နေပါစေ။

ပျော်ရွှင်နေတဲ့လူက ဒေါ်မိုးနှင်းဝေ။

"နှင်းဆီ... ဒါဘာလဲဟင်?"

"ကြည့်လေ... သိချင်ရင် သေချာလေး..."

သတင်းစာထဲမှာပါလာတဲ့ နာမည်ပြောင်းခြင်းအသိပေးကြောင်း ကြော်ငြာအပိုဒ်လေး။

ဦးမိုးဝေ မှတ်ပုံတင်အမှတ် ၈/xxxx(နိုင်)xxxxx ကိုင်ဆိုင်သူ၏သမီး ဒေါ်မိုးနှင်းဝေသည် ယနေ့မှစပြီး ဒေါ်ပန်းနှင်းဆီအဖြစ် တရားဝင် အမည်ပြောင်းလဲသတ်မှတ်လိုက်ကြောင်းဆိုတဲ့ စာပိုဒ်လေးကို ဖတ်ရင်း သူမ မျက်ရည်ပါဝေ့ရတဲ့အထိ။

"ဘာလို့ အဲ့နာမည်ပြောင်းတာလဲ..."

"နှင်းဆီဖြစ်ချင်လို့ပေါ့..."

"ဘာလို့ နှင်းဆီဖြစ်ချင်တာလဲ?"

"မင်းထက်သာလွန် အရမ်းချစ်ရတဲ့ မိန်းကလေးက နှင်းဆီမို့... ကျမ နှင်းဆီဖြစ်ချင်တာ ဆန်းသလား ဒေါ်မင်းထက်သာလွန်..."

ခပ်တင်းတင်းလေးမေးရင်း နှင်းဆီအနားတိုးကပ်လာတာကိုမြင်တည်းက သူမ သိလိုက်ပါပြီ။

အနားကပ်လာရုံနဲ့တင် နှင်းဆီ စိတ်ကျေနပ်မှာ မဟုတ်ဘူးဆိုတာ။

"နှင်းဆီနော်... ရုံးခန်းထဲမှာ..."

"အင်း ရုံးခန်းထဲမှာမို့ တစ်ချက်လောက်လေးပဲ နမ်းလိုက်မယ်လေ နော်..."

ဘယ်လိုပဲ တားမြစ်ပါစေ နှင်းဆီကို တားမရဘူးဆိုတာ သိတဲ့နောက် သူမ ခေါင်းလေးငုံ့ရှက်မိနေတယ်။

ဒါကိုပဲ နှင်းဆီက ကျေနပ်သလိုလေးပြုံးရင်း ခေါင်းကို ဖွဖွလေး နူးညံ့စွာ နမ်းသွားသေးတယ်လေ။

"စိုးရိမ်နေတဲ့ဝန်ထမ်းတွေကို တစ်ခုခုအသိပေးသင့်တယ်..."

"အင်း အသိပေးမယ်လေ... မင်္ဂလာဆောင်တဲ့ညနေကျရင်..."

"မင်္ဂလာဆောင်..."

သူမ မျက်လုံးအ၀ိုင်းသားနဲ့ နှင်းဆီကို ပြန်ကြည့်တော့ နှင်းဆီကျေနပ်သလိုလေးပြုံးနေတယ်။

"ခင်ဗျားသာ မသိတာ။ ကျမ အကုန်စီစဉ်ပြီးနေပြီ... အပြင်လူမပါပါဘူးနော်။ ၀န်ထမ်းတွေအကုန်လုံးကို ဖိတ်လိုက်ပြီးဆိုတာနဲ့ သူတို့တွေ သဘောပေါက်သွားမှာပါ..."

"မင်္ဂလာက ဘယ်သူနဲ့ ဘယ်သူဆောင်မှာလဲ?"

"ခင်ဗျားနဲ့ နှင်းဆီဆောင်မှာ..."

"အယ်..."

---------------------------------------------------------------------

မင်္ဂလာဆောင်မယ့်သတင်းလေးက ရုံးနှစ်ခုကြား လျှင်မြန်စွာ ပျံ့နှံ့သွားတော့တယ်။

ထိုသတင်းထွက်လာတဲ့အတွက် သဘောကျသူတွေ၊ အားပေးသူတွေရှိသလို၊ နှင်းဆီကို နှမျောတသဖြစ်တဲ့လူတွေလည်း ထွက်ပေါ်လာသေးတယ်လေ။

"ဟယ်... ငါတို့ MD က ငယ်ငယ်ချောချောလေး။ ဒေါ်မင်းထက်သာလွန်ကြီးက အသက်ကဖြင့်ကြီးနေပြီ... မတန်ပါဘူးနော်"

"ဟဲ့ ငါကြားမိသလောက်ဆိုရင် သူတို့ အသက်က ၁၅ နှစ်လောက်ကွာတယ်ဆိုပဲနော်..."

"ဟယ်... အဲ့လောက်ကြီးတော့ မကွာလောက်ပါဘူးဟယ်။ ဒေါ်မင်းထက်သာလွန်က ဒီလောက်ကြီးလည်း အသက်ကြီးပုံ မပေါ်သေးပါဘူး..."

"မသိဘူးအေ... မတန်ဘူးဆို မတန်ဘူး။ ငါတိုပ MD လေးက နိုင်ငံခြားသူလေးကျနေတာပဲ။ အရပ်ကြီးကလည်း အရှည်ကြီးပဲ။ နောက်ပြီး ဒေါက်ဖိနပ်လေးစီးပြီးများလမ်းလျှောက်လာရင်လေ အမယ်လေး ငါ့မှာရင်တွေခုံလွန်းလို့ ရဲရဲတောင် မကြည့်ရဲဘူး..."

"ဟဲ့... ဟိုနေ့ကလေ ကော်ရစ်တာထောင့်မှာ သူ စီးကရက်ရပ်သောက်နေတာသိလား... ငါရောပဲ ရင်တွေခုန်တာ ခုန်တာ..."

"ငါတို့ MD လေး ငါနဲ့ညားရင်ကောင်းမယ်နော်..."

"အေး အဲ့နား နင်ဖင်ဆောင့်သေလိုက်လေ... ငါနဲ့ညားရမှာ..."

"ငါတို့ MDလေးကလေ အရပ်ပဲ ရှည်တာမဟုတ်ဘူးနော်။ လက်တွေကလည်း အရှည်ကြီးတွေ..."

"ကြည့်... ကြည့်... မိန်းမ ပြောရင်းဆိုရင်း မှောင်လာပြီ မှောင်လာပြီ..."

"ဟဲ့ ငါက မြင်တာပြောတာပါအေ..."

"ညည်းနော် မတန်မရာတွေ စိတ်ကူးနဲ့တောင် မမှောင်စမ်းနဲ့အေ... ဖြစ်ချင်းဖြစ် ငါနဲ့ပဲဖြစ်..."

"သေ... သေ... သေလေ..."

သဘောမတူသူ၊ သဘောမကျသူတွေဘယ်လိုပဲ အသံထွက်လာပါစေ။ နှင်းဆီကတော့ နောက်ဆုတ်ဖို့ တွေးတောင် မတွေး။

အခုချိန်မှာမှ သူမကို ပိုင်ဆိုင်ခွင့်ရမှာလေ။ နှင်းဆီအများကြီး ကြိုးစားပြီးမှ။

အသက်ရွယ်ဆိုတာ လူတွေရဲ့သတ်မှတ်မှု၊ ကိန်းဂဏန်းတစ်ခုပါပဲလို့ နှင်းဆီယုံထားတယ်။

"တို့တွေအသက်ကွာလွန်းတယ် နှင်းဆီ..."

"အဲ့တော့..."

"အဲ့တော့ မင်းပြန်စဉ်းစားရအောင်ပါ..."

"စပြီး... ခင်ဗျားကို ဂျာနယ်တွေထဲမှာ မြင်တည်းက အသက်ကွာတယ်ဆိုတာသိသိရက်နဲ့ ရင်ခုန်ခဲ့ရတာ။ အခု ခင်ဗျားကို ပိုင်ဆိုင်ရဖို့ လက်တစ်ကမ်းပဲလိုတော့တာ။ ဘာအတွက်ပြန်စဉ်းစားရမှာလဲ။ စဉ်းစားစရာဆိုလို့ တစ်ချက်ပဲရှိတယ်"

"ဘာများလဲ?"

"မင်္ဂလာရက်ကို ရှေ့ရွှေ့ရင်ကောင်းမလားလို့... နှင်းဆီ ခင်ဗျားကို မြန်မြန်လိုချင်နေပြီ... မရတော့ဘူး..."

"ကြည့်... အကောင်းပြောတာကို..."

"နှင်းဆီလည်း အကောင်းပြောနေတာပါ ဘေဘီရယ်..."

ချစ်သူလေး စိုးရိမ်စိတ်ဖြစ်နေတယ်ဆိုတာ နှင်းဆီရိပ်မိတယ်။

နှင်းဆီလောက် လူကဲခတ်တော်တာ၊ သူမရင်ထဲ ဘာဖြစ်နေတယ်ဆိုတာ မသိပဲနေပါ့မလား။

"လာ ဘေဘီ... လာ... ဒီမှာလာထိုင်..."

ဝရံတာဘောင်မှာထိုင်နေရင်းက ပေါင်ပေါ်သို့ ရည်ညွှန်းကာ လာထိုင်ခိုင်းနေလို့ သူမက နှင်းဆီပေါင်ကြားသို့သွားကာ တင်ပါးကို နှင်းဆီရဲ့ပေါင်တစ်ဖက်ဆီသို့ အသာလေးတင်ကာထိုင်လိုက်မိတယ်။

"ကဲ... မေးမယ်ကွာ။ အသက်ကွာတော့ရော ဘာဖြစ်လဲ? နှင်းဆီချစ်တာ MDလေ။ MDက နှင်းဆီထက်အရင်အိုမင်းသွားပါစေဦး... နှင်းဆီက ပြုစုပေးမှာပေါ့။ ကျမရဲ့အဖွားအိုလေးကို မနက်ဆိုစောစောနှိုးမယ်။ မနက်စာကျွေးမယ်။ အားဆေးတိုက်မယ်။ တူတူ လမ်းလျှောက်ထွက်မယ်။ လမ်းလျှောက်ရင်း MD ရှူးရှူးတွေထွက်ကျမှာစိုးလို့ အိမ်က မထွက်ခင်တည်းက ဒိုက်ပါပါတစ်ခါတည်းဝတ်ပေးမယ်။ လမ်းမှာ နေရိပ်ရလို့ ခဏနားတိုင်း ကျမရဲ့အဖွားအိုလေး နဖူးကိုနမ်းမယ်။ လူလစ်ရင်လည်း နှုတ်ခမ်းကိုနမ်းချင်နမ်းမှာပေါ့နော်။ အဖွားအိုလေးကို ခေါင်းလျှော်ပေးမယ်၊ ခြေသည်းလက်သည်းညှပ်ပေးမယ်။ ညတိုင်း ဒင်နာချက်ကျွေးမယ်။ ကဲ ဘယ်လောက်ပြည့်စုံလောက်သလဲပြော..."

ကျေနပ်စွာ၊ ကြည်နူးစွာဖြင့်ပြောနေတဲ့ နှင်းဆီမျက်ဝန်းတွေဟာ တကယ့်ကိုမျှော်လင့်ချက်တွေနဲ့ ပြည့်ဝနေတယ်ဆိုတာ သူမ မြင်နေရတယ်။

သေချာနေပါပြီ။ ဒီမိန်းကလေးလက်ထဲမှာ သူမဘ၀ကို ပုံအပ်လိုက်ဖို့ ဆုံးဖြတ်ပြီးသွားပါပြီ။

အဲဒီအတွက် နောင်တလည်းရလာတော့မယ်မထင်ပါဘူး။

"နှင်းဆီ... တို့... နှင်းဆီကိုပြစရာရှိတယ်... လိုက်ခဲ့နော်..."

"ဘယ်ကိုလဲ?"

"အိမ်ထဲမှာပါပဲကွယ်။ အပြင်မှာမဟုတ်ပါဘူး..."

---------------------------------------------------------------------

သူမ ခေါ်သွားတဲ့နေရာက တခြားနေရာမဟုတ်။

သူမအိပ်ခန်းရဲ့ဘေးချင်းကပ်ကအခန်း။

အဲဒီမှာအခန်းတစ်ခုရှိနေတယ်ဆိုတာ နှင်းဆီ သိတော့ သိနေတယ်။ ဒါမဲ့ ဘယ်လိုအခန်းမျိုးဖြစ်နေလိမ့်မယ်ဆိုတာကို မေးလည်း မမေးဖူးသလို၊ စပ်စုတာမျိုးလည်းမရှိခဲ့။

ဒီနေ့ သူမက အဲဒီအခန်းဆီသို့ နှင်းဆီကိုခေါ်ခဲ့တယ်။

မျက်လုံးကို ပုဝါစလေးတစ်ခုလည်းပိတ်ခဲ့သေးတယ်။

အခန်းထဲရောက်တော့ အရာရာ အမှောင်ထုက ကြီးစိုးနေတယ်။ သူမက နှင်းဆီအနားသို့ ကပ်လာပြီး နှင်းဆီရဲ့ နားထင်လေးကို တစ်ချက်လာနမ်းရင်း မျက်လုံးမှာစည်းထားတဲ့ ပုဝါစကို လာချွတ်တယ်။

"အေးနော်... ဘေဘီ... မင်္ဂလာဆောင်တော့မှာဆိုတော့ မနက်ဖန်ကစပြီး မင်္ဂလာဆောင်တဲ့နေ့မှ ပြန်တွေ့ရမယ်လို့ ပြောထားပြီး... အခု နှင်းဆီနားမှာ ဟိုလိုလို၊ ဒီလိုလိုတွေ လာမလုပ်နဲ့နော်... အသည်းယားလာရင် သိတယ်မို့လား..."

"တော်စမ်း... စိတ်ကို ငြိမ်ငြိမ်ထားကွာ။ တို့အခုပြမယ့်အရာကို မင်း သေချာကြည့်ကွာ။ နော်..."

စိတ်ဆိုးသလိုလေး အော်လာလို့ နှင်းဆီခေါင်းလေးပုသွားရင်း ငြိမ်သွားမိတယ်။

အဲဒီအချိန် သူမက အခန်းထဲမှာ လက်ခုပ်လေး ၃ ချက်တီးလိုက်တယ်။

အခန်းတစ်ခန်းလုံး မီးတွေ ထိန်ထိန်လင်းသွားတယ်။

အဲဒီအခါမှာ နှင်းဆီမြင်လိုက်ရတဲ့ အရာတွေ။

ပါးစပ်အဟောင်းသားဖြစ်ရင်း မျက်လုံးတွေပြူးကျယ်သွားရတယ်။ မျက်ရည်တွေဝေ့၀ိုင်းလာရတယ်။

အော် ငါ့ကို ဒီလောက်တောင် ချစ်တာလားဆိုတဲ့ စိတ်နဲ့ သူမကို လှမ်းကြည့်တော့ သူမက အားပေးသလိုလေးပြုံးရင်း အနားကိုလျှောက်လာတယ်။ ပြီးတော့ နှင်းဆီလက်လေးကိုလှမ်းကိုင်ကာ အားပေးတယ်။

"အများကြီးပဲနော်... တကယ်ကို အများကြီးပဲ ဘေဘီရယ်..."

"မင်းကြိုက်တတ်တယ်ဆိုတာသိတည်းက... မင်း အနားမှာရှိရှိ/ မရှိရှိ၊ တို့တွေ့တိုင်း ၀ယ်ဝယ်ထားမိတာ၊ မင်းကို အရမ်းလွမ်းရင် ဒီအခန်းထဲလာနေကြ။ အဲ့ဒီအခါကျရင် မင်းတို့အနားမှာရှိနေတယ်လို့ ခံစားရလို့။ တို့လေ ဒီအခန်းထဲလာပြီး မျက်လုံးတွေပိတ်ထားတဲ့အခါ မင်းရဲ့ ခြေလှမ်းသံလေးကို ကြားရတယ်"

ပြောရင်း သူမက မျက်လုံးလေးတွေ မှိတ်ပစ်လိုက်တယ်။

နှင်းဆီ မက်မောစွာဖြင့် သူမရဲ့ပါးပြင်လေးကို ငုံ့နမ်းလိုက်မိသေးတာ။ အဲဒီအခါ နှင်းဆီရဲ့မျက်ရည်စတွေဟာ သူမရဲ့ပါးပြင်ပေါ်သို့ ခုန်ဆင်းကြပြန်တယ်။

ဟုတ်ပါတယ်။ အခန်းထဲမှာ... နံရံနဲ့အပြည့် မှန်ဘီဒိုတွေ။ ထိုဘီဒိုတွေထဲ အမဲရောင်ကတ္တီပါစလေးတွေပေါ်မှာ အကန့်လိုက်၊ အကန့်လိုက်နဲ့ ထည့်ထားတဲ့ လေဒီရှူးအနီလေးတွေ။

တစ်ရံ... နှစ်ရံ... သုံးရံ မဟုတ်ဘူး... အခန်းထဲမှာရှိတဲ့ နရံနဲ့အပြည့် တည်ဆောက်ထားတဲ့ ဘီဒိုလေးရဲ့အကန့်တိုင်းမှာရှိနေတဲ့ လေဒီရှူးအနီလေးတွေ။

ဒီဇိုင်းတွေသာ မသိမသာလေးတွေ ပြောင်းလဲနေပေမယ့် အကုန်လုံးက အနီရောင်ရင့်ရင့်။ နှင်းဆီစီးလေ့ရှိတဲ့ အရောင်။
ဒီလောက် အရံတွေအများကြီး သူမ၀ယ်ယူခဲ့တယ်ဆိုပါတော့။

ဒီလောက်တောင် သူမဟာ နှင်းဆီကို မက်မောခဲ့တယ်ဆိုပါတော့။

ဒီလောက်တောင် သူမဟာ နှင်းဆီကို ရူးသွပ်ခဲ့တယ်ဆိုပါတော့။

"MD ရယ်..."

မျက်ရည်တွေနဲ့ လေဒီရှူးအနီတွေဝန်းရံနေတဲ့အခန်းအလယ်မှာ နှင်းဆီ သူမကို တင်းကြပ်စွာသိုင်းဖက်လိုက်မိတယ်။

"အစစအရာရာအတွက် တောင်းပန်တယ်နော်..."

"မတောင်းပန်ပါနဲ့။ တို့က ချစ်မိခဲ့တာလေ..."

နှင်းဆီနဲ့ ကိုယ်ချင်းခွာလိုက်ရင်း သူမက နှင်းဆီရဲ့ မျက်ရည်စတွေကို နှုတ်ခမ်းဖျားလေးနဲ့ လာသုတ်ပေးတယ်။
"ကဲ... လာ... ကလေးလေး... ရှင့်ကို ကျမကိုယ်တိုင် ဖိနပ်လေးစီးပေးချင်တယ်။ လာခဲ့..."

ဝမ်းနည်း၊ ကြည်နူးစွာ ငိုချင်နေတဲ့ နှင်းဆီကို သူမက နူးညံ့စွာ ချော့မော့ခေါ်ရင်း အခန်းအလယ်မှာရှိနေတဲ့ တစ်ခုံတည်းသော ကတ္တီပါပန်းပွင့်စတွေနဲ့ ချယ်မွှန်းထားတဲ့ ခုံပုလေးဆီသို့ ခေါ်လာခဲ့တယ်။

ပြီးတော့ နှင်းဆီကို ထိုထိုင်ခုံပေါ်တွင် ထိုင်ခိုင်းရင်း သူမက မေးတယ်။

"ကဲပြော... ဒီထဲက မင်းဘယ်ဖိနပ်ကို စီးကြည့်ချင်လဲ?"

"အင်း... MD က ဘယ်အရံကို စီးပေးချင်လဲ?"

"တို့ကလား... တို့က..."

"အင်း ဘေဘီရွေး။ ပြီးရင် စီးပေးပေါ့..."

နှင်းဆီက အခုစီးထားတဲ့ ဖိနပ်လေးကို အဆင်သင့်ချွတ်လိုက်ကာပြောတော့ သူမက ကျေနပ်စွာပြုံးတယ်။

ပြီးတော့ နံရံတွေနဲ့အပြည့်တည်ဆောက်ထားတဲ့ မှန်ဘီဒိုကြီးထဲမှ ဖိနပ်တွေကို တစ်ရံချင်းစီ သေချာစိုက်ကြည့်ရင်း ရွေးချယ်ရခက်နေပြန်သေးတယ်။

"အားလုံးက မင်းနဲ့လိုက်မှာ နှင်းဆီရဲ့..."

"ဘေဘီဝတ်ပေးချင်တာလေး ရွေးကွာ..."

သူမ အချိန်တော့ တော်တော်ယူလိုက်တယ်။ ပြီးမှ ဖိနပ်လေးတစ်ရံကို ရွေးချယ်လိုက်တယ်လေ။

ရွေးမယ့်ရွေးတော့လည်း ခပ်မြင့်မြင့်မှာရှိနေတဲ့ ဖိနပ်ကိုရွေးတာ။

ဒီတော့ သူမမှာ အသင့်ပြင်ဆင်ထားတဲ့ လှေကားကို သုံးပြီး တက်ယူရတာပေါ့။

တက်နေရင်း ပြုတ်ကျမလိုဖြစ်လို့ နှင်းဆီအပြေးလေးသွားပွေ့လိုက်ရသေးတယ်။

နှစ်ယောက်သား အရမ်းနီးကပ်သွားတော့ သူမက ရှက်နေသေးတာသိလား။

နှင်းဆီက အောက်ကိုချပေးလိုက်တော့ သူမက နှင်းဆီကို ခုံလေးပေါ်မှာထိုင်ခိုင်းတယ်။

ပြီးတော့ သူမက ကြမ်းပြင်မှာ ဒူးလေးထောက်ပြီး နှင်းဆီးကို ဖိနပ်စီးပေးမှာတဲ့လေ။

"ဟယ်... မလုပ်ပါနဲ့။ အမယ်လေး အမယ်လေး။ ကျမအသည်းတွေကွဲလှပါပြီ။ အဲ့လို ဒူးမထောက်ပါနဲ့..."

"အော် စီးပေးချင်လို့ပါ နှင်းဆီရယ်..."

"လာ... ဒေါက်ဖိနပ်အနီဆိုတာ နှင်းဆီက စီးနေကျ။ ဒီတစ်ခါ နှင်းဆီ MD ကို ပြန်စီးပေးမယ်။ လာ..."

ချော့မော့ကာ နှင်းဆီက သူမကို ထိုင်ခုံပေါ်မှာထိုင်ခိုင်းလိုက်တယ်။ ပြီးတော့ သူမရဲ့ ထမီစလေးကို လှန်တင်လိုက်ရင်း ပေါ်လာတဲ့ ဖွေးနုနု ခြေထောက်လေး။

အဲဒီခြေထောက်လေးဆီကို သူမ ယူလာတဲ့ လေဒီရှူးအနီလေးကို စွပ်ပေးမိတော့ ဖိနပ်က သိသိသာသာကြီးနေတယ်။

"မင်းဆိုဒ်လေကွာ... တို့ဆိုဒ်မဟုတ်တော့..."

ဖိနပ်မတော်ဘူးလို့ သူမက ပြောချင်တာ။ ဒါပေမဲ့ စကားတွေက အဲဒီနားမှာပဲရပ်တံ့သွားတယ်။

ရပ်သွားမှာပေါ့။ နှင်းဆီက သူမရဲ့ ပေါ်လာတဲ့ ဖြူနုနေတဲ့ ခြေသလုံးလေးကို ဒူးထောက်ရင်းက ကုန်းနမ်းလိုက်တာလေ။

"နှင်းဆီ..."

တားမြစ်သလိုလေး ခေါ်လိုက်ပေမယ့် နှင်းဆီ မသိဟန်ဆောင်လိုက်မိတယ်။

အခန်းထဲ စ၀င်လာတည်းက၊ နားထင်နား သူမ လာနမ်းလိုက်တည်းက နှင်းဆီသိသိသာသာစိတ်တွေ ထကြွခဲ့ရတာ။
ဒါအကုန် သူမ အပြစ်။

ခြေသလုံးလေးတွေကို မက်မက်မောမောစုပ်နမ်းနေရင်း ထမီကို အသာလေးဖယ်ချလိုက်တော့၊ နှင်းဆီကံကောင်းတာက သူမ၀တ်ထားတာ သုံးလွှာစကတ်ဖြစ်နေလေတယ်။

ဒီတော့ စကတ်ကိုအသာလေးမလိုက်တာနဲ့ ပေါင်ဖြူဖြူလေးတွေပါ ပေါ်လာခဲ့ပြီလေ။

သူမရဲ့ ဒူးလေးကို လျှာနဲ့ ခပ်တင်းတင်းလေး လျက်ပေးလိုက်ရင်း ဒူးအပေါ်၊ ပေါင်အစပ်လေးကို အားရပါးရစုပ်နမ်းပြစ်လိုက်တယ်။

သိသိသာသာ နီညိုရောင်အကွင်းကြီးက ထင်းခနဲပေါ်သွားရတယ်လေ။

ပြီးတော့ သူမရဲ့ ဒူးအောက်ဖက်သို့ လက်နှစ်ဖက် လျှိုထည့်လိုက်ပြီး ဆတ်ခနဲ ဆွဲမလိုက်တာ သူမဆီက "အင့်"ခနဲ အသံထွက်လာတယ်။

"နှင်းဆီ မလုပ်နဲ့ကွာ..."

"မရတော့ဘူးလေ... ဘာလဲ CCTV တပ်ထားမိလို့လား?"

"အင်း..."

"အာ့ဆို မနက်ဖန်ကစပြီး နှင်းဆီတို့ မင်္ဂလာဆောင်တဲ့နေ့အထိ မတွေ့ရတော့ဘူးဆို... အဲရက်တွေ အလွမ်းပြေ ခင်များကြည့်ပေါ့..."

"ဟွန်း..."

ရှက်သလို မျက်နှာလေး နီရဲသွားရင်း သူမ ခေါင်းက တစ်ဖက်သို့ စောင်းငဲ့ဆင်းသွားတယ်။

ခုံလေးက ကျောမီမပါဘူးဆိုတော့၊ အခုချိန်မှာ သူမရဲ့ ဒူးနှစ်ဖက်အောက်မှာ နှင်းဆီရဲ့ ပခုံးတွေက ရောက်နှင့်နေပြီဆိုတော့ သူမ ကျောလေးက နောက်သို့ ခပ်လန်လန်ဖြစ်နေလေပြီ။

ဒီတော့ ခုံအစွန်းလေးနှစ်ဖက်ဆီမှာ သူမမှာ လက်လေးကို နောက်ပြန် ဆန့်တန်းစွာထောက်ထားရပြီလေ။

ဒူးနှစ်ဖက်ကို ပခုံးပေါ်တင်လိုက်ရင်း ပေါ်လာတဲ့ ပေါင်အတွင်းသားတွေကို နှင်းဆီ မက်မက်မောမာ စုပ်နမ်းမိနေတယ်။

ပြီးတော့ လက်မနှစ်ချောင်းကလည်း သူမရဲ့ပေါင်အရင်းထောင့်ကို အသာယာဖိချေပေးရင်း အကြောဖြေပေးနေမိတယ်။

သူမ၀တ်ထားတာ အောက်ခံဘောင်းဘီ အဖြူလေး။

အဲဒီအဖြူလေးကို မချွတ်ပဲ ဘောင်းဘီအပေါ်ကနေပြီး နှင်းဆီက မေးစေ့လေးနဲ့ ပွတ်လိုက်မိတယ်။

သူမ သိသိသာသာ ခါးက ကော့မော့သွားရတယ်လေ။

"ဟားးးး နှင်းဆီရယ်..."

အောက်ခံဘောင်းဘီအဖြူလေးရဲ့ အလယ်တည့်တည့်မှာ သိသိသာသာ ရွှမ်းစိုပူနွေးတဲ့ စေးကပ်ကပ်အရည်ကြည်လေးတွေ ထွက်လာရတယ်ဆိုတာ နှင်းဆီမြင်လိုက်ရတယ်။

"ချွတ်လိုက်တော့နော်... လိမ္မာတယ် ဘေဘီရယ်..."

အသာယာချော့ရင်း သူမရဲ့ ဘောင်းဘီကို တစ်ဖက်ကနေ ချွတ်ဖို့လုပ်သေးတယ်။

ဒါမဲ့ ဘောင်းဘီချွတ်မယ်ဆို နှင်းဆီက အခုရောက်နေတဲ့ ပေါင်ကြားကနေ ဖယ်ပေးရဦးမယ်။

နှင်းဆီ မဖယ်ချင်တော့ဘူး။ အဲဒါကြောင့် အားနည်းနည်းထည့်လိုက်ရင်း ဘောင်းဘီကို ခါးစပ်နားမှ ခပ်တင်းတင်းဆွဲဆောင့်လိုက်တာ ပြတ်ထွက်သွားတယ်။

"ဟယ်... ပြဲသွားပြီ..."

"အင်း အခုပြဲသွားတာ ခင်ဗျားလေးရဲ့ ဘောင်းဘီ... ခဏနေ ခင်ဗျားလေး ကိုယ်တိုင်ပြဲရတော့မှာ..."

"ကြည့်... အင့်..."

ဘောင်းဘီမရှိတော့ဘူးဆိုတော့ ရွှမ်းစိုနေတဲ့ သူမရဲ့အတွင်းသားကို နှင်းဆီအနီးကပ်မြင်နေရပြီ။

သူမကလည်း လိုချင်စိတ်တွေဖြစ်နေပြီနဲ့တူပါတယ်။

ပခုံးပေါ်တင်ထားတဲ့ ခြေသလုံးနှစ်ဖက်ကို တိုးကပ်လိမ်လိုက်တဲ့အခါ နှင်းဆီမျက်နှာက သူမရဲ့ အဓိကနေရာနဲ့ အတော်ကြီးကို နီးစပ်ထိအပ်လာရပြီလေ။

ဒီတော့ နှင်းဆီလည်း အချိန်ဆွဲမနေချင်တော့။

ခုချိန်နှင်းဆီကို စမ်းကြည့်မယ်ဆိုရင်လည်း တော်တော်လေး ရွှဲစိုနေပြီဆိုတာသိသာနေပြီလေ။
ထန်နေတဲ့ စိတ်ကို လွှတ်ပေးမိတယ်။

ဒါပေမဲ့ ဒီတစ်ခါ ဖြည်းဖြည်းချင်းစီပေါ့။ တဆင့်ချင်းစီပေါ့။

နှင်းဆီက သူမရဲ့ အကွဲကြောင်းလေးအတိုင်း လျှာကို အပြားလိုက်ချရင်း လျက်ပြစ်လိုက်မိတယ်။

"အား... ရှီး... နှင်းဆီရယ်..."

လျှာကို အပြားလိုက်ချလိုက်တော့ သူမရဲ့ G spot လေးက နှင်းဆီရဲ့ လျှာအလယ်ခေါင်လောက်ကို ထိုးထောင်ပြီး လာထောက်နေတယ်။

နှင်းဆီလည်း အဲဒီ G Spot လေးကို ပထမပိုင်း လျှာဖျားလေးနဲ့ ခပ်သွက်သွက်လေး ထိုးလှုတ်ခပ်ကာ လျက်ပေးနေမိပေမယ့် နောက်ပိုင်း အရမ်းထန်လာတော့ အဲဒီ G Spot ကို အာခံတွင်းထဲအထိ ငုံစုပ်ပြီး ခေါင်းကို ရှေ့တိုး၊ နောက်ဆုတ်ကစားမိသွားတဲ့အချိန် သူမတကိုယ်လုံး လွန့်လွန့်လူး လှုတ်ခါသွားရတော့တာပေါ့။

"အား... နှင်းဆီ... အား... အား... ကောင်းလိုက်တာ... နှင်းဆီ..."

သူမရဲ့ထောက်ထားတဲ့ လက်နှစ်ဖက်မှ တစ်ဖက်က နှင်းဆီရဲ့ ဆံပင်တွေကို လာရောက်ဆော့ကစားတယ်။

သူမက ခါးက ကော့မော့နေတယ်။

သူမ ခြေသလုံးတွေဟာ ဒူးကွေးကာ နှင်းဆီကို လွှတ်ထွက်မသွားအောင် ကွေ့ပိုက်ထားတယ်။

နှင်းဆီရဲ့မျက်နှာဟာ သူမရဲ့ ညီမလေးအနီးနားမှာ တော်တော်လေးကို အလုပ်ရှုတ်နေမိတယ်။

G Spot ကို အာခံတွင်းထဲငုံရင်း အားရပါးရ လျက်စုပ်ပေးပြီးတဲ့အခါ သူမဆီက ပူနွေးတဲ့အရည်တွေအများကြီး စီးထွက်လာတာ နှင်းဆီရဲ့ မေးစေ့တွေပါ ပေကုန်တယ်။

အဲဒီအခါ နှင်းဆီ G Spot ကို ခပ်ပြင်းပြင်းလေးငုံစုပ်နေရာက ခဏရပ်ပြီး မေးစေ့ကို လက်ဖမိုးနဲ့သုတ်ရင်း သူမကို လှမ်းမော့ကြည့်မိတယ်။

သူမ လည်ပင်းမှ အကြောတွေထောင်မတ်နေမတတ် ခေါင်းမော့ကာ ခါးကော့ပေးရင်း ညီးညူနေတာတွေ့လိုက်ရလို့ နှင်းဆီစိတ်တွေပိုထန်သွားတယ်။

အဲဒီအခါ နှင်းဆီ လက်ခလယ်ကို သူမရဲ့ အပေါက်ထဲသို့ အသာယာဖြည်းဖြည်းချင်း ထိုးထည့်လိုက်မိတယ်။

တင်းကြပ်နေတယ်ဆိုပေမယ့် အရည်တွေနဲ့ ရွှဲနေပြီမို့ လက်က အေးအေးလူလူပဲ အတွင်းထဲဝင်သွားတယ်။

အတွင်းသားတွေရဲ့ ဖြည်းညှစ်တောင့်တတဲ့ အထိတွေ့ကို နှင်းဆီဟာ လက်ခလယ်မှတဆင့် သိနေရပြီ။

သူမရဲ့အထဲမှာ နွေးထွေးနေတာပဲ။

လက်ခလယ်တဆုံးဝင်သွားပြီးတဲ့အခါ G Spot က သိသိသာသာထောင်မတ်လာပြန်တယ်။

လက်ကို ပြန်မထုတ်သေးပဲ နှင်းဆီ သူမရဲ့ G Spot ကိုအားရပါးရ လျှာကို ရှေ့တိုးနောက်ဆုတ် ခပ်သွက်သွက် လှုတ်ရှားရင်း လျက်ပစ်လိုက်မိတယ်။

"အား... ရှီး.... နှင်းဆီ... အား... တို့... တို့ မရတော့ဘူး..."

မရတော့ဘူးဆိုတဲ့အသံကြားတော့ နှင်းဆီ လျက်နေတာကို ခဏရပ်ကာ သူမကို မော့ကြည့်မိသွားတယ်။

"မပြီးလိုက်နဲ့ဦးနော်။ နှင်းဆီ မ၀သေးဘူးနော်... အားရပါးရ လုပ်ချင်သေးတာနော်။ တင်းခံပေးကွာ။ မပြီးနဲ့ဦး"

နှင်းဆီ ကလေးဆိုးကြီးလို ပူဆာမိရင်း လက်ခလယ်ကို သူမရဲ့ အပေါက်ထဲမှ အသာယာဆွဲထုတ်ပြီးမှ ဆတ်ခနဲ အားနဲ့ ဆောင့်ထိုးထည့်မိတယ်။

"အ!... အင့်..."

ပြီးတော့ လက်ခလယ်ကို ပြန်ဆွဲထုတ်ရင်း လက်ညိုးကိုပါ အသာပူးကာ လက်နှစ်ချောင်းလုံး ပူးပြီး ပြန်ထည့်မိတယ်။

လက်ချောင်းထိပ်တွေက အတွင်းမှ သူမရဲ့ သားအိမ်ခေါင်းအထိ ထိမိနေပြီဆိုတာ နှင်းဆီသိနေရတယ်။

ထိမိနေတဲ့ သားအိမ်ခေါင်းကို လက်ချောင်းတွေနဲ့ လှမ်းကာထိုးဆော့တဲ့အခါ သူမ လွန့်လွန့်လူးသွားတယ်။

"အား... နှင်းဆီ... နှင်းဆီ... မရတော့ဘူးဆို... နှင်းဆီ..."

"မပြီးနဲ့ဦး... မပြီးနဲ့ဦး..."

"အား တော်ပြီ... အား ရှီး... ကောင်းလိုက်တာ..."

"ဒီထက်ပိုကောင်းစေရမယ်..."

နှင်းဆီက လက်ချောင်းတွေကို အသွင်းထုတ် ခပ်သွက်သွက်လုပ်ရင်း အသံတွေ ဆူညံစွာထွက်ပေါ်လာခဲ့တယ်။

"ဗွက်...ဗွက်...ဗွက်...ဗွက်..."

"အ!... အ!... အ!... အ!... အ!..."

လက်က အထုတ်အသွင်းမြန်လာလေ သူမက ခါးကော့မော့လာလေ။

နောက်ပြီး သူမရဲ့ G Spot ကလည်း သိသိသာသာ နီမြန်းပြီး တင်းထောင်လာလေ။

ဒီတော့ လက်ချောင်းနှစ်ချောင်းကို အတွင်းထဲ အသွင်းထုတ်ခပ်သွက်သွက်လုပ်နေရင်းက တင်းထောင်လာတဲ့ G Spot ကို နှင်းဆီအားရပါးရ ကုန်းစုပ်မိတယ်။

"ပြွတ်... ပြွတ်... ပြွတ်... ပြွတ်... ပြွတ်... ပြွတ်..."

"ဗွက်...ဗွက်...ဗွက်...ဗွက်... ဗွက်...ဗွက်...ဗွက်..."

"အ!... အ!... အင့်... အင့်...အ!... အ!... အ!..."

နှင်းဆီရေကုန်ရေခမ်းကို ဆော်နေမိတာ။

သူမရဲ့ G Spot ကို အားရပါးရ စုတ်နေမိတဲ့အချိန် သူမရဲ့ ပေါင်အရင်းက သိသိသာသာ ဆတ်ဆတ်ခုန်လာခဲ့တယ်။
နောက်ပြီး သူမရဲ့အတွင်းသားကလည်း သိသိသာသာ ဆတ်ဆတ်တုန်လာခဲ့တယ်။

သူမကိုင်ထားတဲ့ နှင်းဆီဆံပင်စတွေ တင်းခနဲ နာသွားခဲ့ရတယ်။

သူမရဲ့ ခါးလေးက သိသာစွာ ပိုပြီးမော့ကော့သွားခဲ့ရတယ်။

"အ... အ... အ... အား... အား..."

သူမ ပြီးသွားပါပြီ။

သူမ ခြေဖျားလေးတွေတောင် တုန်ရင်နေရတဲ့အထိကို ပြီးသွားခဲ့တာပါ။

နှင်းဆီ သူမကိုမော့ကြည့်ရင်း ရွှဲနေတဲ့ မေးစေ့ကို လက်ဖမိုးနဲ့သုတ်ရင်း ကြည့်မိလိုက်တော့ သူမထဲထိုးထည့်မိနေတဲ့ လက်ညိုးနဲ့လက်ခလယ်မှာလည်း ရွှဲစိုလို့။

နှင်းဆီ ကျေနပ်စွာပြုံးရင်း သူမအရည်တွေနဲ့ ပေပွနေတဲ့ ပါးစပ်ဝန်းကျင်ကို သုတ်မိတယ်။

သူမ တကိုယ်လုံး ဆတ်ဆတ်ခါတုန်နေသေးတယ်။

နှင်းဆီ လက်က ပေကျံနေတဲ့ အရည်တွေကို တင်ပါးမှ အ၀တ်ဖြင့်ခပ်သွက်သွက်သုတ်ရင်း ဒူးထောက်၊ ခါးမတ်ပြီး သူမကို ရင်ခွင်ထဲထည့်၊ သိုင်းဖက်ထားလိုက်မိတယ်။

"နှင်းဆီရှိတယ်... နှင်းဆီရှိတယ်..."

ဆတ်ဆတ်တုန်နေတဲ့ သူမကို နှင်းဆီနွေးထွေးစွာ ထွေးပွေ့ထားမိတယ်။

သူမ ရင်ခွင်ထဲ ခဏတာတော့ ဆတ်ဆတ်တုန်နေတယ်။ ပြီးတော့ ငြိမ်ကျသွားတယ်။ ပြီးတော့ ကျေနပ်သလိုလေး အဟင်းခနဲ ပြုံးတယ်။

"အဆင်ပြေသွားပြီလား... နာသွားသေးလား..."

"ဘုတ်..."

ချစ်စနိုးနဲ့ နှင်းဆီမေးတော့ကို သူမက ရှက်ပြီး နှင်းဆီရဲ့ ရင်ဘတ်ကို ခပ်ဖွဖွထုတယ်။

"ဟာ... ကြည့်... အကောင်းမေးတာကို။ အခုန တ...အ...အနဲ့ အော်နေလို့လေ... နာများသွားလားလို့..."

"တော်ကွာ... အေးဆေးနေ။ လူကို မတရားလည်း လုပ်သေး။ အခုလည်းကြည့်... ဒီက အကောင်းနဲ့ ဖိနပ်စီးပေးဖို့ကို"

"အင်... အခန်းထဲဝင်လာတုန်းက စနမ်းတာ ဘယ်သူလဲပြော..."

"ဟယ်...ချစ်လို့နမ်းတာလေ..."

"အင်...အာ့ဆို နှင်းဆီလည်း ချစ်လို့လုပ်တာလေ..."

"တော်တော်ပဲနော်"

"အင်းလေ တော်တော်ပဲလုပ်တာလေ..."

သူမအရမ်းရှက်သွားရင်း နှင်းဆီရင်ခွင်ထဲ ခေါင်းကို တိုးသထက်တိုး၊ လျှိုးသထက်လျှိုးလာသောအခါ နှင်းဆီလည်း သူမကို အားရပါးရ သိုင်းဖက်ထားလိုက်မိတော့တယ်လေ။

လေဒီရှူးအနီနဲ့... ကောင်မလေးWhere stories live. Discover now