(Zawgyi code)
"ဦးခန့်အောင်က နေရာတာကာ ခင်ဗျားကို လိုက်လိုက်ပို့ပေးနေတာကို နှင်းဆီ သဘောမကျဘူး... ကျေလည်းမ ကျေနပ်ဘူး။ အဲဒါ နှင်းဆီဘယ်လိုလုပ်ရမလဲ?"
ညနေခင်းတစ်ခုမှာ နှင်းဆီဟာ သူမရဲ့ ရုံးခန်းထဲအထိဝင်လာပြီး သူမထိုင်နေတဲ့ ထိုင်ခုံဘေး၊ ကြမ်းပြင်မှာ ထိုင်ချတယ်၊ ပြီးတော့ သူမပေါင်ပေါ် မေးလေးထောက်ရင်း မကျေနပ်သလိုလေးပြောလာတယ်လေ။
နှင်းဆီစိတ်ထဲ ကသိကအောင့်ဖြစ်စရာဘာဆိုဘာမှ မလိုချင်။ မဖန်တီးချင်။
နှင်းဆီနဲ့ပတ်သတ်ရင် အရာရာ စိတ်ချမ်းသာမှုတွေသာ ပေးချင်တဲ့ သူမ။
ဒါ့ကြောင့် ချက်ချင်းပဲ နှင်းဆီကို သူမအရင်ဆုံး ကားမောင်းသင်ပေးမိတယ်။
ဒါပေမဲ့ နှင်းဆီဟာ အရင်တည်းက မောင်းတတ်နေခဲ့သလိုပါပဲ။
ကားမောင်းသင်ချိန် ခဏလေးအတွင်းမှာပဲ နှင်းဆီဟာ ကားကို ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်သွားတယ်။
ဒါနဲ့ပဲ နှင်းဆီဟာ သူမဘယ်သွားသွား လိုက်ပါတယ်။
ရုံးမှာလည်း နှင်းဆီနေရာကို တခြားဝန်ထမ်းတစ်ယောက်ကို ခန့်ထားရသေးတာ။
ရုံးတစ်ရုံးလုံးကလည်း နှင်းဆီနဲ့ သူမ သာမာန်ထက်ပိုနေပြီဆိုတာ သိနေကြပြီ။
အရင်က အနည်းအကျဉ်းသာ သိတယ်ဆိုပေမယ့် နှင်းဆီအမူအရာတွေက ခုနောက်ပိုင်း တော်တော်ကြီး ရဲတင်းလာတာ။
အလုပ်အတွက် လက်မှတ်ထိုးဖို့ ဖိုင်လာပို့ပေးရင် လက်မှတ်ထိုးနေတဲ့ သူမရဲ့ နဖူးကို ငုံ့နမ်းသွားတတ်တာမျိုး...
အစည်းဝေးခန်းထဲ အလုပ်ကိစ္စတွေ ဆွေးနွေးနေကြတုန်း နှင်းဆီဟာ သူမလက်ကို လှမ်းကိုင်လိုက်တာမျိုး...
နေ့လည်အတူတူစားတဲ့အခါ နှင်းဆီရဲ့ ခြေဖ၀ါးတွေက သူမ ခြေသလုံးကို လာရောက်ဆော့ကစားတာမျိုး...
အတူတူယှဉ်လျှောက်နေရင်း နှင်းဆီဟာ သူမရဲ့ခါးကို ဆွေ့ခနဲ ပွေ့ပိုက်ကာ ဆက်လျှောက်တာမျိုး...
နှင်းဆီရဲ့ ရုံးခန်းရှေ့ ဖြတ်လျှောက်တဲ့အခါ ဘေဘီ...ဘယ်လဲ?ဆိုပြီး စိတ်လွတ်ကိုယ်လွတ် လှမ်းမေးတာမျိုး...
အဲဒါတွေကြောင့် ရုံးထဲကလူတွေလည်း တော်တော့်ကို သိနေကြပါပြီ။
ပထမပိုင်းတော့ နှင်းဆီဟာ သူမနဲ့ လူသိမှာကို စိုးရီမ်သေးတယ်။
စိုးရိမ်တယ်ဆိုတာ တခြားမဟုတ်။
တခြားဝန်ထမ်းတွေ သူမကို အရိုအသေတန်မှာကိုပါ။
ဒါပေမယ့် အခုနောက်ပိုင်းတော့ နှင်းဆီဟာ ပတ်ဝန်းကျင်ကို ဂရုစိုက်ချင်ပုံမရ။
နမ်းချင်တဲ့အချိန် သူမကို ငုံ့နမ်းလိုက်တာမျိုးလည်း လုပ်တတ်လာပြီ။
နမ်းချင်လို့ နမ်းခွင့်မရဘူးဆိုရင် သူမအနားမှာ အရမ်းချွဲတတ်တဲ့ကြောင်တစ်ကောင်လို ဝေ့လည်လည်လုပ်နေတာတာမျိုးတွေလည်း လုပ်တတ်လာပြိလေ။
ဘာပဲဖြစ်ဖြစ် သူမကတော့ နှင်းဆီပျော်နေတယ်ဆို ကျေနပ်တယ်။
နှင်းဆီစိတ်လေး သာယာနေတယ်ဆို သူမ ကျေနပ်တယ်။
နှင်းဆီကလည်း သူမ အပြင်သွားစရာရှိပြီဆိုတာနဲ့ အဆင်သင့် ကားပါကင်ကိုရောက်နှင့်နေပြီ။
ကားစက်ကိုနှိုး၊ အဲကွန်းကို ဖွင့်ပေးထားပြီး စောင့်နေပြီ။
သူမကားအနားရောက်တာနဲ့ တံခါးကို အဆင်သင့် အပြေးလေးဆင်းကာ ဖွင့်ပေးတတ်သေးတာ။
အရင်က ဦးခန့်အောင်နဲ့ အပြင်သွားရင် ခရီးတွေက ကြာနေတတ်ပေမယ့် နှင်းဆီနဲ့သွားတဲ့အခါ ခရီးက မြန်နေသလိုမျိုး။
နှင်းဆီဟာ ကားမောင်းနေရင်း သူမလက်ဖ၀ါးကို ကျစ်ကျစ်ပါအောင် ကိုင်ထားသေးတာ။
"ကွေ့ရင် လွှတ်နော်..."
"တစ်လမ်းလုံး ကိုင်ပြီး မောင်းချင်လို့ကို ကွေ့ရင်လည်း လက်တစ်ဖက်တည်းနဲ့ကွေ့နိုင်အောင် စသင်တည်းက လေ့ကျင့်ထားပြီးသား... ခင်ဗျားလက်သာ နှင်းဆီလက်ထဲက မလွတ်စေနဲ့"
နှင်းဆီဟာ သူမ လက်ဖ၀ါးကို မကိုင်ရချိန်ဆိုရင် လက်တစ်ဖက်က သူမ ပေါင်ပေါ်သို့ ရောက်လာတတ်တာ။
သူမလက်ကို မကိုင်ရချိန်ဆိုတာ သူမ အလုပ်ကိစ္စ စာစစ်တာတို့၊ စာပြန်တာတို့၊ ဖုန်းပြောတာတို့ အဲ့လိုတွေကြောင့်ပါ။
အစပိုင်းကတော့ ပေါင်ပေါ်ရောက်လာတတ်တဲ့ နှင်းဆီလက်ဟာ ငြိမ်နေတတ်ပေမယ့် ခုနောက်ပိုင်းမှာတော့ ပေါင်ကို ဖျစ်ကာဖျစ်ကာ နှိပ်နယ်သလိုလေး လုပ်တတ်လာပြီ။
တခါခါဆို လက်သန်းက လက်ခလယ်ဘေးမှာ ကပ်နေတာမျိုးမဟုတ်တော့ပဲ ဟိုကား၊ ဒီကားနဲ့ သူမကို မထိတထိလေး လာလာထိတတ်နေပြီ။
သူမကလည်း နှင်းဆီပြုသမျှကို ကျေနပ်နေမိသူပီပီ တားမြစ်တာမျိုးလည်း မလုပ်မိခဲ့။
ဒီလို တားမြစ်မှုတွေမရှိလို့လားတော့မသိ။
နှင်းဆီဟာ တဖြည်းဖြည်းနဲ့ကို ရဲတင်းလာခဲ့တာ။
ကားမောင်းနေရင်း ပေါင်ပေါ်သို့ရောက်လာတဲ့လက်ဟာ ပေါင်အလယ်ပိုင်းသို့မဟုတ်ပဲ ပေါင်အရင်းနားသို့ ရောက်လာတတ်ပြီ။
နောက်ပြီး တစ်ချက်ချက် ကားကားလာတဲ့ လက်သန်းဟာလည်း သူမကို သိသိသာသာလာလာထိနေပြီ။
အဲ့လို တစ်ချက်ချက်လာလာထိတိုင်း သူမ "အင့်ခနဲ... အင့်ခနဲ"ပင့်သက်ရှိုက်မိတဲ့အထိပါပဲ။
"Sex on the car... ကြမလား MD"
"ဗုဒ္ဓေါ... နှင်းဆီ မင်းကားမောင်းနေတယ်လေ..."
"ကားက လက်တစ်ဖက်နဲ့မောင်းတာပဲ။ ဒီမှာလက်တစ်ဖက်က လွတ်နေလို့တောင် ခင်ဗျားပေါင်ကြားထဲ ရောက်နေပြီပဲကို"
နှင်းဆီက ပြောရင်း လက်ခလယ်နဲ့ သူမ အလယ်ကြားဆီသို့ ဆတ်ခနဲ ဆွဲတင်ပင့်သွားတာ သူမရင်ထဲ လှိုက်ခနဲ ခံစားလိုက်ရတယ်။
ဖြစ်ချင်တော့ ဒီနေ့ သူမ ၀တ်ထားတာ သုံးလွှာစကတ်။
ဒီတော့ အတွင်းဖက်သို့ နှင်းဆီလက်ဟာ လွယ်လင့်တကူ လျှိုဝင်လို့ရနေတယ်။
"မင်းကားမောင်းနေရင်း စိတ်က ဒီဖက်ထဲရောက်ရင် အက်စီးဒင့်တွေဘာတွေဖြစ်နိုင်တယ်လေ..."
"အာ... ဘေဘီကလည်း... မီးပွိုင့်မိမှလေ... နော်"
"ဟယ်... မလုပ်ပါနဲ့လား..."
"ဘာလဲ... ခင်ဗျားမပီးမှာစိုးလို့လား..."
"နှင်းဆီ... တော်ပြီကွာ... ရှက်လာပြီ"
"မရှက်နဲ့... နှင်းဆီအပေါ် ဘာမှ ရှက်စရာမလိုဘူး... နောက်ပြီး ဘေဘီတွေ့လား။ ဒါက ဘာမီးပွိုင့်လဲဆိုတာ"
နှင်းဆီမေးမှ သူမ ဘေးဘီဝဲယာကြည့်လိုက်တော့ ရောက်နေတာ ပြည်လမ်းနဲ့ ပါရမီလမ်းထောင့်က အေဒီမီးပွိုင့်။
ဒီမီးပွိုင့်ဟာ မီးနီရင် အရမ်းကြာတတ်တယ်ဆိုတာ ကားမောင်းဖူးသူတိုင်းသိတယ်။
အလျှင်လိုတဲ့လူတွေဆို ဒီပွိုင့်ကို ရှောင်သွားလေ့ရှိတတ်ကြတာ။
ထိုစဉ် သူမ ပေါင်ကြားထဲ လျှိုပြီးဝင်လာတဲ့ နှင်းဆီရဲ့ လက်ခလယ်တစ်ဖက်။
"အင့်... နှင်းဆီ..."
"ခင်ဗျား ငြိမ်ငြိမ်လေးနေ... နှင်းဆီ မရပ်ချင်တော့ဘူး"
နှင်းဆီဟာလက်ခလယ်နဲ့ သူမရဲ့အလယ်ဗဟိုကို စစပြီး ထိတယ်။
ခပ်ဖွဖွ ခပ်ဖြည်းဖြည်းလေး အောက်ခံဘောင်းဘီအပေါ်ကနေ ပွတ်သတ်ပေးနေခြင်းဟာ သူမစိတ်ကို မထ,ထအောင်မြှူဆွယ်နေတာပါပဲ။
သူမ ကားပေါ်ထိုင်နေရင်း သိသိသာသာ မောဟိုက်ချင်လာတယ်။
ဒါကိုမြင်နေတဲ့နှင်းဆီဟာ သဘောကျစွာပြုံးလိုက်သေးတာ။
ပြီးတော့ အောက်ခံဘောင်းဘီထဲ လက်ကို ခပ်ဖြည်းဖြည်းလေး လျှိုသွင်းလိုက်တယ်။
"အင့်..."
သူမ အင့်ခနဲပဲ အသံထွက်နိုင်တယ်။ လက်ဖမိုးကို ပါးစပ်နားတေ့ပြီး အရှိန်သတ်လိုက်ရတယ်။
"ကားထိုင်ခုံကို နောက်ကို နဲနဲလောက်လှန်ထားလိုက် ဘေဘီ... မင်းမျက်နှာကို ပတ်ဝန်းကျင်က မြင်မှာ နှင်းဆီ မလိုလားဘူး"
Sex လုပ်နေရင်း နှင်းဆီက အူတိုနေသေးတာ။
နှင်းဆီအလိုကျ ထိုင်ခုံကိုအနည်းငယ်နောက်သို့လှန်လိုက်စဉ်မှာ သူမ တော်တော်လေးကို နေလို့ထိုင်လို့ကောင်းသွားပေပြီ။
နှင်းဆီဟာ အောက်ခံဘောင်းဘီကို လက်ညိုးနဲ့ အသာထောက်ဖယ်ထားရင်း လက်ခလယ်က သူမ အလယ်ဗဟိုကို မထိတထိကလိနေရာကနေ သူမရဲ့..... ကို သိသိသာသာ ဖိပြီး လှိမ့်ဆော့တယ်။
သူမရင်ထဲ လှိုက်ခနဲ လှိုက်ခနဲဖြစ်ရင်း တင်ပါးဆုံက သိသိသာသာ မြောက်မြောက်တက်သွားမိသေးတာ။
"အား... နှင်းဆီ...တော်ပီနော်..."
"မီးပွိုင့်က ကြာဦးမှာ... ခင်ဗျားပြီးလောက်တယ် ဘေဘီရဲ့... ငြိမ်ငြိမ်လေး စီးမျောနေ။ နှင်းဆီ ပြီးအောင်လုပ်ပေးမယ်..."
နှင်းဆီကပြောရင်း လက်ခလယ်ဟာ သိသိသာသာလေး မြန်လာတယ်။
သူမစိတ်ကလည်း အထွဋ်ထိပ်ဆီရောက်လုလုဖြစ်နေပြီဆိုတော့ သူမရဲ့...... ကလည်း တင်းထောင်နေပြီလေ။
ဒါကို ပါးနပ်လှတဲ့ နှင်းဆီက သိနေပြီဖြစ်တဲ့အတွက် အဲ့ဒီနေရာကိုပဲ လက်ခလယ်နဲ့ ဖိဖိပြီး တဖြည်းဖြည်းချင်း ခြေရင် ကလိပေးနေရာကနေ တဖြည်းဖြည်း မြန်မြန်လေး လှုတ်ရှားလာတယ်။
လက်ရဲ့အထိတွေ့ဟာ ရွှဲနစ်နေပြီဆိုတာ သူမသိနေရပြီ။
လက်မှာ ရွှဲနေလို့သာ သူမရဲ့ ခံစားမှုက အရမ်းကောင်းလာတာ။
သူမ လှိမ့်နေအောင်ထန်နေတဲ့အချိန် နှင်းဆီက မိန့်မိန့်လေးပြုံးရင်း သူမကို စိုက်ကြည့်နေသေးတာ။
မီးပွိုင့်စိမ်းသွားလို့ ကားတွေ ရှေ့တိုးရတာတောင် နှင်းဆီရဲ့ လှုတ်ရှားမှုက ရပ်တံ့မသွား။
ကားက နောက်တစ်ခါ မီးပွိုင့်မိသွားပြန်ပြီ။
ဒီတော့ နှင်းဆီစိတ်ကြိုက်ပေါ့။
တင်းထောင်နေတဲ့ သူမရဲ့..... ကို နှင်းဆီက ခပ်တင်းတင်းလေးထိုးဖိကာ ကလိရင်း အရှိန်ကလည်း အရမ်းလျှင်မြန်လာရပေပြီ။
"အ!... အ!... အ!... အ!... အ!... အင်း... အွန်း... ရှီး..."
သူမဆီက အသံတွေထွက်လာတိုင်း နှင်းဆီက ပြုံးနေသေးတာ။
လှုတ်ရှားမှုက မြန်လာလေလေ သူမ ပြီးချင်လာလေလေ။
"မပြီးနဲ့ဦးနော်... ထိန်းထားဦး... မီးပွိုင့်စိမ်းဖို့ လိုသေးတယ်..."
"အင့်.... ဟင့်အင်း ... မရတော့ဘူး..."
"ထိန်းထားဆိုကွာ..."
"အား.... အား မရ... မရတော့ဘူး မရတော့ဘူး... အာ... အား... အား... နှင်းဆီ... အား... အား..."
သူမ ထိန်းနေတဲ့ကြားက ခါးလေးကော့သွားရင်း ပြီးသွားရပေပြီ။
သူမ ပြီးတာတောင် နှင်းဆီက မရပ်တံ့ချင်သေး။ သူမကို လာလာထိနေသေးတာ။
"အား... တော်ပါပြီ... ကျဉ်နေပြီ နှင်းဆီရဲ့ နားပါရစေဦး... ဖယ်တော့ လက်ကို..."
"ပြီးသွားပြီလား?"
"အင်း..."
"နှင်းဆီတောင် လက်မညောင်းသေးဘူးကို..."
"တော်စမ်း... တော်ပြီ။ ထပ် မပြောနဲ့နော်။ မင်းနော် တို့မင်းထက်အသက်ကြီးတယ်... လေးစားစမ်း... ဒီလို ကားပေါ်ကြီးမှာ လုပ်စရာလား?"
"လုပ်စရာမို့ လုပ်ပြီးပြီကို... သူလည်း ပြီးသားနဲ့ လူကိုလာဆူနေသေးတာ..."
"တော်ပြီ။ နောက်တစ်ခါ မလုပ်နဲ့တော့..."
"ဒီပုံစံဆိုရင်တော့ နောက်တစ်ခါ မလုပ်တော့ဘူး..."
"ဘယ်လို ဘယ်လို?"
"ဟုတ်တယ်... နောက်တစ်ခါဆို ပုံစံပြောင်းမယ်။ MD က ကားမောင်း... နှင်းဆီက MD မောင်းနေတဲ့အချိန် Down ဆင်းမှာ..."
"အဲ..."
----------------------------------------
"MD..."
"အင်း..."
သူမ ကြည့်လက်စ Webside မှ အကြည့်မလွှဲသေးပဲ ဦးခန့်အောင်ခေါ်တာကို ပြန်ထူးလိုက်မိတယ်။
"MDကို ကျွန်တော်ပြောစရာရှိလို့ပါ"
ဦးခန့်အောင် မ၀ံ့မရဲတောင်းဆိုနေသဖြင့် သူမ ဦးခန့်အောင်ကို လှည့်ကြည့်မိသွားတယ်။
ဦးခန့်အောင် မျက်ဝန်းတွေက လေးနက်လွန်းနေလို့ တကယ့်ကို အရေးတကြီးကိစ္စကိုပြောမယ်ဆိုတာ ရိပ်မိပြီး သူမ Laptop လေးကို ပိတ်လိုက်ရတယ်။
"ထိုင်လေ ဦးခန့်အောင်... ဘာများပြောချင်လို့လဲ?"
"ပန်းနှင်းဆီကိစ္စပါ MD"
"ပြောလေ။ ပန်းနှင်းဆီရဲ့ ဘကိစ္စလဲ?"
"Company ကတစ်ခြား ၀န်ထမ်းတွေမသိပေမဲ့ ပန်းနှင်းဆီ Company အပေါ်သစ္စာမဲ့ကြောင်းကို ကျွန်တော်သိနေတယ် MD"
"အဲ့ဒီ့တော့?"
နှင်းဆီနဲ့ပတ်သတ်ပြီး သူမက တကမ္ဘာလုံးနဲ့တောင် ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားတာဆိုတော့... ဦးခန့်အောင်ကို ပြန်မေးလိုက်တဲ့အသံက ဂျစ်တစ်တစ်ဆန် သွားတယ်။
"သူ့ကို တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ် MDအလုပ်ပြန်ခန့်တာကို ကျွန်တော်သဘောမကျဘူးMD။ မပြောသာလို့သာ မပြောတာ။ အဲ့လို့စာရိတ္တမကောင်းတဲ့ လူမျိုး ကုမ္ပဏီမှာရှိနေတာ ကုမ္ပဏီလည်း သိက္ခာကျတယ်MD"
သူမ မလိုလားသောစကားလုံးများကို ဦးခန့်အောင် ဆက်တိုက်ဆက်ပြီးပြောနေလို့ သူမ မျက်မှောင်တွေ ကုတ်လာပေပြီ။
"ဦးခန့်အောင်... နှင်းဆီ ဒီမှာလိမ်လည်တဲ့ကိစ္စကို ဦးခန့်အောင်ကိုယ်တိုင် ဘယ်သူ့ကိုမှ ဒီအကြောင်းတွေ သွားမပြောရင် ဘယ်သူကသိမှာလဲ ဦးခန့်အောင်။ နောက်ပြီး ပန်းနှင်းဆီက အခုဆို လိမ္မာနေပြီလေ"
"တစ်ခါမှားလို့ပြန်ခန့်ထားရင်တော့ အခုလိုဖုံးထားသင့်ပါတယ် MD။ ဒါပေမဲ့ သူက တစ်ခါမက......"
"ကျမ သူ့ကိစ္စကိုထိန်းနိုင်ပါတယ်... ဦးခန့်အောင်"
ဦးခန့်အောင်၏စကားဆုံးတာကိုတောင် သူမစောင့်တော့ပဲ ဖြတ်ပြောလိုက်မိတာ။
"တကယ်လို့ နိုင်ငံခြားမှာရှိနေတဲ့ MD အမျိုးတွေ သိသွားရင်လည်း......"
"ဦးခန့်အောင်... တရားဝင်ခွင့်ပြုထားတာမျိုးမရှိပေမယ့် ကျမ ပန်းနှင်းဆီကို လက်ထပ်ဖို့အထိ ရည်ရွယ်ထားတာနော်။ ဒီတော့ သူနဲ့ပတ်သတ်ပြီး ဝေဖန်မယ်ဆိုရင် သတိနည်းနည်းထားပါ"
သူမ မကြားချင်၊ မလိုလားတဲ့ စကားတွေ ဦးခန့်အောင်ဆီက ဆက်မကြားချင်တော့လို့ အမှန်တိုင်း ၀န်ခံလိုက်မိတယ်။
"MDက လူတော်တစ်ယောက်ပါ။ ဘယ်လိုအမှားမှမလုပ်ဖူးတဲ့ MDလိုလူမျိုးနဲ့ ဘယ်အရာမှ အတည်တကျမရှိတဲ့ ပန်းနှင်းဆီလို မိန်းကလေးမျိုး လက်တွဲဖို့ဆိုတာ MDထင်ထားသလို မလွယ်ကူနိုင်ပါဘူး"
"ဒါက ဦးခန့်အောင် အထင်လေ"
"MDအသိုင်းအ၀ိုင်းထဲကို အဲ့ဒီ့မိန်းကလေး ၀င်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် MDကို စဉ်းစားစေ့ချင်တယ်"
"ဟုတ်ပြီလေ။ ကျမ သေသေချာချာ ထပ်ပြီးစဉ်းစားလိုက်ပါ့မယ်။ အခုလို အကြံဥာဏ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကဲ... လုပ်စရာရှိတာသွားလုပ်ပါတော့"
"ဟုတ်ကဲ့ပါ။ တစ်ခုတော့ သတိထားပါMD"
"ဘာလဲ...ပြော..."
"MDစဉ်းစားတဲ့အခါမှာ သူဟာ ဘယ်အရာကိုမဆို လိမ်ပြီးပဲပြောတတ်တယ်ဆိုတဲ့ အချက်ကိုပါထည့်စဉ်းစားလိုက်ပါနော်"
ဦးခန့်အောင် ပြောပြီး ထွက်သွားပြီဖြစ်ပေမဲ့ သူမရင်ထဲ အပူမီးတစ်ခု ခိုအောင်းကျန်ရစ်ခဲ့ပြီ။
အဓိပ္ပါယ်များစွာ ကောက်နိုင်တဲ့ ဦးခန့်အောင်ရဲ့ နောက်ဆုံးစကားက သူမကို တကယ်ပဲ ခေါင်းနောက်သွားစေတာ။
ပန်နှင်းဆီ အရာရာတိုင်းကို လိမ်ပေမဲ့ သူမအပေါ်ဆက်ဆံနေတဲ့ ပန်းနှင်းဆီရဲ့ စိတ်ခံစားချက်ကတော့ လိမ်လည်မှုလေးမဖြစ်ပါစေနဲ့လို့လည်း အသံတိတ် ဆုတောင်းနေမိပါသေးတာ။
"တကယ်လို့ အဲ့ဒီစိတ်ခံစားချက်က လိမ်လည်မှုဆိုရင်ရော မင်းထက်သာလွန်"
ကိုယ့်ကိုယ်ကို ပြန်မေးလိုက်တဲ့ မေးခွန်းအတွက် သူမမှာ အဖြေမရှိ။
မကြားချင်စွာဖြင့် အဲ့ဒီမေးခွန်းကြောင့် သူမ ခေါင်းကို အကြိမ်ကြိမ်ခါယမ်းမိနေပြီ။
သူမအဖြစ်က ထက်ရှလှသည့် ဓါးသွားထက်မှ ပျားရည်စက်ကို မက်မက်မောမောတမ်းတနေသလိုပင်။
ဓါးသွားရဲ့အန္တာရယ်ပေးမှုကို သိနေပေမယ့် ဓါးသွားထက်မှ ပျားရည်ကိုမက်မောနေမိတာကြောင့် ဓါးသွားကို မသိကျိုးကျွန်ပြုထားရသလိုပါပဲ။
----------------------------------------
ဆက်ရန်
----------------------------------------
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romantizmကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။