Unicode
နွေဥတုရဲ့ဝါကျင်ကျင်ရက်စွဲများ
(၂၀၀၄) ခုနှစ်၊ ဂျူလိုင်လ (၁၄) ရက်
ငါ လေးကြိမ်မြောက်ဖြတ်သန်းခဲ့ရတဲ့ နမ်ချွန်းမြို့ရဲ့နွေရာသီ ..
နေတစ်အားပူလို့ ဘယ်ကိုမှမထွက်နိုင်ဘူး .. ဖရဲသီးတွေရဲ့အချိုဓာတ်ကလည်း နွေနေပူပူကို အံမတုနိုင်တော့ဘူးထင်ပါရဲ့။
ဒယ်ဂူမှာ ဒီအချိန်ဆို နည်းနည်းလောက်အေးနေလောက်မလား။ အဖွားကတော့ ခဏတဖြုတ်အလည်လာဖို့ လှမ်းခေါ်နေပေမဲ့ မနီးစပ်နိုင်သေးတဲ့တစ်ယောက်သောသူကြောင့် ငါ့မှာ နမ်ချွန်းနွေကို ကြံ့ကြံ့ခံရင်ဆိုင်နေရတယ်။
နေ့လယ်ဘက်ဆို ပုစဉ်းရင်ကွဲတွေက အိပ်မရအောင်သိပ်ဆူတာပဲ။ ငါအိပ်လို့မရသလို ကျောချင်းကပ်အိမ်ကလူကလည်း ငါ့နည်းတူ အိပ်ပျော်နိုင်ပုံမပေါ်ဘူး။
သူကတော့ သာမန်အတိုင်း ပြတင်းပေါက်ဖွင့်ပြီး ငါ့ကိုရိုးရိုးရှင်းရှင်းရယ်ပြတယ်။
ငါတို့ရဲ့အခြေအနေက လွန်ခဲ့တဲ့ အချိန်တွေတုန်းကထက် ပိုပြီးတိုးတက်လာတယ်ဆိုပေမဲ့ သူနဲ့ငါက သူစိမ်းမက သူငယ်ချင်းမကျဆိုတဲ့စည်းမှာငြိမ်သက်နေဆဲပဲ။
ငါသူနဲ့ပိုရင်းနှီးချင်တယ် ..
သူ့ရဲ့ကိုယ်သင်းရနံ့နွေးနွေးကို ဒီထက်ပိုပြီးရှူရှိုက်ချင်တယ် ..
သူပေးတဲ့ခပ်ချိုချို marshmallow တွေအပြင် မြို့ထဲမှာအသစ်ဖွင့်ထားတဲ့ Baskin-Robbins ဆိုင်က စတော်ဘယ်ရီရေခဲမုန့်အေးအေးကို သူမျက်နှာလေးငေးရင်း စားချင်တယ် ..
ပြီးတော့ ငါသူ့ကိုချစ်တဲ့အကြောင်းတွေ အများကြီးပြောပြချင်မိတယ် ..
သူကရော ငါ့အပေါ်ဘယ်လိုသဘောထားလောက်မလဲ ..
သေချာပေါက်ကြိုက်မဲ့ပုံလည်းမပေါ်ပါဘူး။
နွေဥတုရဲ့ဝါကျင်ကျင်ရက်စွဲတွေကုန်ရင် ငါသူနဲ့ကျောင်းမှာပြန်တွေ့ရတော့မယ်။ တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားဖို့ သိပ်ကောင်းတာပဲ။
အရင်ကလို တစ်ခါလောက်ဘေးချင်းယှဉ်နိုင်ဖို့အရေး ကျောင်းသွားချိန်တွေကိုတမင်ညှိစရာမလိုတော့ဘူး။ သူဆောင်းပေးတဲ့ ထီးဝါကြီးအောက်မှာ ငါငြိမ်ငြိမ်သက်သက်လေးလိုက်ပါနေရုံပဲ။
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..