Unicode
ငါ့အတွက် စနိုးဝှိုက်က မင်းတစ်ယောက်ပဲရှိတယ်
ဂျွန်လအကုန်ရဲ့ မနက်ခင်းနေရောင်ခြည်နွေးနွေးအောက် ယုံဆန်းလမ်းမကြီးထက်မှာ ဆေးကျောင်းသားတွေနဲ့ Veterinary Medicine ကျောင်းသားတွေဟာ ရန်ပုံငွေဖျော်ဖြေပွဲအတွက် ပျားပန်းခတ်တမျှ ရုန်းကန်လှုပ်ရှားနေကြတယ်။
ကျောင်းနှစ်ကျောင်းကို ကိုယ်စားပြုတဲ့စျေးဆိုင်တန်းတွေက လက်ညှိုးထိုးမလွဲအောင်တည်ရှိနေကြပြီး ရှေ့နှစ်ကလိုမျိုး အပြန်အလှန်ရန်ဆောင်မှုကင်းစွာနဲ့ တစ်ဖက်ကျောင်းကမုန့်တွေကိုဝယ်လိုက်၊ ဂိမ်းတွေကစားလိုက်လုပ်ကာ ဂျောင်ကုဖန်တီးပေးလိုက်သော ညီညွတ်ခြင်းလမ်းစဉ်ဟာ ထယ်ယောင်းတို့ကြားထဲ ချစ်ကြည်မှုတွေနဲ့ ရင်းနှီးခြင်းတွေကို တိုးပွားလာစေပါတယ်။
ကိုယ့်အသင်းအဖွဲ့အလိုက် တာဝန်ခွဲဝေယူကာ ပြင်ဆင်ခင်းကျင်းထားတဲ့စျေးဆိုင်တွေကလည်း အများသားရယ်ပါပဲ။
ဆူရှီလိပ်တွေ၊ ရေခဲမုန့်တွေအပြင် အသွေးအရောင်စုံသောအာတာပူစီတွေရဲ့ ချိုမြနေလောက်မဲ့အရသာကို တစ်ပါးသူတွေနဲ့မတူဘဲ မိတ်ကပ်ခန်းထဲမှာပိတ်မိနေတဲ့စနိုးဝှိုက်လေးထယ်ယောင်းကတော့ မစားရအညှော်ခံဘဝဖြင့်သာ လေဟာနယ်ထဲဝဲလွင့်နေလောက်မဲ့ အနံ့ကလေးကိုသာ ရှူရှိုက်ရင်း အရသာခံနေရပါတော့တယ်။
"နိုယွန်း .. ကျွေး .."
ထယ်ယောင်းဘေးနားမှာအပီအပြင်ထိုင်လို့ ထမင်းလိပ်အကြီးကြီးကို အားမနာပါးမနာပါးစပ်ထဲသွပ်သွင်းနေတဲ့နိုယွန်းဆီ မိတ်ကပ်ပြင်ရင်းတန်းလန်းကနေ အသနားခံသလိုပြောလိုက်သော်ငြား သကောင့်သားဟာ ထယ်ယောင်းကိုစွေဆောင်ပြီးတောင်မကြည့်ဘဲ တစ်ဖက်အခြမ်းဆီ မျက်နှာလွှဲသွားတယ်။
မကျေနပ်စိတ်တွေကြီးစိုးသွားတာမို့ မျက်မှောင်လေးကိုကျုံ့လိုက်ပြီး စုန်းမဝတ်စုံဝတ်ထားတဲ့ကောင်ရဲ့အင်္ကျီစကိုလှမ်းဆွဲလိုက်တဲ့အခါ ထယ်ယောင်းရဲ့ပါးပြင်ပေါ် ပါးနီခြယ်သပေးနေသော ဆေးကျောင်းကောင်စီဒုဥက္ကဌဟန်ယူနာရဲ့ဆူပူသံက တစ်ဆက်တည်းပေါ်ထွက်လာတယ်။
![](https://img.wattpad.com/cover/362911687-288-k887242.jpg)
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..