အပိုင်း - ၁

5.6K 402 45
                                    

Unicode

ဖမ်းဆုပ်ရခက်သော ဆပ်ပြာပူဖောင်းကလေး

ဒေါသသွေးဟာ ခြေဖျားအောက်မှ ငယ်ထိပ်အထိတက်စောင့်ဖို့အရေး လူးလွန့်ခြင်းကြီးစွာရုန်းကန်လှုပ်ရှားနေတယ်။

ထယ်ယောင်းရဲ့မျက်နှာတစ်ပြင်လုံးနီစပ်ကုန်တော့ ဘေးက‌ဖျန်ဖြေနေတဲ့သူငယ်ချင်းတွေကပါ တစ်ဖက်ဆေးကောင်အုပ်စုကို ဒေါသတကြီးစိုက်ကြည့်လာပြီး လက်သီးတွေဆုပ်၊ ‌အံတကြိတ်ကြိတ်လုပ်ကုန်ကြတော့တယ်။

"ဒီကိစ္စမှာ မင်းတို့အရင် စ foul တာနော် .. မင်းတို့ကျောင်းဘက်ကမှားပြီး ဘာကိုအခုမှရေညှိဆပ်ပြာတိုက်မျက်နှာတွေလာလုပ်နေတာလဲ .."

ထယ်ယောင်းတို့ Veterinary medicine (တိရစ္ဆာန်ဆေးကု) အဖွဲ့ထဲက ထယ်ယောင်းရဲ့သူငယ်ချင်းဖြစ်သူဂျန်ဂျင်၀န်းဟာ ကျောင်း၀န်းတစ်ခုတည်းမှာ ပူးပေါင်းဖွဲ့စည်းတည်ဆောက်ထားသော်ငြား သွေးချင်းမနီးနိုင်တဲ့ ဆေးတက္ကသိုလ်ကဆရာ၀န်လောင်းတွေဆီကို စူးစိုက်ကြည့်ပြီး ဟိန်းဟောက်ခြိမ်းခြောက်နေတယ်။

အင်း .. တစ်ကယ်တော့ ထယ်ယောင်းတို့ဟာလည်း ဆေးတက္ကသိုလ်ရဲ့ဆရာ၀န်လောင်းတွေပါပဲ။

လူကုသရေးကိုသင်ကြားတဲ့ဆေးတက္ကသိုလ်နဲ့ တိရစ္ဆာန်ကုသရေးကိုသင်ကြားတဲ့ဆေးတက္ကသိုလ်တော့ ကွာတာပေါ့လေ ....

"ဟ .. ငါတို့ကရော မှားချင်လို့မှားတယ်များထင်နေလား .. ဒါ မရည်ရွယ်ဘဲဖြစ်သွားတာကြီးကို .."

"အဲဒါဆို ငါလည်းမရည်ရွယ်ဘဲ မင်းကို ပြန်ခြေထိုးခံမယ်လေ .."

"ခွေးသူတောင်းစား ! မင်းဘာသောက်စကားပြောတာလဲ .."

အခြေအနေက ပိုမိုတင်းမာလာပြီး အဖွဲ့နှစ်ဖွဲ့ကြားက ဒေါသမီးတွေဟာလည်း တမြိုက်မြိုက်ကျွမ်းနေသောထင်းချောင်းတစ်ခုပမာ အရှိန်အဟုန်ပြင်းစွာလောင်မြိုက်လာတယ်။

သို့သော်ငြားလည်း စကားကျွံစွာရန်ဖြစ်ရုံလောက်သာဖြစ်ကြပြီး ဘယ်သူ့ဘက်ကမှစမထိုးကြ။ ကြောက်တယ်လို့မဆိုသာနိုင်ပေမဲ့လည်း ဆေးကျောင်းသားဆိုတဲ့ဂုဏ်ပုဒ်တွေကရှိကြတဲ့အပြင် ပါးစပ်ကလေးလှုပ်ရုံနဲ့ တစ်ဖက်လူကိုတန်ပြန်တိုက်ခိုက်နိုင်တဲ့အနေအထားမို့ သေချာပေါက်အင်အားသုံးကာ အသားအနာခံရခြင်းတွေကို ဆေးကျောင်းသားတွေကရော၊ ထယ်ယောင်းတို့လို Veterinary Medicine တွေဘက်ကပါ စဉ်းစားဆင်ခြင်ဉာဏ်လေးနဲ့ရှောင်ကြဉ်ကြပါတယ်။

A Soap Bubble (Complete)Where stories live. Discover now