အပိုင်း - ၁၄

2.5K 333 133
                                    

Unicode

The First

သူငယ်ချင်းတွေနဲ့ဝေးကွာနေတဲ့ ထယ်ယောင်းရဲ့နွေကျောင်းပိတ်ရက်တော်တော်များများဟာ အချစ်ဦးကောင်လေးအနား ပက်ချွဲနပ်ချွဲလုပ်ပြီး အသားယူလိုက်၊ ကင်မ်အွန်းယောင်းနဲ့ ရပ်ကွက်ထဲက ကလေးတွေကိုစနောက်လိုက်၊ ကြောင်တွေကိုအစာကျွေးလိုက်နဲ့သာ လည်ပတ်လှုပ်ရှားနေရပါတယ်။

"ငါပြောမယ်သိလား .. Harry Potter and the Prisoner of Azkaban ကို နောက်တစ်ကြိမ်ရုံပြန်တင်နေပြီတဲ့ .. မင်း .. ငါနဲ့အတူသွားကြည့်ချင်လားဟင် .."

အလုပ်မရှိသန်းရှာဆိုသလိုပင် အနည်းငယ်အားယားနေတဲ့ထယ်ယောင်းဟာ 29 store ရဲ့ပြောင်လက်ပြီးသားမှန်တံခါးကြီးကို ရေစိုဝတ်နဲ့အထပ်ထပ်အခါခါပွတ်တိုက်ရင်း ငွေရှင်းကောင်တာကို လက်ပိုက်လို့ မှီရပ်နေတဲ့ အချစ်ဦးကောင်လေးရှိရာဆီလှည့်လှည့်ပြီး စကားတွေတတွတ်တွတ်ပြောနေမိမှုကိုလည်း ရပ်တန့်လို့မရပါချေ။

"မင်းနဲ့ဆို .. ကြည့်ချင်တယ် .."

"ဟီးဟီး .. ဟုတ်လား .."

မျက်နှာလေးစပ်ဖြီးဖြီးဖြစ်သွားတော့ ဂျောင်ကုရဲ့နှုတ်ခမ်းဖျားထက်က ဟက်ခနဲရယ်သံကိုကြားလိုက်ရတယ်။

"Harry Potter ကို သဘောကျတာလား .."

ကိုယ်ကြိုက်တဲ့အကြောင်းအရာအကြောင်း စကားစလာတာနဲ့တစ်ပြိုင်နက် ထယ်ယောင်းရဲ့မျက်ဝန်းလေးတွေဟာ သန့်စင်စွာနက်စွေးနေပါသောညနက်မိုးသားကောင်းကင်ပြင်ထက်က ကြယ်ပွင့်ငုံဖူးကလေးများပမာ လှုပ်လီလှုပ်လဲ့ ရွှန်းစိုတောက်ပလာတယ်။

"သဘောကျတာပေါ့ .. အရမ်း .. အရမ်းကိုသဘောကျတာ .. ငါရော အွန်းလေးရောက Harry Potter ကို ရုပ်ရှင်လည်းကြည့်တယ် .. စာအုပ်လည်းဖတ်တယ်လေ။ ငါတို့ ခပ်ငယ်ငယ်တုန်းကဆို Harry Potter ထဲမှာပါတဲ့ထောပတ်ဘီယာကိုသောက်ချင်လွန်းလို့ ဟင်းချက်တဲ့အခါသုံးတဲ့ မာမားရဲ့ထောပတ်တုံးကြီးရယ်၊ ပါပါးရဲ့ဘီယာဘူးတွေရယ်ကိုခိုးပြီး ဒယ်အိုးကြီးထဲ အတူတူရောကျိုပြီး သောက်ခဲ့ဖူးတယ် .."

ထယ်ယောင်းရဲ့စကားကြောင့် အချစ်ဦးကောင်လေးဟာ ပခုံးတန်းနှစ်သွယ် ယိမ်းယိုင်တုန်ခိုက်သည်အထိ တသိမ့်သိမ့်ရယ်မြူးပြီး ....

A Soap Bubble (Complete)Where stories live. Discover now