Unicode
∞
တစ်ညလုံးနီးပါး မျက်ရည်ကြည်တို့စိမ့်ထွက်ခဲ့ရတဲ့ ထယ်ယောင်းရဲ့မျက်ရိုးလေးတွေဟာ တဆစ်ဆစ်ကိုက်ခဲခြင်းကိုသည်းမခံနိုင်တော့သည့်နှယ် ပွင့်ချည်၊ ပိတ်ချည်ဖြစ်ရင်း နီမြန်းမို့အစ်နေတယ်။
နှစ်ကိုယ်တူ အိပ်ရာထဲလူးလှိမ့်ပြီး မနက်ရောက်မှ ဘယ်ကမ္ဘာကိုပျောက်သွားမှန်းမသိတဲ့ ရည်းစားလေးရဲ့နာမည်ကိုအော်ခေါ်ဖို့လုပ်ပေမဲ့ စပ်ဖျင်းနာကျင်နေတဲ့အသံအိုးကြောင့် စားပွဲခုံပေါ်မှာ သူအသင့်တင်ပေးသွားပုံပေါ်တဲ့ရေတစ်ဖန်ခွက်ကိုသာ မမှီမကန်းလှမ်းယူကာ မော့သောက်လိုက်ရတယ်။
ခဏတာပြန်မှေးပြီးနောက် မူးမိုက်နေခြင်းတွေကွယ်ပျောက်လုလုဖြစ်သွားခိုက် စိုထိုင်းစအချို့ကပ်တွယ်သွန်းခိုနေတဲ့မျက်တောင်စိတ်တွေကို တယိမ်းယိမ်းနဲ့ ပေကလတ်ပေကလတ်လုပ်လို့ အရင်နေ့တွေကနဲ့မတူစွာ အတော်လေးသန့်ရှင်းနေတဲ့ကိုယ့်အခန်းကိုယ် နားဝေတိမ်တောင်ငေးကြည့်မိသွားရတယ်။
နေရာအနှံ့ ကွက်ကြားမိုးရွာသလိုကြဲပြန့်နေတဲ့ အဝတ်အစားတွေရှိမနေတော့တဲ့အပြင် မျက်စိပဒေသာဖြစ်စရာကောင်းလောက်အောင်ရှင်းလင်းနေပါသော အိပ်ခန်းငယ်လေး။
အိမ်ပြောင်းလာကာစအချိန်နဲ့ တစ်ခါတစ်လေ အလုပ်နားရက်ဖြစ်လို့ စိတ်ရူးပေါက်ပြီးအိမ်ရှင်းမိချိန်တွေမှအပ အတော်လေးမြင်ရခဲတဲ့မြင်ကွင်းက အချစ်ဦးကောင်လေး ထယ်ယောင်းဘဝထဲပြန်လည်ဝင်ရောက်လာတဲ့အချိန်ခဏလေးအတွင်းမှာ ဖြစ်တည်ခဲ့ပါသတဲ့။
နှုတ်ခမ်းပါးထွေးထွေးလေး မြေ့ခနဲပြုံးယောင်သန်းသွားရသော်ငြား သူ့ရဲ့ကိုက်ဖဲ့ခြင်းကြောင့် ပေါက်ပြဲသွားရတဲ့နှုတ်ခမ်းထောင့်စွန်းလေးကတော့ ထယ်ယောင်းရဲ့ရယ်မြူးမှုတွေကို အချိန်ခဏတာဖြစ်ဖြစ် အနားယူဖို့အတွက်အကြံပြုပေးနေပါတယ်။
"ဂျောင်ကုလေး .. မင်းအရှေ့မှာရှိနေတာလား .."
အက်ကွဲကွဲအသံလှိုင်းကိုအသုံးချပြီးအော်ပစ်လိုက်ပေမဲ့ ကိုယ်တော်ချောကတော့ဖြင့် အရိပ်အယောင်လေးတောင်လာပြဖို့အစီအစဉ်ရှိပုံမပေါ်ပါချေ။
![](https://img.wattpad.com/cover/362911687-288-k887242.jpg)
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..