Unicode
သူပေးတဲ့ပန်း
ကျောပြင်ပေါ်ကနေလျှောကျလာတော့မဲ့ကိုယ်နွေးနွေးလေးကို နေသားတကျဖြစ်အောင် ပြန်လည်ပင့်တင်လိုက်ပြီး ခြံတံခါးဝရှေ့မှာပိတ်ရပ်ကာ သူနဲ့ထယ်ယောင်းကိုစူးစမ်းကြည့်နေကြသော ခပ်စိမ်းစိမ်းမျက်နှာသုံးခုအလယ် သူနေရခက်နေမိတယ်။
"ထယ်ထယ်က .. ဘယ်လိုဖြစ်ပြီး .."
ထယ်ယောင်းရဲ့ညီဖြစ်ပုံပေါ်မဲ့ကောင်လေးဟာ စစ်ဆေးရေးဂိတ်က အင်းခွေးတစ်ကောင်လိုမျိုး တလက်လက်တောက်နေတဲ့မျက်ဝန်းလေးတွေနဲ့ သူ့ကျောပြင်ထက်မှာ မူးမှောက်အိပ်ပျော်နေတဲ့ထယ်ယောင်းကိုကြည့်ပြီးမေးလာတယ်။
"မင် .. မင်္ဂလာပါဗျ .. ဟိုဟာ .. ကျွန်တော်က ဂျောင်ကုပါ .. ဟိုဟာလေ .. ကျောချင်းကပ်အိမ်မှာနေပါတယ်။ ထယ်ယောင်းက မူးနေတယ်ဆိုပြီး သူ့သူငယ်ချင်းတွေဖုန်းဆက်ခေါ်လို့ .. အဲဒါ .. အိမ်ပြန်လိုက်ပို့ပေးတာပါ .."
"အာ .. အိမ်ကနေထွက်ပြေးသွားတယ်ဆိုတဲ့ ကလေးလေးလား .."
ထယ်ယောင်းမာမားရဲ့ပြုံးချိုချိုမျက်နှာထားလေးနဲ့ မေးလာပါသောအမေးစကားတစ်ခွန်းကြောင့် သူ့နားသယ်စပ်ဖျားကလေးတွေ စွတ်ခနဲနီမြန်းရဲထွေးကုန်တယ်။
"ဟုတ် .."
ကြီးကောင်ကြီးမားကြီးရောက်မှ အိမ်ပြေးလုပ်မိတဲ့ ဂျောင်ကုရဲ့အကြောင်းဟာ ရပ်ကွက်တစ်ခွင်မှာ ဟိုးလေးတကြော်ကြော်နိုင်စွာ နာမည်ကြီးသွားခဲ့တဲ့အပြင် ရည်းစားဦးလေးရဲ့အမေကပါ သူ့ကိုကလေးတစ်ယောက်လိုမျိုး စနောက်ချင်သယောင်ပြုမူလာတာမို့ သူ့မှာ မျက်နှာမထားတတ်အောင်ပင် ရှက်ရွံ့နေခဲ့ရပါတော့တယ်။
"လာလေသား .. ထယ်ထယ့်ခန္ဓာကိုယ်ကြီးကို သယ်လာရတာ မောနေမှာပေါ့ .. အိမ်ထဲဝင်ဦး .."
"ဟုတ်ကဲ့ပါဗျ .."
ထယ်ယောင်းပါပါးရဲ့ ငြင်သာသာခွင့်ပြုမိန့်တစ်ခုနောက်မှာ အဖြူရောင်သုတ်ဆေးတွေနဲ့ခြယ်လှယ်၀န်းရံထားတဲ့ သစ်သားခြံစည်းရိုးလေးကို ကျော်လွှားလို့ ထယ်ယောင်းရဲ့နှလုံးသားမှတစ်ဆင့် ဘဝထဲအထိပါတိုးဝင်နိုင်ဖို့အတွက် သူကြိုးစားလိုက်မိတယ်။
![](https://img.wattpad.com/cover/362911687-288-k887242.jpg)
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..