အပိုင်း - ၄

2.3K 303 38
                                    

Unicode

မင်းသားလေးရဲ့စနိုးဝှိုက်

"ဟာ .. ဘာလဲ .. မလုပ်ဘူး .. မလုပ်ချင်ပါဘူးဆို"

သရုပ်ဆောင်ရွေးခန်းရဲ့ချောင်ကလေးနားမှာ ဖားပျံတစ်ကောင်လိုကပ်တွယ်ကာ နားတွေအတင်းအကြပ်ပိတ်ပြီး ခေါင်းခါရင်းငြင်းဆန်နေတဲ့ထယ်ယောင်းကို ကျောင်းကောင်စီအဖွဲ့က စီနီယာတွေအပြင် စနိုးဝှိုက်ပြဇာတ်ရဲ့အရံဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်ရမဲ့ သူငယ်ချင်းသုံးယောက်ပါ အတင်းဆွဲထုတ်နေကြတယ်။

"ကူညီပါ ထယ်ယောင်းရာ .. ဒါက ဆေးတွေကို တစ်ချက်တည်းနဲ့ရိုက်ချနိုင်မဲ့အခွင့်အရေးလေ .."

ကောင်စီဥက္ကဌရဲ့ တောင်းပန်ခယနေတဲ့စကားလုံးတွေကိုလည်း နားမယောင်နိုင်တော့။

ထယ်ယောင်းဟာ အမြဲတစေဗရုတ်ကျနေတဲ့ ကျောင်းရဲ့လွှင့်ပစ်ချင်စရာဒုက္ခအိုးလေးဆိုတာမှန်ပေမဲ့လည်း ဘယ့်နှယ်ကြောင့် ယော်ကျားကြီးတစ်ယောက်ကို စနိုးဝှိုက်နေရာမှာ ....

ထယ်ယောင်းရဲ့ပါးပြင်မို့မို့လေးနှစ်ဖက်လုံးထက်မှာ ရှက်ရွံ့ဒေါသတွေကြောင့် တရှိန်းရှိန်းပူပြင်းရဲတက်နေတယ်။

မလုပ်ဘူး .. သေတောင်မလုပ်ဘူး ..

သူက ဂျွန်ဂျောင်ကုကို ကြိုက်နေတယ်ဆိုတာမှန်ပေမဲ့လည်း မိန်းမတစ်ယောက်လို ၀တ်စားချင်နေတာမျိုးလည်းမဟုတ်ပေ။

အမှန်အတိုင်းဆိုရရင် ဖုံးကွယ်ဖို့ရာခက်ခဲတဲ့ နှလုံးသားထဲက ထူးဆန်းပွေလီနေသောရှုပ်ထွေးခြင်းတွေတည်ရှိပြန်တာမို့ ဒီကိစ္စရပ်ကြီးဟာ ထယ်ယောင်းကိုအိုးမလုံအုံပွင့်စေသည့်နည်းတူပင် ထယ်ယောင်းရဲ့ယော်ကျားမာနကိုလည်း မသိမသာလေးလာပုတ်သလို ဖြစ်နေလေပါတော့တယ်။

"စနိုးဝှိုက်နေရာမှာ ယော်ကျားလေးတစ်ယောက်ကိုထည့်ပြီး ဆေးတွေ မရှူနိုင်မကယ်နိုင်ဖြစ်အောင် ရိုက်ချချင်တယ်ဆိုရင် ဥက္ကဌဘာသာ စနိုးဝှိုက်လုပ်ပါလား .. ဥက္ကဌလည်း ‌ယော်ကျားပဲကို .."

စိတ်တိုမကျေနပ်ဖြစ်စွာ ဒုတ်ထိုးအိုးပေါက်ပြောချပစ်တော့ အရပ် (၆) ပေကျော်တဲ့ စနိုးဝှိုက်စံကာတင်ကောင်စီဥက္ကဌရဲ့မျက်နှာကြီးတစ်ခုလုံး မဲ့ရွဲ့သွားတယ်။

A Soap Bubble (Complete)Where stories live. Discover now