Unicode
Let me be your UMBRELLA
အလုပ်ပိတ်ရက်ရဲ့မနက်ခင်းတွေက အလွန်တရာကိုမှ ကြည်လင်သာယာတယ်ဆိုတာကို တစ်ခြားလူတွေပြောကြတုန်းက 'သာမန်ပါပဲကွာ' လို့ထင်ခဲ့မိသမျှဟာ အခုအချိန် ကိုယ်ကိုယ်တိုင်သေအောင်ပေါင်းလဲအလုပ်တွေလုပ်ရတဲ့အခါကျမှ 'မှန်လှချည်လား' ဆိုတဲ့ အဖြစ်ကိုရောက်ရှိကုန်တော့တာပါပဲ။
"တစ်လမှာ (၂၉) ရက်လောက်အိပ်ရပြီး တစ်ရက်ပဲအလုပ်လုပ်ရရင်ကောင်းမယ် .."
ယခုထက်တိုင်း ကုတင်ပေါ်ကနေမထရသေးဘဲ တစ်ယောက်တည်းပျင်းကြောတွေဆန့်နေရင်း နမ်ချွန်းမှာသာဆို 'မာမားရဲ့ဆူညံတွေကိုညံစီနေအောင်ကြားရမှာပဲ' ဆိုပြီးတွေးမိပြန်တော့လည်း အကွာအဝေးတစ်ခုခြားနေတဲ့ မိသားစုကြားက နွေးထွေးမှုလေးတွေကို တောင့်တလာရပြန်ပါတယ်။
ထယ်ယောင်းလက်ရှိနေနေတဲ့တိုက်ခန်းငယ်လေးက အတန်အသင့်ကျယ်ဝန်းတာမှန်ပေမဲ့လည်း စကားပြောဖော်ပျောက်ဆုံးနေလေတော့ တိတ်ဆိတ်ခြောက်ကပ်ခြင်းတွေနဲ့အတူ ဆိတ်ငြိမ်ခြင်းတို့ပြည့်နှက်နေတဲ့ရပ်ဝန်းတစ်ခုဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတော့တယ်။
အဲဒါကြောင့် လူဆိုတာ အလုပ်လေးတစ်ခုခုရှိမှဖြစ်မယ်လို့ပြောကြတာ။
အလုပ်မရှိတော့ တွေးချင်ရာတွေး၊ ငေးချင်ရာငေးပြီး တော်ရုံတန်ရုံဝင်လာဖို့လမ်းစတောင်ရှာမရပါသောအထီးကျန်ဆန်ခြင်းတွေကိုလည်း အပေါင်းအပါအဖြစ်မှတ်ထင်ကာ ခေါ်ဆောင်လာမိတယ်မဟုတ်ပါလားလေ။
"မဖြစ်ဘူး .. ဂျောင်ကုမျက်နှာလေးကို တစ်ချက်လောက်သွားကြည့်မှဖြစ်တော့မယ် .."
ဘယ်လောက်အိပ်အိပ် ငိုက်မြည်းနေဆဲဖြစ်တဲ့မျက်ခွံကန့်လန့်ကာကို ပြုတ်ကျမလာအောင် လှန်တင်လိုက်ကာ ရေချိုးခန်းဘေစင်မှာ မျက်နှာသစ်၊ သွားတိုက်လုပ်နေရင်း သံယောဇဉ်အမျှင်တန်းမပြတ်နိုင်စွာပင် အချစ်ဦးကောင်လေးဆီ မက်ဆေ့ဂ်ျပို့နေမိခြင်းကိုလည်း ရပ်တန့်လို့မရနိုင်ခဲ့ပါပေ။
'မောနင်းဂျောင်ကုလေး ..'
'အင်း .. မောနင်းဆိုပေမဲ့ အခုက နေ့လယ်ရောက်နေပြီ ..'

YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..