Unicode
လက်ထပ်ခြင်းကင်းသောရပ်၀န်း
ပြင်းရှလွန်းတဲ့စိုးရိမ်စိတ်တို့ ရောနှောပေါင်းစပ်နေတဲ့ပူပင်သောကဟာ ထယ်ယောင်းရဲ့ခြေလှမ်းတွေကို အလွန်တရာသွက်လက်မြန်ဆန်သောနှုန်းထားဖြင့် ဘဝမှာတစ်ကြိမ်တစ်ခါမှရောက်မလာဖူးတဲ့မြို့နယ်ရဲစခန်းထဲ ၀င်ရောက်ဖို့အတွက် တွန်းပို့ပေးနေပါတယ်။
မောဟိုက်စွာပင် အသက်တစ်ချက်ရှိုက်ပြီး ပျားပတ်ခတ်တမျှရှုပ်ထွေးနေတဲ့လူအုပ်ကြီးဆီဝေ့ကြည့်တော့ မျက်နှာချောချောထက် ဒဏ်ရာဒဏ်ချက်အနည်းအကျဉ်းရှိတဲ့ကောင်ငယ်လေးက ဆူပုတ်ပုတ်မျက်နှာပေးနဲ့ စုံထောက်တစ်ယောက်ရှေ့မှာထိုင်နေပြီး ထယ်ယောင်းကိုမြင်ချိန် မျက်ဝန်းဝိုင်းဝိုင်းလေးတွေ လက်ခနဲတောက်ပသွားတယ်။
"ထယ်ထယ် .."
အော်သံကြီးကြောင့် ဘေးနားကလူတိုင်းရဲ့အကြည့်တွေကိုလက်ခံလိုက်ရတယ်။
ငဂျစ်ကောင်ဟာ အော်ဟစ်နေရုံတင်အားမရဘဲ သူ့ဘေးနားကသူငယ်ချင်းဖြစ်သူကို တံတောင်နဲ့တွန်းကာ 'တွေ့လား .. ထယ်ထယ်သေချာပေါက်လာမှာလို့ ငါပြောသားပဲ' ဆိုပြီး မဏပ်တိုင်တက်ပြနေပြန်ပါသေးတယ်။
"ထယ်ထယ် .. သားနာတယ် .. အဟင့် .."
အနားရောက်သွားတာနဲ့တစ်ပြိုင်နက် ထယ်ယောင်းမျက်ဝန်းထဲက ဆူပူချင်တဲ့အရိပ်အယောင်တွေကိုတွေ့သွားပုံရပြီး ဖွေးထွေးထွေးမျက်နှာလေးထက် အနည်းငယ်ခရမ်းရောင်သန်းနေတဲ့ တစ်ခုတည်းသောဒဏ်ရာပေါ် လက်ဖဝါးလေးတင်ရင်း ချွဲနွဲ့တယ်။
"နာမှာပေါ့ .. အထိုးခံထားရတာကို .. ဒီလောက်လေးပဲခံရတာမဟုတ်လား .. တစ်ခြားနာနေသေးတဲ့နေရာရှိသေးလား .."
"ဟင့်အင်း .."
ခေါင်းအသာခါပြလာပါမှ စိုးရိမ်စိတ်တို့ငြိမ်းသက်သွားရသည့်နည်းတူ ငဂျစ်ကောင်ရဲ့ဘေးနားမှာ ကုပ်ကုပ်လေးထိုင်နေတဲ့ကောင်လေးကိုလည်း မေးမြန်းလိုက်မိတယ်။
"ဂျောင်ဝန်းလေးရဲ့သူငယ်ချင်းထင်တယ် .. မင်းရော .. ဘယ်နားထိသွားသေးလဲ .."
တစ်ကြိမ်တစ်ခါမှမတွေ့ဖူးတဲ့ လူစိမ်းဖြစ်နေတာကြောင့်လား ဒါမှမဟုတ် ရဲစခန်းရောက်တဲ့အထိ ပြသနာရှာခဲ့ပြီးမှ ရှက်ရွံ့စိတ်လေးတွေဝင်လာလို့လားမသိ .. ထယ်ယောင်းရဲ့အမေးကို နှုတ်ဖျားကနေစကားသံထွက်အောင်မဖြေဘဲ ခေါင်းသာခါပြတယ်။
YOU ARE READING
A Soap Bubble (Complete)
Fanfictieဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..