အပိုင်း - ၁၆

2.6K 310 78
                                    

Unicode

အနာဂတ်ရဲ့သက်ဆိုင်သူ

အအေးဆိုင်လေးအတွင်းမှာ Bee Gees ရဲ့ How deep is your love သီချင်းနဲ့အတူ တဒက်ဒက်မြည်နေတဲ့ပန်ကာလေရဲ့အအေးဓာတ်က ပျံ့နှံ့ရောထွေးနေသလိုပင် ထယ်ယောင်းတို့သူငယ်ချင်းအုပ်စုရဲ့ရယ်သံတွေကလည်း ဟိန်းထွက်လို့နေပါတယ်။

"အဲဒီတော့ ဂျယ်ဂျူဒို လိမ္မော်ခြံထဲက အလုပ်သမားကောင်မလေးက ဒီကောင့်ကိုလိမ္မော်သီးတွေနဲ့ ပစ်လွှတ်လိုက်တယ်ပေါ့ .."

သောက်လက်စလိမ္မော်ရည်တွေတောင် ပါးစပ်ကနေပြန်လျှံကျသည်အထိ ရယ်မြူးရင်းပြောတော့ ဖွန်ကြောင်ဂျင်ဝန်းဟာ ရှုံ့မဲ့နေတဲ့မျက်နှာကြီးနဲ့ ထယ်ယောင်းကိုလာထုတယ်။

နာသွားသော်ငြားလည်း အူလှိမ့်မတက်ရယ်နေရမိတာမို့ ကလဲ့စားချေတဲ့အနေနဲ့ပြန်မထုနိုင်သေး။

"အေး .. ပစ်လည်းပစ်ချင်စရာလေ။ ဖွန်ကြောင်တာတောင်လူလိုမကြောင်ဘူး .. ဘာတဲ့ .. 'ညီမလေး ကျွန်တော့်ကိုကြိုက်ရင် လိမ္မော်တစ်ခြင်းအိမ်ပြန်လက်ဆောင်ပေးပါလား' ဆိုတာကပါသေးတယ်။ ငါသာဆို လိမ္မော်သီးနဲ့ပစ်ရုံတင်မဟုတ်ဘဲ လိမ္မော်သီးခူးတဲ့ကတ်ကြေးနဲ့ပါ ကောက်ထိုးပစ်မှာ .."

ဂျူဝန်းရဲ့အငေါ့အတူးဆန်လွန်းတဲ့စကားကြောင့် နိုယွန်းတစ်ယောက် မျက်ရည်တွေတောင်ထွက်ကျနေချေပြီ။

"ခွေးကောင်တွေ .. ခရီးထွက်ပြီး တော်တော်ပျော်လာကြတယ်ပေါ့ဟုတ်လား .. ဘာလက်ဆောင်တွေပါလဲ .. အခုထုတ်ပေးစမ်း .."

မေးဖျားလေးကိုမော့ချီလို့ ဆရာကြီးစတိုင်လ်နဲ့လက်ဖဝါးဖြန့်တောင်းတဲ့အခါ သူငယ်ချင်းသုံးယောက်လုံးရဲ့မျက်နှာတွေပြီတီတီဖြစ်ကုန်ပြီး ....

"ဂျယ်ဂျုဒိုဆိုတော့ သိတဲ့အတိုင်း လိမ္မော်သီးတွေပေါ့ကွာ .. မင်းအိမ်ကိုနောက်မှ ခြင်းလိုက်လာပို့ပေးမယ် .."

"ငါကတော့ အီဆန်လ်က အဘွားသိပ်ထားတဲ့ကင်မ်ချီ .."

ခပ်တိုးတိုးကျိန်ဆဲချိန် ခွေးကောင်တွေဟာ မအီမလည်ဖြစ်သွားတဲ့ထယ်ယောင်းရဲ့မျက်နှာလေးကိုကြည့်လို့ တသိမ့်သိမ့်ထိုင်ရယ်နေကြတော့တယ်။

A Soap Bubble (Complete)Where stories live. Discover now