အပိုင်း - ၃၁

2K 281 70
                                    

Unicode

ရည်းစားဟောင်းဆီက ရည်းစားဟောင်းပြန်လိုက်နည်း

ချောင်းအန်းဆေးရုံရဲ့၀င်ပေါက်နံပါတ် (၃) ရှေ့မှာ ပန်း၀တ်ရည်အနား တဝီဝီဝဲနေတတ်တဲ့ ပျားကောင်လေးတွေလိုယောင်လည်လည်လုပ်ရင်း ခါတိုင်းဆေးခန်းလာချိန်ထက် နာရီ၀က်ပိုစောကာ အချစ်ဦးကောင်လေးကို မြှူစွယ်ဖို့အတွက် စောင့်ဆိုင်းနေမိတယ်။

တစ်ပါတ်တာဆိုတဲ့အချိန်ကာလအတွင်း မသေချာတဲ့ရည်းစားဟောင်းပြန်လိုက်နည်းတွေထုတ်မသုံးသေးဘဲ သူရှိရာ အစာအိမ်နဲ့အူလမ်းကြောင်းဌာနဆီချောင်းပေါက်မတတ်သွားပြီး reception က သူနာပြုတွေ၊ လက်ထောက်ဆရာ၀န်တွေ၊ အလုပ်သင်တွေအတွက် ဆေးရုံကဖေးက ကော်ဖီကလေးတွေကိုပို့ဆောင်လို့ အချစ်ဦးကောင်လေးအကြောင်း စပ်မိစပ်ရာစကားနှိုက်ခဲ့မိတယ်။

သေချာပေါက် ဆရာ၊ ဆရာမတွေတိုင်းကတော့ 'ပြင်ပကလက်ဆောင်တွေကို လက်ခံလို့မရပါဘူး' ဆိုပြီး အကြိမ်ကြိမ်အခါခါငြင်းဆန်နေပေမဲ့လည်း ပင်ပန်းနေတဲ့အချိန် လက်ဖဝါးထဲအသင့်ရောက်လာတဲ့မွေးပျံ့လွန်းပါသော ကော်ဖီတွေရဲ့အနွေးဓာတ်ကိုတော့ ဘယ်သူကများငြင်းပယ်နိုင်မလဲလေ။

တစ်ကယ်ဆို ဆေးရုံတစ်ခုလုံးမှာရှိတဲ့လူတိုင်းကို ၀ယ်တိုက်ချင်ပေမဲ့လည်း ထယ်ယောင်းက အဲဒီလောက်အထိဘောစိဟုတ်မနေတာမို့ ရည်းစားဟောင်းတစ်ဖြစ်လည်း၊ လက်ရှိမှာတော်ရတော့မဲ့ အနာဂတ်ရည်းစားလောင်းလေးရဲ့ဌာနအတွက်သာ ၀ယ်တိုက်နိုင်ခဲ့ရပါတယ်။

"ဆရာဂျွန်ဂျောင်ကုက အနေသိပ်အေးတာ .. အနေအေးတယ်ဆိုပြီး တသီးတသန့်ကွဲထွက်နေတာမျိုးလည်းမဟုတ်ဘူး။ သူ့ပုံစံနဲ့သူ စတိုင်လ်ကျ‌နေတတ်တဲ့ပုံစံပေါ့။ ချစ်သူရည်းစားကိစ္စတွေကိုလည်း ဘာမှသိပ်မပြောဘူး .. တစ်ကယ်ဆို ကျွန်မတို့က အဲဒီအကြောင်းကိုသိချင်နေတာ။ ပြီးတော့ .. ဆေးရုံကိုလာတိုင်း ၀င်ပေါက် (၃) ကနေပဲ အမြဲလာတတ်တယ် .. သူ့အိမ်နဲ့နီးလို့လား ဘာလို့လဲတော့ ကျွန်မတို့လည်းမသိဘူးရယ် .."

သတင်းပေးတွေကတော့ ထယ်ယောင်းရဲ့အမေးစကားတွေကို တတ်နိုင်သလောက်ဖြေဆိုပေးရှာပါတယ်။

A Soap Bubble (Complete)Where stories live. Discover now