Unicode
တိမ်တိုက်ညိုဝေ မျက်ရည်စွေ
"ငါသေသွားရင်တောင် ဒါကြီးကိုမတပ်ဘူးနော် .. ဖယ်စမ်း
.. အခုချက်ချင်းဖယ်ပေးစမ်း .."ထယ်ယောင်းရဲ့မျက်နှာကလေးဟာ ဖျစ်ညှစ်ခြင်းမခံရပါဘဲ ရဲတက်သွားရပေမဲ့ ခွေးသူတောင်းစားသူငယ်ချင်းတစ်အုပ်ကတော့ ဘီးကုပ်နီနီကြီးကိုပန်ဆင်ထားပါသော ထယ်ယောင်းကိုကြည့်ရင်း ကြမ်းပြင်ပေါ်လူးလှိမ့်လို့ တခစ်ခစ်ရယ်မြူးနေကြပါတယ်။
"မတပ်လို့ ဘယ်ရမလဲကွ .. ဒီဘီးကုပ်ပါမှ မင်းကိုစနိုးဝှိုက်မှန်း လူတွေသိကြမှာပေါ့ .."
နိုယွန်းဟာ အရယ်လွန်ခြင်းကြောင့် မျက်ဝန်းထောင့်စွန်းကနေစီးပြိုကျလာသော မျက်ရည်တွေကို လက်ချောင်းကလေးနဲ့ဖိသုတ်ရင်း မျက်နှာပိုးမသတ်ဘဲ တရားချတယ်။
သူငယ်ချင်းသုံးယောက်အပြင် ပြဇာတ်မှာအတူတူပါ၀င်အားဖြည့်ကြမဲ့ ဆက်တင်အဖွဲ့၊ ဒီဇိုင်နာအဖွဲ့က ကျောင်းတူသူငယ်ချင်းတွေသာမက ဆေးဘက်ကကောင်တွေဟာလည်း ရုပ်ပျက်ဆင်းပျက်မဟုတ်သော်ငြား ပြီတီတီမျက်နှာထားများဖြင့်သာ ထယ်ယောင်းရဲ့ဖြစ်အင်ကိုကြည့်လို့ ကြိတ်ရယ်နေကြပါတယ်။
"သောက်ရမ်းရုပ်ပေါက်တယ်လို့ ခွေးကောင်တွေရ .. စနိုးဝှိုက် ယော်ကျားဗားရှင်းမရှိဘူးလား .."
"အခုလက်ရှိမှာတော့ စနိုးဝှိုက်အထီးဆိုလို့ မင်းပဲရှိတယ် .."
ဂျင်ဝန်းကို ပေစောင်စောင်ကြည့်လိုက်တော့ သကောင့်သားက မျက်ဆံနှစ်ခုကိုထောင့်ကပ်လို့ လျှာထုတ်ပြောင်ပြတယ်။ ဖင်ကိုတစ်ချက်စောင့်ကန်ပစ်တော့ ထယ်ယောင်းရဲ့ခေါင်းကို သူ့လက်ဆစ်ကြီးနဲ့ ခွက်ခနဲပြန်ခေါက်တယ်။
အချင်းချင်းထုရိုက်သတ်နေကြတုန်း ဘေးဘက်နားမှာ ပွဲထိုင်ကြည့်နေကြတဲ့ နိုယွန်းနဲ့ဂျူ၀န်းဆီက စကားပြောသံအချို့ထွက်ပေါ်လာတယ်။
"သူတို့နှစ်ကောင်ထဲက တစ်ကောင်ကောင် အမြန်သေသွားကြရင်ကောင်းမယ်။ ဒါမှ မျက်စိနောက်သက်သာပြီး နှစ်ပါတ်လည်နေ့တွေဆို မုန့်စားလို့ရမှာ .."
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..